Wednesday, October 30, 2013

အမြန်လမ်းမကြီး ပြွန်ပေါက်အတွင်း တွေ့ရှိရသည့် အမျိုးသမီးအလောင်းနှင့် ပတ်သတ်၍ ရဲစခန်းအသီးသီးသို့ အကူအညီတောင်းခံ

Posted by drmyochit Wednesday, October 30, 2013, under | No comments

ဖြူး  အောက်တိုဘာ  ၂၈

ဖြူးမြို့နယ်  ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၁၁၉/ ၄) နှင့် (၁၁၉/၅) အကြားြ>ွပန်ပေါက် အမှတ် (၁၂ဝ/၂)  အတွင်းဒဏ်ရာ များနှင့် ပုပ်ပွနေသည့် အမျိုးသမီး အလောင်းနှင့်ပတ်သက်၍ အမှုမှန် ဖော်ထုတ်နိုင်ရေးအတွက် ဖြူးအမြန် လမ်းရဲစခန်းက  အောက်တိုဘာ ၂၁ ရက်တွင် ရဲစခန်းများသို့ ကူညီစုံစမ်း ပေးနိုင်ရန်   အကြောင်းကြားထား ကြောင်း သိရသည်။

အမှုမှာ အောက်တိုဘာ ၁၈ ရက် နံနက် ၈ နာရီခွဲခန့်က အထက် ဖော်ပြပါနေရာတွင်   ပုပ်ပွနေသော အမျိုးသမီးတစ်ဦး၏  အလောင်းကို တွေ့ရှိရကြောင်းသတင်းအရ   ဖြူး အမြန်လမ်းရဲစခန်းက  တာဝန်ယူ၍ ဒုရဲအုပ်ဝင်းနိုင် ဦးစီးရဲတပ်ဖွဲ့ဝင်များက အသိသက်သေများနှင့်အတူ   သွား ရောက်စစ်ဆေးခဲ့ရာ အမည်၊ နေရပ် မသိရသော ပုပ်ပွနေသည့် အမျိုးသမီး အလောင်းကို    ရင်ညွန့်ထိုးသွင်း ဒဏ်ရာတစ်ချက်၊     ဝဲလက်မောင်း ထိုးသွင်းဒဏ်ရာ   တစ်ချက်တို့ဖြင့် သေဆုံးနေ ကြောင်းတွေ့ရပြီး  လက် ချောင်း၊ ခြေချောင်းများမှာ ပျက်စီးနေ သည်ကို တွေ့ရသည်။

သေဆုံးသူ အမျိုးသမီးမှာ အရပ် ၅ ပေ ၃ လက်မခန့်၊ ဆံပင်နက်ပြီး ကျောအထိရှည်လျား၍ နီညိုရောင် အမျိုးသမီးရုပ်ပုံပါ   တီရှပ်အင်္ကျီ ဝတ်ဆင်ထားသည်။   နီညိုရောင်ဆွယ် တာ၊ ဒူးကပ်ဘောင်းဘီ ဝတ်ဆင်ထား ပြီး အခင်းဖြစ်နေရာဝန်းကျင်မှ မိန်းမ စီးအနက်ရောင် ကတ္တီပါဖိနပ်တစ်ရန် ကိုတွေ့ရှိခဲ့၍ ဖြူးအမြန်လမ်းရဲစခန်း က  အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက် ရှိပြီး    မြို့နယ်များရှိ ရဲစခန်းအလိုက် လူပျောက်ဆုံးမှု  ရှိ မရှိ  ကူညီစုံစမ်း ပေးနိုင်ရန်     သတင်းဖြန့်ဝေထား ကြောင်း သိရသည်။

ဖြိုးလွင်အောင်(ရေတာရှည်)
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း

Tuesday, October 29, 2013

ကမ္ဘာ့အရပ် အရှည်ဆုံး လူသား တူရကီတွင် လက်ထပ်ပွဲ ကျင်းပ

Posted by drmyochit Tuesday, October 29, 2013, under | No comments


ကမ္ဘာ့အရပ်အရည်ဆုံးလူသားအဖြစ် Guinness World Record စာအုပ်တွင်မှတ်တမ်းတင်ခြင်း ခံထားရသူ ဆူလ်တန်ကိုဆန်သည် ဆီရီးယားသူတစ်ဦးနှင့် တူရကီတွင် အောက်တိုဘာ၂၇ရက်ကလက်ထပ်ပွဲ ကျင်းပ ခဲ့သည်။

သတို့သားဖြစ်သူဆူလ်တန်အသက်၃၁နှစ်၏လက်ရှိအရပ်မှာရှစ်ပေသုံးလက်ခန့်ရှိပြီးသူ၏မဟေသီဖြစ်သူမာဝီဒီဘိုအသက်၂၀နှစ်၏အရပ်မှာ ၅ပေ ၉ လက်မရှိသည်။

လက်ထပ်ပွဲကို ဆူတန်၏ မွေးရပ်မြေဖြစ်သော တူရကီအရှေ့တောင်ပိုင်း မာဒင်ပြည်နယ်တွင် ကျင်းပခဲ့ သည်။ ဆူလ်တန်က သူသည် ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံးလူသား ဖြစ်ခဲ့ပြီဟု မင်္ဂလာအခမ်းအနားတွင် ပြောကြား ခဲ့ပြီး ဆီးရီးယားနိုင်ငံ ဟာဆာကာမြို့သူ မာဝီက ယခုပျော်ရွှင်မှုသည် သက်ဆုံးတိုင် တည်မြဲ လိမ့်မည် ဟု ယုံကြည်ကြောင်း ဆိုသည်။

ဆူလ်တန်သည် ၂၀၀၉ခုနှစ် စက်တင်ဘာလက Guinness Book Record တွင် ကမ္ဘာ့အရပ်အရှည်ဆုံး လူသား အဖြစ် စံချိန်တင် မှတ်တမ်းဝင်စဉ်က သူ၏ အရပ်မှာ ၈ ပေ ၁ လက်မကျော်သာ ရှိခဲ့သည်။ အမေရိ ကန် ဆရာ ၀န်များက သူ၏ အရပ်ထိုသို့ ထိုးထွက်လာခြင်းသည် သူ၏ခန္ဓာကိုယ်တွင်းမှ ဂလင်း အကြိတ် များ မူမမှန်ခြင်းကြောင့် ဖြစ်သည်ဟု အဖြေထုတ်ထားသည်။

၂၀၁၀ခုနှစ် သြဂုတ်လက ဗာဂျီးနီးယားပြည်နယ်တွင် အမေရိကန် ဆရာဝန်များက Gamma Knife ဟု အ မည်ပေး ထားသော ဂါမာရောင်ခြည်ကုထုံးဖြင့် ဆူလ်တန်ကိုကုသပေးခဲ့ကြသည်။

သို့သော် ပြီးခဲ့သောနှစ်က ဆရာဝန်များက ဆူလ်တန်၏ ကိုယ်ခန္ဓာကြီးထွားမှုသည် သက်ကြီးအရွယ် ရောက်သည် တိုင်အောင် ဆက်လက်ဖွံ့ဖြိုးနေဦးမည်ဟု ဆိုကြသည်။ လက်ရှိအချိန်တွင် ဆူလ်တန်ကို ဂျိုင်းထောက်ဖြင့် သွားလာရန် သူ၏ ဆရာဝန်များက ညွှန်ကြားထားသည်။

Ref: AFP
မြန်မာ့ခေတ်

လစ်ဗျားတွင် ဘဏ်ကား ဓားပြတိုက်ခံရမှု ဒေါ်လာ ၅၄ သန်း ဆုံးရှုံးဟုဆို

Posted by drmyochit Tuesday, October 29, 2013, under | No comments

ဘဏ်လုပ်ငန်းအတွက် အသုံးပြုနေသော ဗင်ကားသည် ပြည်တွင်းနှင့် နိုင်ငံတကာငွေကြေး စုစုပေါင်း ဒေါ်လာ (၅၄)သန်းထိ သယ်ဆောင်လာခဲ့ကြောင်း သိရသည်။

လစ်ဗျား အစိုးရ သတင်းဌာနများက လက်နက်ကိုင် လူတစ်စုက ဘဏ်ကားတစ်စင်းကို လုယက်ကာ ဒေါ်လာ (၅၄)သန်းမျှ ခိုးယူသွားကြောင်း ကြေညာခဲ့သည်။ ဘဏ်လုပ်ငန်းအတွက် အသုံးပြုနေသော ဗင်ကားသည် ပြည်တွင်းနှင့် နိုင်ငံတကာငွေကြေး စုစုပေါင်း ဒေါ်လာ (၅၄)သန်းထိ သယ်ဆောင်လာခဲ့ကြောင်း သိရသည်။ အနည်းဆုံး လူ(၁၀)ယောက်မျှရှိသည့် သေနတ်သမားများသည် လေဆိပ်မှ ဆာတီမြို့ထဲ မောင်းနှင်လာသည့် မော်တော်ကားကို တားဆီးရပ်တန့်စေကာ လုယက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ငွေကြေးများကို မိုင်(၃၀၀)မျှ ကွာဝေးသည့် မြို့တော် ထရီပိုလီမှ ယူဆောင်လာခြင်း ဖြစ်သည်။ "ဒီဓားပြတွေဟာ လစ်ဗျားတစ်နိုင်ငံလုံးမှာ ဖြစ်ပွားနေတဲ့ ကပ်ဘေးတစ်ခုလို ပြဿနာပါပဲ"ဟု ဆာတီကောင်စီ ဥက္ကဋ္ဌ အက်ဘ်ဒယ်လ်ဖာတား မိုဟာမက်က Reutersသို့ ပြောကြားခဲ့သည်။

လစ်ဗျားသည် ပြည်တွင်းစစ်ကြောင့် တရားဥပဒေ စိုးမိုးမှု မရှိသည့် အခြေအနေများ (၂၀၁၁)ခုနှစ် ကတည်းက ပေါ်ပေါက်လာခဲ့သည်။ နေရာအနှံ့တွင် သမ္မတ ဘာရှာအာဆက်ဒ်ကို တော်လှန်သည့် လက်နက်ကိုင် ပုန်ကန်မှုများကို တားဆီးထိန်းချုပ်ရန် အစိုးရ အနေဖြင့် အသည်းအသန် ရုန်းကန်နေရသည်။ တနင်္လာနေ့က ဓားပြတိုက်ခံရသည့် ဗင်ကားတွင် လက်နက်ကိုင်အစောင့် တစ်ဦးတည်းပါ လိုက်ပါခဲ့ပြီး ဓားပြ(၁၀)ဦးကို မတွန်းလှန်နိုင်ခဲ့ဟု Lana သတင်းအေဂျင်စီက ပြောကြားခဲ့သည်။ ဓားပြများသည် အမေရိကန်ဒေါ်လာ (၁၂)သန်းနှင့် လစ်ဗျားသုံး ဒိုင်နာငွေကြေး (၅၃)သန်းမျှကို ယူဆောင်သွားကြောင်းလည်း သိရှိရသည်။

From: Planet Myanmar Network

မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ

Posted by drmyochit Tuesday, October 29, 2013, under | No comments


စာဖတ်သူမမများအတွက် အားတက်စရာ အမှန်တရားလေးတစ်ရပ်ကို ဆွေးနွေး တင်ပြလိုက်ချင်ပါတယ်။

ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတတ်တဲ့ ယောက်ျား (ဝါ) လိင်တူချင်းမှ အကြိုက်ကျသူ မဟုတ်တဲ့ ယောက်ျားအများစုဟာ မိန်းမသားများရဲ့ ရုပ်ရည်ကိုသာ နှစ်သက်စွဲလန်းကြတာ မဟုတ်ဘဲ ကိုယ်ခန္ဓာကိုလည်း မက်မောတတ်ကြတဲ့ အကြောင်းပါ။ ဆိုလိုတာက ကိုယ့်ရုပ်ရည်ကိုယ် သိပ်အားမရဖြစ်နေတဲ့ မမများအနေနဲ့ ဘာမှ အားငယ်စရာ မလိုဘူးလို့ ပြောလိုက်ချင်တာပါပဲ။
ကိုယ့်ရုပ်ရည် က သိပ်အဆင်မပြေတောင် ကိုယ့်ကိုယ်ခန္ဓာက ဟိုတစ်ဖက်သားအတွက် မက်စရာ ဖြစ်နေနိုင်ပြန်သေးတယ်ဆိုတာကို နှလုံးသွင်းနိုင်မယ်ဆိုရင် အားငယ်စိတ်တွေ လျော့ပါးသွားပါလိမ့်မယ်။
သည်လို ပြောလိုက်တော့ “ဟင်… ကျွန်မ အရပ်ကလည်း ငါးပေမပြည့်၊ ကိုယ်လုံးကျတော့လည်း ခါး ရင် ၂၈၊ ခါး ၂၇၊ တင် ၂၆ ဖြစ်နေတယ်ရှင့်။ ရုပ်က မလှရတဲ့အထဲ ကိုယ်လုံးကလည်း ပုံမလာပါဘူးတော်။ အားငယ်စရာ ပိုမကောင်းပေဘူးလား”လို့ မေးလာမယ့် မမတွေလည်း ရှိနေနိုင်ပါတယ်။

ကျွန်တော် ထပ်ပြောပါ့မယ်။ အဲဒါလည်း တစ်စက်ကလေးမှ အားငယ်စရာ မလိုပါဘူးခင်ဗျား။ ယောက်ျားေ တွက ဣတ္ထိယတို့ရဲ့ ကိုယ်ခန္ဓာကို စွဲလန်း မက်မောရာမှာ ဘာကို မက်တာလဲ၊ ဘယ်နားလေးကို စွဲတာလဲဆိုတဲ့ အချက်တွေကို ကျွန်တော် တန်းစီပြီး ချပြပါရစေ။

ဟိုတစ်ယောက်တွေ့လည်း ခေါ်တော တစ်ထောင်အားနဲ့ ငေး၊ သည် တစ်ယောက် တွေ့လည်း ဂဏန်းမျက်လုံးမျိုးနဲ့ ငမ်းနေတဲ့ အစ်ကို ပုရိသများဟာ မိန်းမသားတွေရဲ့ ကိုယ်ခန္ဓာအဆက်အပေါက် အမျိုးမျိုးအမယ်မယ်ကို ဘယ်လို ရှုမြင်သုံးသပ်နေကြသလဲဆိုတာ မမတို့ သိချင်မယ် ထင်ပါတယ်။
ပြီးတော့လည်း မမတို့ စိတ်ထဲမှာ ကိုကိုတွေကဖြင့် ဟိုငါးရံ့ကိုယ်လေးကို မျက်စိကျနေပြီ၊ ဟိုအယ်စတုံကြီးကိုဖြင့် မြင်ပြင်းကပ်နေမှာ စသဖြင့် တွေးထားသမျှဟာလေ… (ဟင်း… အမှန်အတိုင်း ဖွင့်ချရရင်ပေါ့ခင်ဗျာ) တက်တက်စင်ကြီးကို လွဲလှပါသဗျ။

တကယ်တော့ဗျာ၊ ယောက်ျားတိုင်း ကြိုက်ပါတယ်၊ သဘောကျပါတယ်လို့ အပြည့်အဝ အာမခံနိုင်တဲ့ အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းကို တန်းပြောပါဆိုရင် ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး။ တင်ပါးကိုမှ အာရုံကျတတ်တဲ့ ယောက်ျား၊ ခြေသလုံးကိုမှ နှလုံးသွင်းတတ်တဲ့ ယောက်ျား၊ ရင်ကိုမှ မင်တဲ့ယောက်ျား၊ ခြေဖနောင့်ကိုမှ စောင့်ကြည့်တတ်တဲ့ယောက်ျား၊ ဆံပင်ကိုမှ ခင်တွယ်တဲ့ ယောက်ျား၊ အိုး… အစုံပါခင်ဗျ။ အဲတော့ကာ အမျိုးသမီး တစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်က ဘယ် အစိတ်အပိုင်းကိုမဆို ပြောကြည့်လိုက်စမ်းပါ။

ထပ်ပြောမယ်နော်… ဘယ်နေရာလေးကိုမဆို ပြောလိုက်စမ်းပါ။ ဆံဖျားကနေ ခြေဖျားအထိ၊ ကြိုက်တဲ့နေရာ ပြောကြည့်။ အဲ… အဲဒီ့အပိုင်းလေးကိုမှ ရွေးပြီး စုံမက်တဲ့ ယောက်ျား တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ဤမဟာဘဒ္ဒကမ္ဘာမှာ မသွေမုချ ရှိကို ရှိနေရမှာ မလွဲဧကန်ပါခင်ဗျ။
အဲ… သို့သော်လည်းတဲ့… ဘယ်ယောက်ျားဟာဖြင့် ဘယ်နေရာကိုမှ ကြိုက်တတ်ပါတယ်ဆိုတာကို ကံသေကမ္မ ဟောကိန်းထုတ်ဖို့ အင်မတိ အင်မတန် ခက်လှပြန်ပါသေးတယ်ခင်ဗျာ။ တကယ့်တကယ်ကျတော့လည်း ကျွန်တော်တို့ ယောက်ျားတွေရဲ့ အကြိုက်ကလည်း အချိန်နဲ့အမျှ ပြောင်းပြောင်း နေတတ်ပါသေးတယ်။

သည်နေရာမှာ ဥပမာအဖြစ် တခြားသူတွေ အကြောင်းမပြောဘဲ ကိုယ့်အကြောင်းကိုယ်ပဲ ပြောပါရစေ။ ကျွန်တော် လူပျိုပေါက်စ ဘဝတုန်းကဆိုရင် မိန်းမတွေရဲ့ နှုတ်ခမ်းကို အတော် စွဲလန်းခဲ့ဖူးသဗျ။ အဲ… လူပျိုပေါက်စအရွယ်ကို ကျော်လွန်ပြီး လူပျို ကောင်းကောင်းဖြစ်တဲ့အခါကျတော့ အမျိုးသမီးတွေရဲ့ ရင်တွေ၊ တင်တွေကို စိတ်ဝင်တစား ကြည့်တတ်လာပါတော့တယ်။ အဲလိုကနေ တစ်နှစ်၊ နှစ်နှစ်လောက်ကြာတော့ ခြေသလုံးတွေကို စိတ်ဝင်စားမိပြန်ပါရော လားခင်ဗျာ။ နောက်ကျတော့ ခြေဖနောင့် အိအိလေးတွေကို ကြိုက်လာပြန်ရော။ ကျွန်တော် တစ်ယောက်တည်းနော်၊ အမျိုးမျိုး ပြောင်းနေတာ။ နောက် နည်းနည်းလေး အသက် ရလာတော့ ခါးသားလေးတွေ၊ ပုခုံးသားလေးတွေ၊ လက်ပြင်နဲ့ ချိုင်းနားက အသားလေးတွေအထိတောင် ကြိုက်တတ်လာတယ်။
ကျွန်တော့်အိမ်သူကိုဆိုရင် ပေါင်းလာတာ ၂၁ နှစ်ရှိပြီ။ အပျိုတုန်းကတော့ သူလည်း ငါးရံ့ကိုယ်နဲ့ပါပဲ။ ကလေးနှစ်ယောက် မွေးပြီးတော့ သူ့ကိုယ်လုံးက ပုံပျက်သွားပြီ။

ပထမကလေးကို မွေးပြီးစတုန်းကဆို တော်တော်ကြီးကို ဝလာခဲ့ဖူးသေးတယ်။ ဒါပေမယ့် သူ့ ဝလာလို့ ကျွန်တော်ဖြင့် တစ်စက်မှ စိတ်မပျက်ခဲ့ဖူးတဲ့အပြင် ပိုတောင် သဘောကျမိသေးတယ်။ ဒါပေမယ့် မမက ကျွန်တော့်ဘာသာ ကျွန်တော် ဝါသနာဘာဂီ ဆက်တိုင်းမှီမို့ ကွယ်ရာမှာ ခြေများမိတာကိုပဲ သူ ဝလာလို့ ဖြစ်ရတယ် အထင်ရောက်ပြီး ပိန်အောင် ပြန်လုပ်ယူတယ်ခင်ဗျ။
သို့ပေမယ့် ကလေးနှစ်ယောက်အမေဟာ ဘယ်လောက် ပိန်သွားသွား အပျိုလို အချိုးအဆက်တော့ ဘယ်ရှိပါတော့မလဲ။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဘယ်အချိန်ပဲဖြစ်ဖြစ် သူ့လက်ချောင်းလေးတွေရယ်၊ သူ့ခြေသလုံးရယ်က ရင်ခုန်စရာ ကောင်းနေတတ်ပါတယ်။
သုတေသနတွေအရ ခိုင်ခိုင်မာမာ ပြောနိုင်တာတစ်ခုကတော့ တစ်ကမ္ဘာလုံးမှာ ရှိရှိသမျှ ယောက်ျားတွေအားလုံးအတွက် ဘယ်လို ပုံပန်းပဲ ပေါက်နေနေ၊ ဘယ်လို အဆက်အပေါက်မျိုးနဲ့ပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ခန္ဓာ အချိုးအစားကို ကိုယ့်ဘာသာ စိတ်တိုင်းကျနေတဲ့ မိန်းမသားတွေကို ယောက်ျားတွေ သဘောတွေ့တတ်ကြပါတယ်။ ပြောင်းပြန် ပြန်ပြောရင်တော့ ကိုယ့်ကိုယ်ခန္ဓာကို အလိုမကျ ဖြစ်နေတဲ့ မိန်းမသားတွေကို ယောက်ျားအတော်များများက စိတ်ပျက်တတ်ကြပါတယ်။

ဆိုကြပါစို့… အချိုးအဆက် အင်မတန် ကျလင့်ကစား ကိုယ့်ကိုယ်ကိုယ် ဝလှပြီလို့ အောက်မေ့ ညည်းညူနေတဲ့ ကာယအလှမယ် မိန်းကလေးတစ်ယောက် နဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိတဲ့ ခပ်ဖိုင့်ဖိုင့် ကောင်မလေးတစ်ယောက်နဲ့ ယှဉ်ကြစတမ်း ဆိုရင်လားဗျာ။ ကိုကိုတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ ဖိုင့်တိုင့်တိုင့်လေးနောက် ကောက်ကောက်ပါသွားနိုင်ပါတယ်။
သည်လိုပြောလိုက်လို့ ယောက်ျားတွေမှာ မျက်စိ မပါဘူးလို့ ဒေါ်ဒေါ် မမတွေ မအောက်မေ့စေချင်ဘူး။ ယောက်ျားတွေဟာ မိန်းမတွေထက် အလှအပကို ခံစားတတ်၊ အမြင်စူးတတ်တာလည်း အမှန်ပါပဲ။ ဒါပေမယ့် ယောက်ျားတွေဟာ အလှအပတစ်မျိုးတည်း၊ အမြင်တစ်မျိုးတည်းကို ဖက်တွယ်ထားသူတွေလည်း မဟုတ်ကြပြန်ဘူး။ ယောက်ျားတွေအမျိုးမျိုး ကွဲပြားနေသလို တစ်ဦးစီရဲ့ အာရုံ ခံစားပုံကလည်း မတူခြားနားနေပါတယ်။

တချို့ယောက်ျားတွေအတွက်ကျတော့ မိန်းမသားတွေရဲ့ ကိုယ်နံ့က သူတို့ အတွက် သေရေး ရှင်ရေးတမျှ အရေးကြီးနေတတ်တယ်။ (အဲဒီ့ထဲမှာ ကျွန်တော် ထိပ်ဆုံးက ပါပါတယ်။) အဲ… တချို့ကျတော့လည်း မိန်းမတစ်ယောက်ရဲ့ အသံနဲ့တင် အင်သွားနိုင်တယ်။ (အဲဒါလည်း ကျွန်တော် ဖြစ်ဖူးတယ်။ လူလေးကတော့ ချစ်စရာ၊ ကိုယ်လုံးလေးကလည်း မက်စရာ။ စကားပြောလိုက်တဲ့အခါကျတော့မှ ယောက်ျားသံလို အစ်တစ်တစ်၊ အောတောတောနဲ့မို့ တစ်ခါတည်းနဲ့ လန်သွားခဲ့ဖူတာ တစ်ယောက် ရှိဖူးတယ်။) တချို့ကျတော့လည်း အသားအရေကမှ ပဓာန ဖြစ်ချင်ဖြစ်နေပြန်သေးတယ်။ (ဒါတော့ ကျွန်တော်နဲ့ သိပ်မဆိုင်ဘူး ထင်ပါတယ်။)

မမတွေ မမေ့သင့်တဲ့ နောက်အချက်တစ်ချက်လည်း ကျန်ပါသေးတယ်။ အဲဒါကတော့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး အမျိုးသားတွေ ရှုမြင်ခံစားတာဟာ ရုပ်သေ၊ ရုပ်ရှင်တွေမှာ သူတို့ကြည့်ခဲ့ဖူးလေသမျှ မလုံ့တလုံ ပုံရိပ်တွေကိုသာ စံထားနေတာမျိုး မဟုတ်ဘူး ဆိုတာပါပဲ။ ဆိုလိုတာက ရမ္မက်စိတ် တစ်ခုတည်းနဲ့တင် မိန်းမသားတွေရဲ့ ကိုယ်ခန္ဓာကို ရှုမြင်သုံးသပ်ရာက ပေါ်ပေါက်လာတဲ့ ခံစားချက်မျိုး မဟုတ်ပါဘူး။

အမေတွေ၊ အဒေါ်တွေ၊ အစ်မတွေ၊ ကစားဖော်တွေနဲ့ မိသားစု ဇာတ်လမ်း အထွေထွေက အဲလို မပေါ့်တပေါ် ပုံတွေကို မကြည့်ဖူးခင် ပဝေသဏီကတည်းက ယောက်ျားတွေရဲ့ နှလုံးအိမ်မှာ မိန်းမဆိုတာ ဘယ်သို့ ဘယ်ပုံ ဖြစ်သင့်တယ်လို့ မူချ ပြဋ္ဌာန်းနှင့်ပြီး ဖြစ်ပါတယ်။
အမျိုးသမီးအများစုရဲ့ ကိုယ်အလေးချိန်နဲ့ အဆက်အပေါက်အပေါ်မှာ ထားရှိတဲ့ ယောက်ျားသားများရဲ့ စံကို မိန်းမတွေက လျှော့တွက်တတ်ကြတယ်။ ယောက်ျားအများစုဟာ အချိုးအဆက်ကျတဲ့ ရှိုက်ကြီးဖိုငယ် အသွယ်သွယ်ကို အမျိုးသမီးတွေ ထင်ထားတာထက်ကို အများကြီး ပိုသဘောကျတတ်ကြပါသဗျ။ အတိအကျ ပြောရရင် အမျိုးသမီးတို့ရဲ့ တင်အလှကို အမျိုးသမီးတွေ မျှော်လင့်ထားတာထက် အဆပေါင်းများစွာ ပိုပြီး ရင်ခုန်တတ်ကြသပေါ့ဗျာ။

ကိုယ်လုံးသွယ်သွယ်နဲ့ ပါးပါးလှပ်လှပ် မိန်းကလေးတွေအနေနဲ့ သူ့ဘာသာ မိုးပျံအောင် လှနေပါစေ၊ အစ်ကိုပုရိသတွေကတော့ မကြိုက်တတ်တာလည်း အမှန်ပါပဲခင်ဗျ။ အဲဒီ့ အရိုးပေါ်အရေတင်နေတဲ့ ငါးဖောင်ရိုးမ လှတပတလေးတွေဟာလည်း တစ်ကမ္ဘာလုံးမှာ ထွက်ရှိနေသမျှ အမျိုးသမီး မဂ္ဂဇင်းတွေမှာသာ ရှေ့တန်းက နေရာယူထားတာဖြစ်ပြီး အမျိုးသားတွေ အစဉ်တစိုက် အားပေး ဖတ်ရှု နေတဲ့ အမျိုးသားများအတွက် သီးသန့်မဂ္ဂဇင်းတွေထဲမှာတော့ အဲလို ပါးလှပ်လှပ်မိန်းကလေးတွေရဲ့ ဓာတ်ပုံ တစ်ပုံတစ်ကွက်လောက် နေရာရဖို့ အင်မတန် ခက်လှတာလည်း အမှန်ပါပဲ။
ဆိုလိုတာက စလင်းဘော်ဒီဆိုတဲ့ ပါးလှပ်လှပ်၊ ပိန်လျလျ၊ အရိုးဂေါက်ဂက်နဲ့ ကိုယ်ဟန်ပြမယ်တွေကို မိန်းမတွေကသာ စိတ်ဝင်စားတာ ဖြစ်ပြီး ကျွန်တော်တို့ ယောက်ျားသားတွေအတွက်ကတော့ အဲသလိုဟာမျိုးဆိုရင် နငယ်လုံးကြီးတင် တစ်ချောင်းငင် ဝစ္စအလုံး နှစ်ဆယ် ပေါက်တဲ့အထိ နိုးပါခင်ဗျား။
အဲတော့ကာ မမတို့အနေနဲ့က ကိုယ်နဲ့ အရှည် ဆက်ဆံနေတဲ့ ကိုယ့်ချစ်သူ၊ ကိုယ့်လင်သားဆိုရင် ဗြောင်သာ ဖွင့်မေးလိုက်ပါ။ ဖြစ်နိုင်ရင် တစ်နှစ် တစ်ခါ၊ နှစ်နှစ် တစ်ခါလောက် သတိထားပြီး မေးလိုက်စမ်းပါ။ အခုဆို ကျုပ် ကိုယ်ပေါ်မှာ တော့်အကြိုက်ဆုံး အစိတ်အပိုင်းက ဘာတုံးလို့။ ဒါမှမဟုတ်လည်း ကိုကိုရယ်၊ မောင်မောင်ရယ်၊ ကျွန်မရဲ့ဘယ်နားလေးကို ကိုကိုမောင်မောင် သဘောအကျဆုံးလဲဟင်လို့။ မရရအောင် ဗြောင်သာ ဖွင့်မေးလိုက်ပါ။

သူတို့ဆီက တကယ် မှန်ကန် တိကျတဲ့ အဖြေကိုသာ ရမယ်ဆိုရင် မမတွေ အံ့ဩသွားမှာလည်း အမှန်ပါပဲ။
ယောက်ျားတွေ အိမ်ထောင်ရေးပြင်ပ “အမှုပွ”ကြတဲ့အခါကျရင် မိန်းမသားတွေဘက်က တောင်တွေးမြောက်တွေး တွေးဖြစ်တတ်ကြပါတယ်။ ကိုယ်က ပုံပျက်ပန်းပျက် ဖြစ်နေလို့ သင်း ခြေလှမ်း များတာလို့ ထင်မိတတ်ကြပါတယ်။တကယ်တော့ အဲဒါ မဟုတ်ပါဘူး။ မယားလုပ်သူက ဂျနစ်ဖှာလိုပက်(ဇ်)လောက် စက်စက်ယို နေလင့်ကစား မယားလစ်တာနဲ့ အသစ်ရှာဖို့ ခြေလှမ်း ပြင်တတ်တဲ့ ယောက်ျားတွေ ကျွန်တော့်ပတ်ဝန်းကျင်မှာ အများကြီး ရှိပါတယ်။
တစ်ယောက်ဆို သူအင်မတန်ချစ်တဲ့ သူ့ဇနီးက တော်တော်လေး လှတယ်။ အရွယ်ကလည်း အစိတ်လောက်ပဲ ရှိသေးတဲ့အချိန်ဆိုတော့ အရွယ်အရလည်း လှနေပြီးသား။ အိမ်ထောင်သက်ကလည်း တစ်နှစ်မပြည့်သေးဘူး၊ သည်ကြားထဲကမှ သူ့မိန်းမလောက်လည်း မလှ၊ သူ့မိန်းမလိုလည်း ငါးရံ့ကိုယ်မဟုတ်တဲ့ ခပ်လုံးလုံး ရွက်ကြမ်း ရေကျို မိန်းကလေးတစ်ယောက်နဲ့ ခဏပန်း ဇာတ်လမ်း ဖွင့်ခဲ့တာ ကျွန်တော့် မျက်စိအောက်တင်ပါ။

သူများအကြောင်း မပြောဘဲ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းရပြန်ရင်လည်း ဟိုးလွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်က ကျွန်တော်နဲ့ စခန်းသွားခဲ့ဖူးတဲ့ မိန်းမတစ်ယောက်ဆို ကိုယ်အလေးချိန်က ပေါင်တရာ့ခြောက်ဆယ်လောက် ရှိတယ်။ (အဲဒီ့ အချိန်က ကျွန်တော့်အိမ်သူထက် အဖျင်းဆုံး ပေါင် သုံးဆယ်လောက် ပိုတယ်နော်)။ အဲ… အသက်ကလည်း ကျွန်တော့်ထက် ၇ နှစ်၊ ၈ နှစ်လောက် ကြီးသေးတယ်။ (ကျွန်တော့်အိမ်သူက ကျွန်တော့်ထက် ခုနစ်နှစ် ငယ်တယ်။) ဒါပေမယ့် အဲတုန်းက ကျွန်တော် ဘာကြောင့် စွေ့ခနဲ ပါသွားခဲ့သလဲဆိုတာ ကျွန်တော့် အိမ်သူတောင် သိတယ်။ ဟုတ်ကဲ့… အဲဒီ့ ပေါင်တစ်ရာ့ခြောက်ဆယ်က ရင်ခုန်စရာ ကောင်းလှသော “တင်တင်လှ” ဖြစ်နေလို့ပါပဲ ခင်ဗျား။

အဲဒီ့အရင် ၄-၅ နှစ်တုန်းကရော ဘာထူးတုံး။ စလင်း ဘော်ဒီလေးနဲ့ ၁၉ နှစ်သမီးလေး တစ်ယောက်နဲ့ သွားရင်းလာရင်း အဆင်ပြေနေတယ်။ မန်းရွှေမြို့က ဟိုတယ်ကြီးမှာ သူကလည်း ဧည့်သည်၊ ကိုယ်ကလည်း ဧည့်သည်။ သည်ကြားထဲက ချိတ်မိသွားကြပြီး သူက ကျွန်တော့်ကားပေါ်မှာ တစ်ချိန်လုံး ပါလာတယ်။ ညနေစောင်းတဲ့အထိပဲ။ အခြေအနေ ကောင်းနေပြီဆိုတာ ကျွန်တော် သိနေတယ်။
ညစာစားကြမယ်ဆိုတော့ အဲဒီ့ ၁၉ နှစ်သမီးလေးက မဟာအမှားတစ်ရပ်ကို ကျူးလွန်လိုက်ပါတယ်။ အဲဒါကတော့ သူ့ထက် အလေးချိန် နှစ်ဆနီးပါး ပိုမယ့် အသက်၃၀ကျော် သူ့အဒေါ် တစ်ခုလပ်အမျိုးသမီးကိုပါ ခေါ်လာပြီး ကျွန်တော်နဲ့ မိတ်ဆက်ပေးလိုက်တာပါ။
သည်မှာတင် ကျွန်တော်လည်း ၁၉နှစ် သမီးလေးကို စွေ့ခနဲ ပစ်လိုက်ပြီး ၃၀ကျော်နောက် ကောက်ကောက်ပါသွားခဲ့ပါတော့တယ်။
ကိုင်း… ဘာပြောချင်ကြသေးသတုံး။

ဆိုလိုတာက မိန်းမသားအတော်များများဟာ ယောက်ျားတွေကို နားကို မလည်တတ်ကြပါဘူးခင်ဗျ။ သူတို့ထင်တာက သူတို့တွေ ဝလာပြီ ဆိုရင်ဖြင့် ကိုကိုတွေ အသစ်ရှာလိမ့်မယ်လို့ပဲ။ အဲဒါဟာ တက်တက်စင် လွဲပါတယ်။ တော်ရုံ တန်ရုံ၊ အတိအကျပြောရင် အပျိုတုန်းကထက် ပေါင်နှစ်ဆယ်အစိတ်၊ အိုဗျာ၊ အာဏာကုန် ၃၀-၃၅ လောက်အထိ တိုးလာရုံလောက်တော့ ကိုကိုတို့က မဖြုံရေးချ မဖြုံတဲ့အပြင် ကိုယ့်ကို ပိုတောင် သဘောကျလာနိုင်တာကို အမျိုးသမီး အတော်များများ သိမထားမိရှာကြဘူး။ (ဂျပန် နပန်းသမားကြီးလို အပျိုတုန်းကထက် ပေါင် ၄၀-၅၀-၁၀ဝ ပိုတဲ့အထိ တအား ဝလာရင်တော့လည်း တစ်မျိုးပေါ့ခင်ဗျာ။ အဲသလို မရှူနိုင် မကယ်နိုင် မသယ်နိုင်မပိုးနိုင် ဝတက်လာရင်တော့လည်း ယောက်ျားတွေသာမက မိန်းမချင်းတောင် စိတ်ပျက်သွားမှာလည်း သေချာပါတယ်နော်။)

ပေါင် ၂၀၊ အစိတ်လောက် ဝလာတာလောက်တော့ ယောက်ျားတွေက ပို သဘောကျတတ်တယ်ခင်ဗျ။ အဲဒါ အမှန်ပါ။ အဲဒါကို မသိဘဲ ပိန်ဆေးတွေ သောက်ကြရ၊ လေ့ကျင့်ခန်းတွေ နင်းခွ လုပ်ကြရနဲ့၊ မမတွေမှာ ဗျာများ နေကြရှာတာ ဪ… တကယ်တော့ သနားစရာပါ။ သည်ကြားထဲ ကျွန်တော်တို့လို လစ်တာနဲ့ ဟိုဟိုသည်သည် အီတတ်တဲ့သူကို လင်တော်ထားရလို့ကတော့ ကိုယ့်ကိုယ်ခန္ဓာကြောင့်လို့ ထင်ပြီး စိတ်တွေဆင်းရဲကြရတတ်ပြန်တယ်။

ဒါ့ကြောင့် ကိုယ့်ကိုယ်ခန္ဓာလေး မဆိုစလောက် ဝဖိုင့်နေတဲ့အတွက်ပဲ ဖြစ်စေ၊ အပျိုတုန်းကထက် ပေါင် အစိတ်လောက် ပိုဝလာလို့ပဲဖြစ်စေ စိတ်ဆင်းရဲနေကြသူ မမများ နားလည်အောင် ယောက်ျားတွေရဲ့ ဣတ္ထိယခန္ဓာကိုယ်အပေါ် ထားရှိတဲ့ သဘောထားအမှန်ကို ထုတ်လှန် တင်ပြလိုက်ရတာပါပဲခင်ဗျား။

by lettwebaw

The Voice Daily မှ သတင်းထောက်တစ်ဦး နေပြည်တော် ပျဉ်းမနား၌ ရိုက်နှက်ခံရ

Posted by drmyochit Tuesday, October 29, 2013, under | No comments



နေပြည်တော်၊ အောက်တိုဘာ ၂၉

The Voice Daily သတင်းစာ တွင် တာဝန်ထမ်းဆောင်နေသည့် သတင်းထောက်တစ်ဦးအား ဝိုင်းဝန်း ရိုက်နှက်မှု ပျဉ်းမနားမြို့၌ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ယင်းဖြစ်ရပ်မှာ အောက်တိုဘာ ၂၈ ရက်နေ့ ၁ဝ နာရီခွဲခန့်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး အမှုကို ပျဉ်းမနားမြို့မ ရဲစခန်းတွင် (ပ) ၆၉၄/ဝ၃၊ ပုဒ်မ ၂၉၄/၃၂၃ တို့ဖြင့် ဖွင့်လှစ်ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဝိုင်းဝန်းရိုက်နှက်ခံရသူ သတင်းထောက် ကိုအောင်ထက်သည် မင်္ဂလာရပ်ကွက် သံလမ်းထိပ် ထမင်း ဆိုင်မှ ထမင်းစားပြန်လာချိန် အောင် ချမ်းသာဘုရားအနီးအရောက် စက်ဘီး တစ်စီးကို ၄င်းစီးနင်းလာသည့် ဆိုင် ကယ်ဖြင့်ကျော်တက်စဉ် စက်ဘီးနှင့် ဆိုင်ကယ်ထိမိရာမှ စတင်ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

စက်ဘီးနှင့် ဆိုင်ကယ် ထိမိရာ စက်ဘီးထိခိုက်မှု ရှိ မရှိ ပြန်လည် လှည့် ကြည့်ပြီး ထိခိုက်မှုမရှိသဖြင့် တောင်းပန် သော်လည်း စက်ဘီးနင်းသူမှာ မကျေ နပ်၍ ၄င်းနှင့် အပေါင်းအပါများက ဝိုင်းဝန်းရိုက်နှက်ခြင်းနှင့် ငွေကြေး တောင်းခံခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းထောက် ကိုအောင်ထက်က ပြောသည်။

''တစ်သိန်း၊ တစ်သိန်းခွဲဆိုပြီး တောင်းတယ်။ ပေးမယ်လို့ ပြောတော့ လည်း ထပ်ထိုးတယ်။ စစ်ထွက်တွေလို့ ပြောတယ်။ သူပုန်တွေတောင် သတ်လာ တာ မင်းတို့လို ကောင်မျိုးကတော့ ဆို ပြီး ပြောဆိုပြီး ရိုက်နှက်ကြတယ်'' ဟု ၄င်းက Popular News သို့ ပြောပြ သည်။

ပျဉ်းမနားမြို့မရဲစခန်းမှ ဝိုင်းဝန်း ရိုက်နှက်ခဲ့သူများကို စုံစမ်းရာ တရုတ် ကြီး အသက် (၂၄)နှစ် မြို့ဦးရပ်ကွက်နေ သူနှင့် အမည်မသိ အသက် (၂၅) နှစ် ခန့်၊ အောင်ချမ်းသာ ရပ်ကွက်နေသူတို့ ဖြစ်ကြောင်း သိရှိခဲ့ရပြီး တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်နေသည်ဟု သိရသည်။

ယခုအမှုသည် နေပြည်တော် ပျဉ်းမနားတွင် ပထမဆုံး ဖြစ်ပွားသည့် သတင်းထောက်တစ်ဦးအား အုပ်စုဖြင့် ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ကြောင်း သိရ သည်။

WMT

Popular Myanmar News Journal

အိမ်ထောင်ထပ်ပြုဖို့ စိတ်မဝင်စားသေးတဲ့ ခိုင်နှင်းဝေရဲ့ စကား

Posted by drmyochit Tuesday, October 29, 2013, under | No comments

သရုပ်ဆောင် ခိုင်နှင်းဝေ (ဓာတ်ပုံ – မြတ်သူအောင် / ဧရာဝတီ)
ကိုယ်က တကယ်ချစ်ပေမယ့် အချစ်ကို အလိမ်ခံရတဲ့ မိန်းမတယောက် အဖြစ် ဇာတ်ကားတကားမှာ သရုပ်ဆောင် ထားတဲ့ ခိုင်နှင်းဝေကို သိချင်တာတချို့ မေးမြန်းပြီး ဧရာဝတီရဲ့ အနုပညာ ပရိသတ်တွေ အတွက် သူ့အကြောင်းတွေ ကို ရေးသား ဖော်ပြလိုက်ပါတယ်။

အခု လောလောဆယ်တော့ ခိုင်နှင်းဝေက အိမ်ထောင်ထပ်ပြုဖို့ ကိစ္စကို စိတ်မ၀င်စားသေးဘူး၊ စီးပွားရေးနဲ့ အနု ပညာ အလုပ်ကိုပဲ စိတ်ဝင်စားနေတဲ့ အတွက် ဒါတွေကိုပဲ ဦးစားပေးရမယ်လို့ ဟြေပါတယ်။

“အစ်မ လောလောဆယ်တော့ အိမ်ထောင်ထပ်ပြုဖို့ ကိစ္စကို စိတ်ကို မ၀င်စားဘူး။ အခုလောလောဆယ် စိတ်ဝင်စား တာက စီးပွားရေးနဲ့ ကိုယ့်အနုပညာကို ဘယ်လိုလုပ်ရမလဲ ဆိုတာကိုပဲ ဦးစားပေးရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘ၀မှာ ဦးစားပေး ခဲ့တာတွေက အများကြီးပဲလေ၊ အခုတော့ ဖြစ်သင့်တာကိုပဲ ဦးစားပေး ရတော့မယ်လေ။ အမှန်တကယ်တော့ သရုပ်ဆောင် တိုင်းက အပြင်မှာ စီးပွားရေး တခုခုတော့ ရှိကြတယ်” လို့ သူက ဆိုပါတယ်။

သရုပ်ဆောင် လောကဆိုတာ အမြဲတမ်း တက်လိုက် ကျလိုက်ဖြစ်နေတာ တကြောင်း၊ သရုပ်ဆောင် ဆိုတာက ငယ်တဲ့ အရွယ်နဲ့တင် တန့်နေမှာ မဟုတ်ဘဲ တဖြည်းဖြည်း အသက်ကြီးလာမှာ ဖြစ်တဲ့အတွက် ဘဝရပ်တည်ဖို့ စီးပွားရေး လုပ်ငန်း တခုခု ရှိထားသင့်တဲ့အကြောင်း ခိုင်နှင်းဝေက ရှင်းပြပါတယ်။

“သရုပ်ဆောင် အလုပ်က ၀ါသနာ အရသာ လုပ်နေရတာ၊ တကယ်တမ်း ဘ၀ရပ်တည်ဖို့ အတွက် ခိုင်မာတဲ့ စီးပွားရေးတခု ရှိဖို့လိုတယ်။ ကိုယ်ကတော့ အနုပညာ လုပ်ငန်းနဲ့ပဲ စီးပွားရေး လုပ်ရတာ ၀ါသနာပါတော့ ပရိုဂျူဆာ လုပ်မယ်၊ ဒီထဲမှာပဲ ကျင်လည် နေမှာပဲ၊ အောင်မြင်တယ် ဆိုတာကလည်း ၀ါသနာရှိမှ အောင်မြင်တာလေ၊ ၀ါသနာမရှိဘဲ တခြား သွားလုပ်လည်း ကျရှုံးမှာပဲ။ အနုပညာ လောကထဲမှာပဲ အစ်မ ရပ်တည်သွားမှာပါ” လို့ သူက ဟြေပါတယ်။

သရုပ်ဆောင် အလုပ်ဆိုတာ အလုပ်က သင်သွားတယ် ဆိုပေမယ့် တခါတလေ ဒါရိုက်တာ ဟြေတာနဲ့ ကိုယ့်ရဲ့ ထိုးထွင်းကြံဆ နိုင်တဲ့ ဉာဏ်ပေါင်းပြီး လုပ်ရတယ်ဆိုတာ ခိုင်နှင်းဝေက နားလည်ထားတာပါ။

“သရုပ်ဆောင် တယောက်က ကိုယ်သရုပ်ဆောင်တာ ဘာလို့လဲ ဆိုတာကို သိပ်မသိကြဘူး။ ဒါရိုက်တာတွေက ဘယ်နေရာမှာ ဘယ်လို စိတ်လေးထည့်လိုက်၊ ဘယ်လို မျက်ရည်ကျလိုက် ဆိုပြီး ဟြေပေးတဲ့ အပေါ်မှာ လုပ်လိုက်တာပါပဲ။ တခါတလေ ကျတော့လည်း အလုပ်က သင်သွားတာပေါ့။ တခါတလေ ဒါရိုက်တာဟြေတာနဲ့ ကိုယ့်ရဲ့ ထိုးထွင်း ကြံဆနိုင်တဲ့ ဉာဏ်နဲ့ ပေါင်းပြီး လုပ်ရတာပေါ့” လို့ သူက ရှင်းပြပါတယ်။

ခိုင်နှင်းဝေ အနေနဲ့ သူတယောက်တည်း နေရတဲ့ဘ၀မှာ စိတ်ထွက်ပေါက် အနေနဲ့ ဘုရားတရားကို ပိုလုပ်ဖြစ်နေပြီး အခုအချိန်မှာ ၅၂၈ မေတ္တာ၊ ၁၅၀၀ မေတ္တာတွေရဲ့ ကွဲပြားပုံကိုလည်း သိသွားပြီလို့ သူက ဆက်ပြောပါတယ်။

“အစ်မ တယောက်တည်း နေရတဲ့ဘ၀မှာ ဘုရားတရား ပိုလုပ်ဖြစ်တယ်၊ အစ်မ အမေနဲ့နေတယ်၊ အိမ်မှာ မွေးထားတဲ့ ခွေးလေးတွေနဲ့ နေတယ်။ ၅၂၈ တွေ အများကြီး ပေါင်းလိုက်ရင် လူတဦး တယောက်ရဲ့ ၁၅၀၀ ထက် အများကြီး ပိုပါတယ်။ ၅၂၈ နဲ့ ၁၅၀၀ နှစ်ခု ပေါင်းထားတဲ့ ၂၀၂၈ အချစ်ကိုလည်း မလိုချင်ပါဘူး။ အခုချိန်အထိ အနုပညာ အလုပ်တွေလုပ်နေရတာ ပရိသတ်ရဲ့ ကျေးဇူးကြောင့်ပါပဲ။ မင်းသမီးတွေ လည်းအများကြီးပဲ၊ အများကြီး ရှိနေတဲ့အထဲကို ပြန်တိုးဝင်ဖို့က မလွယ်တဲ့ ကိစ္စလေ။ မင်းသမီး အငယ်တွေလည်း မှိုလိုပေါက်နေတဲ့ အချိန်မှာ ပရိသတ်က ကိုယ့်ကို လက်ခံပေးတာကိုပဲ တော်တော် ကျေးဇူးတင်ပါတယ်” လို့ ခိုင်နှင်းဝေက ဆိုပါတယ်။

မြတ်သူအောင်| ဧရာဝတီ

အပုပ်နံ့ထွက်မှ သိရှိရသည့် စစ်တွေတက္ကသိုလ်ဆရာမတစ်ဦး သေဆုံးမှု

Posted by drmyochit Tuesday, October 29, 2013, under | No comments


ရခိုင်ပြည်နယ်စစ်တွေတက္ကသိုလ်၌ တာဝန်ထမ်းဆောင်နေသည့် ဆရာမတစ်ဦးသေဆုံးနေမှုကို နှစ်ရက်ကြာ မှ တွေ့ရှိခဲ့သည်ဟု စစ်တွေမြို့နယ် ရဲစခန်းမှ သိရှိရသည်။

စစ်တွေမြို့မ ကျည်းမြိုင်ရပ်ကွက်တက္ကသိုလ်ဆရာ/ဆရာမများအဆောင် တိုက်နံပါတ်(၁)အခန်း(၉)နေ ဆရာမ ဒေါ်လှအုန်း(မြန်မာစာကထိက)၏အခန်းမှ အပုပ်နံ့ရသဖြင့်ဘေးခန်းနေဆရာများက သက်ဆိုင်ရာ ရဲစခန်း သို့ အကြောင်းကြားရာ အောက်တိုဘာလ၂၇ ရက်နေ့ကစစ်တွေမြို့နယ်ရဲစခန်း၌ တာဝန်မှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ရဲအုပ်ဘိုထင်ကျော်က သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆရာမဒေါ်လှအုန်း သည် အိမ်သာခန်း၌ မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရသည်ဟု ရဲစစ်ချက်မှတ် တမ်းအရ သိရသည်။

 သေဆုံးသူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာတစ်စုံတရာမတွေ့ရှိရဘဲ အလောင်းမှာ ပုပ်ပွနေခြင်းကြောင်း၊ ရဲဆေးစာဖြင့် စစ်တွေဆေးရုံပို့အပ်ခဲ့ရာ သေဆုံးသူဆရာမဒေါ်လှအုန်းမှာ အာရုံကြောပြတ်၍သေဆုံး ခြင်းဖြစ်သည်ဟု ဆရာဝန်၏ ဆေးစစ်ချက်မှတ်တမ်းအရသိရသည်။

“သေတာကို မနေ့ကမှသိရတယ်။ သေတာကတော့ နှစ်ရက်လောက်ရှိလိမ့်မယ်၊ အပုပ်နံ့ကလည်းထွက် နေတယ်။ သူမှာ ဘာပြဿနာမရှိပါဘူ။ အာရုံကြောပြတ်လို့ သေတာပါ။ သွေးတိုးရှိတယ်လို့တော့ အရင်က သူပြောဖူး လို့ သိရတယ်’’ဟု စစ်တွေ တက္ကသိုလ်မှ ဆရာတစ်ဦးကပြောသည်။

ဆရာမဒေါ်လှအုန်းသည်အသက်(၅၆)နှစ်ရှိပြီးစစ်တွေတက္ကသိုလ်၌မြန်မာစာကထိကရာထူးဖြင့် တာဝန်ထမ်းဆောင်လျှက်ရှိပြီး ဆရာ/ဆရာမများအဆောင်တွင် နေထိုင်စဉ်ယခုကဲ့သို့ သေဆုံခဲ့ခြင်းဖြစ်သည်။ ထို့ပြင်ဆရာမ ဒေါ်လှအုန်း သည် အိမ်ထောင်မရှိ အပျိုကြီးတစ်ယေက်ဖြစ်သည်ဟု သိရသည်။

အဆိုပါသေမှုသေခင်းဖြစ်စဉ်အား ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ် မဟုတ်စုံ စမ်းစစ်ဆေးအရေးယူ ပေးပါရန် ဒုရဲအုပ်ဘိုထင်ကျော်မှ တရားလိုပြအမှုဖွင့်တိုင်ကြားခဲ့သဖြင့် စစ်တွေမြို့နယ်ရဲစခန်းမှဒုရဲမှူး (ယာယီ) စခန်းမှူး ဦးမိုးကျော်က လက်ခံစစ်ဆေးလျက်ရှိသည်ဟု စစ်တွေရဲစခန်းမှ သိရသည်။


BY မိုးဝေ-ရခိုင်ပြည်နယ်(မြစ်မခ)

သီပေါမြို့နယ်တွင် ရှေးဟောင်းစေတီ တစ်ဆူ ပြိုကျ၊ ဌာပနာများထွက်ပေါ်

Posted by drmyochit Tuesday, October 29, 2013, under | No comments


သီပေါ၊ အောက်တိုဘာ ၂၉။

သီပေါမြို့နယ်၊ နောင်ကတ်ကျေးရွာရှိ ရှေးဟောင်းစေတီတစ်ဆူ ပြိုကျမှုဖြစ်ပွားခဲ့ပြီး ဌာပနာများ ထွက်ပေါ်ခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

စေတီတော်၏ အရှေ့မြောက်ဘက်ခြမ်းမှ ပြိုကျခြင်းဖြစ်ပြီး ရှေးဟောင်းဆင်းတုတော် ၁၉ ဆူနှင့် ဌာပနာအိုးတစ်လုံး ပေါ်တော်မူခဲ့ကြောင်း သိရသည်။

“ည(၁၂)နာရီလောက်က အသံတော့ ကြားလိုက်တယ်၊ မိုးရွာနေတာနဲ့ ထွက်မကြည့်ဖြစ်ကြဘူး။  မနက်(၇)နာရီလောက်မှ ဆင်းတုတော်တစ်ဆူတွေ့တာနဲ့ နောင်ကတ်ဘုန်းတော်ကြီးကျောင်းက ဆရာတော်ကိုခေါ်ပြီးပြရတာ”ဟု နောင်ကတ်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ဆင်းတုတော်များအား သီပေါမြို့၊နောင်ကတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ခေတ္တစံပယ်တော်မူထားပြီး စေတီတော် အသစ်ပြန်လည်တည်ရာတွင် ပြန်လည်ထည့်သွင်း ဋ္ဌာပနာတော်မူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ဒီနေရာကလွန်ခဲ့တဲ့ နှစ်ပေါင်း(၂၀၀)ကျော်က အုန်းဘောင်ခေတ် ပျက်ပြီးတော့ ပြောင်းလာတဲ့နေရာပါ၊ သီပေါမြို့ကျတော့ နောက်ပိုင်းမှတည်တာ” ဟု သီပေါဒေသခံတစ်ဦးက ရှင်းပြသည်။

ဆင်းတုတော်များအား သီပေါမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီဌာနအုပ်ချုပ်ရေမှူး၊ သာသနာရေးဦးစီဌာန တာဝန်ခံနှင့် အခြားတာဝန်ရှိသူများလာ ရောက်လေ့လာ စစ်ဆေးပြီး မှတ်တမ်းများ ပြုစုထားကြောင်း သိရသည်။

သီပေါမြို့မှာ ရှေးဟောင်းသမိုင်းဝင်မြို့ဖြစ်သည်နှင့်အညီ သမိုင်းဝင် စေတီများပေါများပြီ စေတီအချို့မှာ ပြန်လည်ပြုပြင် ထိန်းသိမ်းရန် လိုအပ်လျှက်ရှိနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

စေတီပြိုပျက်၍ ထွက်ပေါ်လာသော ဆင်းတုတော်များမှာ မြန်မာ သက္ကရာဇ်(၁၂၁၂)ခုနှစ် သက္ကရာဇ်ပါ ဆင်းတုတော်(၂)ဆူ၊ (၁၂၅၀)ခုနှစ်ဆင်းတုတော်(၁)ဆူနှင့် (၁၂၆၉)ခုနှစ်ဆင်းတုတော်တစ်ဆူ ပါဝင်ကာ ကျန်ဆင်းတုတော်(၁၅)ဆူမှာ သက္ကရာဇ် ထင်ရှားမှုမရှိကြောင်း ဆင်းတုတော်များ၏ ဥာဏ်တော်မျာမှာ အနိမ့်ဆုံး(၄.၇၅)လက်မမှ အမြင့်ဆုံး(၁၃.၅)လက်မအထိရှိကြောင်း သိရှိရသည်။

စိုင်းကံသာ(လားရှိုး)
The Myanma Age

ပြည်နှင်ဒဏ်ခံ တရုတ်နိုင်ငံသားများ ပတ်စ်ပို့သစ်ဖြင့် ပြန်ဝင်ရောက်ဟုဆို

Posted by drmyochit Tuesday, October 29, 2013, under | No comments


မန္တလေး၊ အောက်တိုဘာ ၂၈

ဗီဇာစည်းကမ်း ဖောက်ဖျက်သဖြင့် အမည်ပျက် စာရင်းသွင်းပြီး ပြည်နှင်ဒဏ် ခံရသည့် တရုတ်နိုင်ငံသားများ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံကူး လက်မှတ်အသစ်ဖြင့် ပြန်လည် ဝင်ရောက်လာမှုများ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ လေဆိပ်မှ မြန်မာနိုင်ငံတွင်းသို့ ပြန်လည် ဝင်ရောက်လာသူ တစ်လလျှင် နှစ်ဦးခန့် ဖမ်းဆီးမိပြီး လေယာဉ်ဖြင့် နေရပ် ပြန်ခိုင်းရခြင်းများ ရှိကာ ဇူလိုင်လမှ စက်တင်ဘာလအထိ ခြောက်ဦးခန့် ရှိ ကြောင်း ၎င်းကပြောကြားသည်။
“အဓိကက ကျောက်ဆည်နဲ့ မြစ်သားမြို့နယ်တွေမှာ ဖရဲလာစိုက်နေတဲ့ တရုတ်နိုင်ငံသားတွေ များတယ်။ သူတို့ကို အမည်ပျက်စာရင်း သွင်းတာကို ပတ်စ်ပို့ အသစ်ကိုင်ပြီး လာကြတာမှာ လေဆိပ်မှာ မိတာပါ” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင် တရုတ်နိုင်ငံသားများသည် တောင်သူများထံမှ စိုက်ခင်းများကို နှစ်ချုပ်ဖြင့် တစ်လလျှင် အနည်းဆုံး တစ်သိန်းကျပ်ဖြင့် ငှားရမ်းကာ ဖရဲစိုက်ကြကြောင်း အဆိုပါ ဒေသခံ တောင်သူများထံမှ သိရသည်။
“တရုတ်ကုန်သည်တွေ ဧကထောင်ချီ ငှားပြီးတော့ ဖရဲစိုက်နေတာ။ မန္တလေးတိုင်းထဲမှာ လေးဦးလောက် ရှိတယ်” ဟု မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အလည်အပတ် ဗီဇာဖြင့် အလုပ်လာရောက် လုပ်ကိုင်နေသူများ တွေ့ရှိပါက စည်းကမ်းနှင့် မညီသဖြင့် အရေးယူမှု ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း စီးပွားရေးဗီဇာဖြင့် အလုပ်လာရောက် လုပ်ကိုင်သူ နိုင်ငံခြားသား ၅၀၀ ဦး ဝန်းကျင်ခန့် ရှိပြီး ပညာရေးလုပ်ငန်း၊ သတ္တု တူးဖော်ရေး လုပ်ငန်းများတွင် အများဆုံး ဖြစ်ကြောင်း ၎င်းက ထပ်မံဆိုသည်။

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က အမည်ပျက် စာရင်းဝင်သူ တရုတ်နိုင်ငံသားတစ်ဦး ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်လျက် ရှိသည်ကို တွေ့ရှိရ၍ အရေးယူခဲ့သည်။ ယင်းအပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းလေဆိပ်မှ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသော ခရီးသည်များထဲမှ မြန်မာနိုင်ငံက အမည်ပျက်စာရင်း ကြေညာထားသူ တရုတ်နိုင်ငံသား Mr. Feng Shuiaing ကို စိစစ် တွေ့ရှိရသဖြင့် သြဂုတ်လ ၂၄ ရက်နေ့တွင် လည်းကောင်း၊ မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် ဥပုသ်တော်ရပ်ကွက် ကုသိုလ်တော်ဘုရား တောင်ဘက်မုခ် ရေလယ် ဓမ္မာရုံတွင် တစ်နှစ်ကျော်ကြာမျှ တောင်းရမ်း စားသောက်နေသော တရုတ်နိုင်ငံသားကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ၁၉၄၇ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ၇ (၂) အရ ယခုနှစ် စက်တင်ဘာလ ၃၁ ရက်နေ့တွင် လည်းကောင်း နေရပ်သို့ ပြန်လည် ပို့ဆောင်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ယခုနှစ် ဇန်ဝါရီလမှ စက်တင်ဘာလအထိ ယာဉ်မောင်းလိုင်စင် လာရောက် လျှောက်ထားသည့် နိုင်ငံခြားသားများတွင် တရုတ်လူမျိုး အများဆုံး ဖြစ်ကြောင်း အဆိုပါဌာနမှ မှတ်တမ်းများအရ သိရသည်။


The Voice Weekly

ပြိုင်ကားတစ်စင်းကဲ့သို့ မြန်နှုန်းမြင့်မားသည့် လေးဘီးတပ် ဆိုင်ကယ်

Posted by drmyochit Tuesday, October 29, 2013, under | No comments

Wazuma V8Fသည် ကစားစရာ မဟုတ်သလို စိတ်ကူးယဉ် ယန္တရား တစ်ခုလည်း မဟုတ်ဘဲ တစ်နာရီ မိုင်(၁၅၀)နှုန်းထိ မောင်းနှင်နိုင်သည့် လေးဘီးတပ် ဆိုင်ကယ်လေး ဖြစ်သည်။

ရုတ်တရက် ကြည့်လိုက်ပါက ကလေးငယ်များ စီးနင်းနိုင်သည့် ကစားစရာ အရုပ် ဆိုင်ကယ်လေးနှင့် တူသည်။ Batman ရုပ်ရှင် ဇာတ်ကားများထဲမှ စိတ်ကူးယဉ် မော်တော်ကား Batmobileနှင့်လည်း ခပ်ဆင်ဆင် တူသည်။ သို့သော်လည်း Wazuma V8Fသည် ကစားစရာ မဟုတ်သလို စိတ်ကူးယဉ် ယန္တရား တစ်ခုလည်း မဟုတ်ဘဲ တစ်နာရီ မိုင်(၁၅၀)နှုန်းထိ မောင်းနှင်နိုင်သည့် လေးဘီးတပ် ဆိုင်ကယ်လေး ဖြစ်သည်။

ပေါင်စတာလင် (၁၆၀၀၀၀)မျှ တန်ဖိုးရှိသည့် ယင်းဆိုင်ကယ်လေးကို ပြင်သစ်နိုင်ငံမှ အင်ဂျင်နီယာများက ဆက်လက် မွမ်းမံ အဆင့်မြှင့်တင်နေဆဲဟု သိရသည်။ လေးဘီးတပ် မော်တော်ကားလေး၏ အင်ဂျင်ကို နာမည်ကျော် မော်တော်ကား ကုမ္ပဏီ Ferrariက ထောက်ပံ့ပေးထားသည်။ ထိုဆိုင်ကယ်လေးတွင် 3-litre V8 အမျိုးအစား အင်ဂျင်ကို တပ်ဆင်ထားပြီး (၁၉၇၀)ပြည့်လွန်နှစ်များက လူကြိုက်များခဲ့သည့် Ferrari 308 ပြိုင်ကားမှ အင်ဂျင်ဒီဇိုင်းကို အခြေခံ ဖန်တီးထားခြင်း ဖြစ်သည်။ Wazuma V8Fကို တာဝန်ယူ ထုတ်လုပ်သည့် ကုမ္ပဏီမှ Lazarethဖြစ်သည်။

Lazarethမှ တာဝန်ရှိသူများက မိမိတို့သည် ယင်းအပေါ့စား ယာဉ်ငယ်လေးကို တစ်နာရီ (၂၅၀)မိုင်နှုန်းထိ မြန်နှုန်းမြှင့်တင်နိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ ယင်းဆိုင်ကယ်လေးသည် ကီလိုမီတာ (၆၅၀)မျှသာ အလေးချိန်ရှိသည်။ ပြင်သစ် သုတေသီများသည် မြန်နှုန်းနှင့် အလေးချိန် အချိုးအစားကို တစ်တန်လျှင် (၃၈၄)bhp ယူနစ်ဖြင့် တွက်ချက် ဖန်တီးထားသည်။ ထို့ကြောင့်လည်း Ferrari၏ 458 Spider ပြိုင်ကား တစ်စင်း၏ စွမ်းဆောင်ရည်အတိုင်း တစ်နာရီလျှင် (၁၅၀)မိုင်နှုန်းထိ မောင်းနှင်နိုင်ခြင်း ဖြစ်သည်။

သို့သော်လည်း ပြဿနာ တစ်ရပ်မှ ဈေးနှုန်းအားဖြင့် အလွန်မြင့်မားနေခြင်း ဖြစ်သည်။ Hondaက ဖန်တီးထုတ်လုပ်သည့် လေးဘီးတပ် ဆိုင်ကယ် တစ်စင်း၏ တန်ဖိုးသည် ပေါင်စတာလင် (၈၀၀၀)မျှသာရှိရာ Wazuma V8Fက အဆ(၂၀)မျှ ဈေးများနေသည့် သဘောဖြစ်သည်။ Wazuma V8F၏ ဈေးမျိုးဖြင့် အဆင့်မြင့် ပြိုင်ကား တစ်စင်းမျှကို ကောင်းစွာ ရွေးချယ် ဝယ်ယူနိုင်မည့် အခြေအနေ ရှိနေသည်။ Lazarethမှ တာဝန်ရှိသူများကမူ Wazuma V8Fသည် ဒီဇိုင်းပိုင်း ထူးခြားပြောင်မြောက်လှသည့် Masterpiece လက်ရာတစ်ခု ဖြစ်ခြင်းကြောင့် တန်ဖိုးကြီးကြီး သတ်မှတ်ရန် ထိုက်တန်ကြောင်း ကာကွယ် ပြောဆိုထားသည်။


From: Planet Myanmar Network

လျှပ်စစ်ဓာတ်အားခ နှုန်းထားများ ပြင်ဆင်ပြောင်းလဲ ကောက်ခံမည့် ကိစ္စ အသိပေး ကြေညာခြင်း

Posted by drmyochit Tuesday, October 29, 2013, under | No comments


၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့သည် ဓာတ်အားထုတ် လုပ်မှုကုန်ကျစရိတ်နှင့် ဓာတ်အားဝယ်ယူမှုကုန်ကျစရိတ်များ တတ်နိုင်သမျှ ကာမိစေရန်အတွက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ဓာတ်အားသုံးစွဲမှုအပေါ်မှ စတင်၍ အောက်ပါ တစ်ယူနစ်နှုန်းထားများအတိုင်း ဓာတ်အား ခနှုန်းထားများ ပြင်ဆင်သတ်မှတ်လိုက်ပါသည်-

(က) အများပြည်သူ (အိမ်သုံး)
(၁) ၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၃၅ ကျပ်
(၂) ၁၀၁ ယူနစ်နှင့်အထက် ၅၀ ကျပ်

(ခ) အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ယာယီ)
(၁) ၁ ယူနစ်မှ ၅၀၀၀၀ ယူနစ်အထိ ၁၀၀ ကျပ်
(၂) ၅၀၀၀၁ ယူနစ်နှင့်အထက် ၁၅၀ ကျပ်

(ဂ) အစိုးရဌာန
(၁) ရုံးသုံး ၅၀ ကျပ်
(၂) စက်မှုသုံး ၁၀၀ ကျပ်

၂။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဓာတ်အားသုံးစွဲမှု ပမာဏများအပေါ် အပိုဒ် (၁)တွင် ဖော်ပြပါနှုန်း ထားသစ်များနှင့်တွက်ချက်ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ငွေတောင်း ခံလွှာများ ပြုစုတောင်းခံ သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

ဥရောပမြောက်ပိုင်းတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၁၁ ဦး သေဆုံး

Posted by drmyochit Tuesday, October 29, 2013, under | No comments

ဗြိတိန်မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ မိုးရေချိန်မှာ ၅၀ မီလီမီတာအထိရှိခဲ့ပြီး နေရာပေါင်း ၁၃၀ တွင် ရေကြီးနိုင်ကြောင်း သတိပေးထား

ဥရောပမြောက်ပိုင်းတွင် တနင်္လာနေ့က အားကောင်းသော မုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့ရာ အနည်း ဆုံး လူ ၁၁ ဦးသေဆုံးပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ နှောင့်နှေားကြန့်ကြာမှု ဖြစ်ပေါ်ခဲ့ သည်။ မိုးသည်းထန်စွာ ရွာသွန်းကာ လေပြင်းများတိုက်ခတ်မှုအတွင်း ဗြိတိန်တွင် လူ ၄ ဦးနှင့် ဂျာမနီတွင် လူ ၃ ဦးသေဆုံးကြောင်း AFP သတင်းက ပြောကြားသည်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် ဒိန်းမတ်နှင့် နယ်သာလန် တို့တွင်လည်း လူအသေအပျောက် ရှိခဲ့ကြောင်း သိရသည်။ ဥရောပမြောက်ပိုင်း ကမ်းရိုးတန်းဒေ သတွင် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၉၈ မိုင်ကျော်အထိ ပြင်းထန်ခဲ့ကြောင်း ဗြိတိန်မိုးလေဝသဌာနက ဆိုသည်။


မုန်တိုင်းတိုက်ခတ်မှုကြောင့် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့တွင် နေအိမ် ၅၀၀,၀၀၀ ကျော်မှာ လျှပ်စစ် ဓာတ်အား ပြတ်တောက်မှု ကြုံတွေ့ခဲ့ရသည်။ မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်နေမှုကြောင့် ကိုပင်ဟေ ဂင် လေဆိပ်၌ ခရီးသည် ၅၀၀ ခန့်မှာ လေဆိပ်အတွင်းသို့ သွားရောက်နိုင်ခြင်းမရှိဘဲ လေယာဉ် များပေါ်တွင် သောင်တင်နေခဲ့သည်။ မုန်တိုင်းကြောင့် အင်္ဂလန်တောင်ပိုင်း၊ ဒိန်းမတ်၊ နယ်သာလန်နှင့် ဂျာမနီ တွင် ရထားခရီးစဉ်များလည်း ဖျက်သိမ်းခဲ့ရသည်။ လန်ဒန်ရှိ ဟီးသရိုးလေဆိပ်တွင်လည်း ခရီးစဉ် ၁၃၀ ကို ဖျက်သိမ်း ခဲ့ရပြီး အခြား လေယာဉ်ခရီးစဉ်များမှာလည်း နှောင့်နှောင်းမှု ဖြစ်ပေါ်ခဲ့သည်။

ဗြိတိန်မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ မိုးရေချိန်မှာ ၅၀ မီလီမီတာအထိရှိခဲ့ပြီး နေရာပေါင်း ၁၃၀ တွင် ရေကြီးနိုင်ကြောင်း သတိပေးထားသည်။ ယခု တိုက်ခတ်သည့် မုန်တိုင်း၏ အမည်ကို ပြင်သစ်တွင် Christian ဟု အမည်ပေးထားပြီး ဗြိတိန်မီဒီယာများကမူ St Jude ဟု ခေါ်ဝေါ်သုံးစွဲကြသည်။ ဥရောပမြောက် ပိုင်းတွင် တနင်္လာနေ့က တိုက်ခတ်ခဲ့သည့် မုန်တိုင်းမှာ ဆယ်စုနှစ်အတွင်း အဆိုးရွား ဆုံးဖြစ်သော် လည်း ထိခိုက်ပျက်စီးမှုမှာမူ ၁၉၈၇ ခုနှစ်က တိုက်ခတ်ခဲ့သည့် မုန်တိုင်း တိုက်ခတ်ခဲ့ စဉ်က ထက် နည်းပါးကြောင်း သိရသည်။ ၁၉၈၇ ခုနှစ်က တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် ဗြိတိန်နှင့် ပြင်သစ် တွင် လူ ၂၂ ဦးသေဆုံးကာ ပျက်စီးဆုံးရှုံးမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၆ ဘီလျံရှိကြောင်း သိရသည်။

From: Planet Myanmar Network

အမျိုးသမီးရော့ခ်သံစဉ်ပြင်းပြင်းတွေကိုခံစားရမယ့် စမိုင်းလ် ရဲ့ New Me စီးရီး

Posted by drmyochit Tuesday, October 29, 2013, under | No comments


၂ဝဝဝ ပြည့်နှစ်ဝန်းကျင် ကာလတွေမှာမော်ဒယ်လ် သရုပ်ဆောင်အဖြစ် ပရိသတ် အသိအမှတ်ပြုလက်ခံအား ပေး မှုကိုရရှိခဲ့တဲ့စမိုင်းလ်ကအနုပ ညာလောကနဲ့နှစ် အေ တ်ာကြာ ဝေးကွာခဲ့ပြီးနောက်မှာတော့ ၂ဝ၁၁ဝန်းကျင်မှာ မြန်မာ ပြည်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး  New Me ဆိုတဲ့ ရော့ခ်တေးအယ်လ်ဘမ် တစ်ချပ်ကို နိုဝင်ဘာ လ၃ ရက်နေ့မှာ ဖြန့် ချိတော့မှာဖြစ်ပါတယ်။ ဟန်ထူးလွင်၊ဗီနိုထွန်းတို့ပါဝင်တဲ့  Boxer Music Band နဲ့ တီးခတ်ထားတဲ့ စမိုင်းလ်ရဲ့ အခွေမှာတော့ ရွှေဂျော်ဂျော်၊ ဇဝါ၊ ကျားပေါက်၊ ဗီနိုထွန်း၊ ရေမွန် (Idiots) နဲ့ ဖော်ကာ (Wanted) တို့က သီချင်းတွေကို ရေးစပ်ပေးထားပါတယ်။ တေးရေးအင်အားကိုကြည့်တာ နဲ့တင်ပဲ စမိုင်းလ်ရဲ့ အယ်လ် ဘမ် ဟာ ရော့ခ်အငွေ့အသက်မကင်းနိုင်ဘူးဆိုတာသိသာပါ တယ်။ သီချင်း ၁၁ပုဒ်ပါဝင်မယ့် စမိုင်းလ်ရဲ့အယ်လ်ဘမ်မှာအင်္ဂလိပ် သီချင်းနှစ် ပုဒ်နဲ့ မြန်မာ သီချင်းကိုးပုဒ် ပါဝင်မှာ ဖြစ်ပါတယ်။ Rock  စတိုင်တွေ လွှမ်းခြုံ နေမယ့် စမိုင်းလ်ရဲ့ အခွေထဲမှာတော့ အစဦးဆုံးအပုဒ်ကို Hello ချစ်သူဆိုတဲ့ သီချင်းအေးအေးလေးနဲ့ စထားပါတယ်။

” နောက်ပိုင်းသီချင်းတွေက တဖြည်းဖြည်း Tempo  မြင့်သွားမယ်။

အရှေ့ဆုံးမှာတော့တော်တော်ချိုတဲ့သီချင်းလေးကိုထားထားတယ်”  လို့ စမိုင်းလ်ကပြောပါတယ်။ New Me စီးရီးထဲမှာ သီချင်းအနှေးလေးတွေအပြင်မြူးကြွတဲ့ သံစဉ်တွေနဲ့ ပြင်းထန်တဲ့ ရော့ခ်ဂီတရဲ့ အနှစ်သာရကို ခံစားရမှာဖြစ်ပါတယ်။ စမိုင်းလ်ရဲ့အခွေထဲမှာ သူ့ရဲ့ သမီးလေးအတွက်ခံစားသီဆိုထားတဲ့ “သမီးလေး”   ဆိုတဲ့သီချင်းလည်းပါဝင်မှာ ဖြစ်ပြီးဗီနိုထွန်းကရေးစပ် ပေးထားတာဖြစ်ပါတယ်။
” ဗီနိုမှာလည်း သမီးလေး မွေးထားတော့ ဆိုသူ၊ ရေးသူ ခံစားချက်ချင်းတိုက်ဆိုင်ပြီး ဒီသီချင်းလေးကတော့ အမှတ်တရဖြစ်သွားတယ်။ ပြီးတော့ စမိုင်းလ်တို့ သမီးကြီး ကိုစမွေး တဲ့အချိန်မှာအင်္ဂလန်မှာ စမိုင်းလ်တို့ အခက်အခဲတွေနဲ့ အဆင်မပြေတဲ့အချိန်ဖြစ်နေတယ်။ခက်ခက်ခဲခဲမွေးခဲ့ရ တယ်။ အဲဒီတော့ ဒီသီချင်းလေး ကအမှတ် တရ ဖြစ်တာပေါ့” လို့ စမိုင်းလ်က ပြောပါတယ်။ စမိုင်းလ်ရဲ့အခွေထဲက Music  ပိုင်းကိုတော့ ကျားပေါက်က အစအဆုံးကူညီပေးထားတာကြောင့် ပန့်ရောခ့်ဟန်တွေ လွှမ်းနေမှာဖြစ်ပါတယ်။ စမိုင်းလ်က စီဒီကာဗာ ကိုလည်းရောခ့်ဆန်ဆန် ရိုက်ကူးထားပြီး ကာဗာကိုမြင်တာနဲ့ ဂီတရဲ့အငွေ့အသက်တွေကိုပါ ခံစားနိုင်စေဖို့ရည်ရွယ်ထား တယ်လို့လည်းသိရပါတယ်။

စမိုင်းလ်က နိုဝင်ဘာ ၃ ရက်နေ့မှာ စီဒီထွက်ရှိပြီးတဲ့နောက် အမ်တီဗီကိုလည်း အမြန်ဆုံးထွက်ရှိလာမယ်လို့ သိရပါတယ်။အဆင့်မြင့် Red ကင်မရာများနဲ့ရိုက်ကူး ထား ပြီး ပြည်ပကဒါရိုက်တာများနဲ့ပါ ရိုက်ကူးထားတယ်လို့လည်း  သိရပါ တယ်။ မိန်းကလေးဖြစ်တဲ့အ လျောက် မိန်းကလေးဆန်ဆန် သီချင်းချိုချို လေးတွေကို မရွေးချယ် ဘဲ ဟဲဗီးဖြစ်  မယ့် သီချင်းပြင်းပြင်းတွေကို ရွေး ချယ်ဖြစ်တဲ့အပေါ်မှာလည်း မိုင်းလ်က..

” စမိုင်းလ်အသံက သြသြ ရှရှ လည်းရှိတယ်။ ပြီးတော့ ရော့ခ်ဂီတကိုလည်း အရင်ကတည်းက ကြိုက်တော့ လုပ် ဖြစ်သွားတာ။ တော်တော် များများကလည်း မိန်း ကလေးဆန်တဲ့ သီချင်းပုံစံမျိုး လုပ်ခိုင်းတယ်။ ဒါပေမဲ့ စမိုင်းလ်အနေနဲ့ သီးသန့် တစ်လိုင်းသွားချင်တာလည်း ပါတယ်။ ဒီလို ရော့ခ်ဆန်တဲ့ ပုံစံမျိုး မိန်းကလေးထဲမှာလည်း လုပ်ကြတာ တော်တော်ရှားသေးတော့ လမ်းလေး ဖောက်ချင်တာ လည်းပါပါတယ်” လို့ လည်း စမိုင်းလ်က ရော့ခ်ဂီတကို ရွေးချယ်ဖြစ်ပုံ နဲ့ပတ်သက်ပြီး ပြော ပါ တယ်။ ရော့ခ် အငွေ့အသက်များစွာနဲ့ ထွက်ရှိလာတဲ့ စမိုင်းလ်ရဲ့ New Me  စာနယ်ဇင်းရှင်းလင်းပွဲကိုတော့ အောက်တို ဘာ ၁၅ ရက်၊ နေ့လယ် ၁ နာရီအချိန်က Park Royal ဟိုတယ် မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ စမိုင်းလ်ရဲ့ စာနယ်ဇင်းအခမ်းအနားမှာလည်း ဂီတလောက မှ တေးရေး ဆရာများ၊ အနု ပညာရှင်များ စုံလင်စွာ တက် ရောက် ခဲ့ကြပြီး စမိုင်းလ်ကို ကြိုဆိုခဲ့ကြပါတယ်။ စမိုင်းလ်ရဲ့ အခွေပရိုမိုးရှင်းပွဲ ကိုတော့ နိုဝင်ဘာ ၂ ရက်၊ နေ့လယ် ၂ နာရီကနေ ညနေ ၆ နာရီ အထိ တော်ဝင်စင်တာ မှာအနုပညာ ညီအစ်ကို မောင်နှမများစုံလင်စွာနဲ့ အမှတ် တရလက်မှတ်ရေးထိုး သီဆို ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့လည်း သိရ ပါတယ်။

 ရဲရဲ
From: Popular Myanmar

နေအိမ်ကိုပြန်လည် ရောက်ရှိနေပြီဖြစ်တဲ့ ဆိုတေးကို သတင်းသွားမေးကြသူအနုပညာရှင်များ

Posted by drmyochit Tuesday, October 29, 2013, under | No comments


ယာဉ်မတော်တဆမှု ကြောင့် မန္တလေးပြည်သူ့ ဆေးရုံကြီးမှာဆေးကုသမှု ခံယူ ခဲ့တဲ့ ဆိုတေးက  ကျန်းမာရေး တိုးတက်ကောင်း မွန်လာပြီ ဖြစ်တဲ့ အတွက် အောက်တိုဘာ ၁၆ ရက်နေ့မှာတော့ ဆေးရုံက ဆင်းပြီး နေအိမ်ကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါတယ်။  နေအိမ်ကို ပြန်လည်ရောက် ရှိလာပြီဖြစ်တဲ့ ဆိုတေးကို အနုပညာ ညီအစ် ကို မောင်နှမ တွေကလည်း သွားရောက် သတင်းမေးမြန်းကြပြီး ဆိုတေး နဲ့လည်း တပျော်တပါး ဓာတ်ပုံ တွေအတူတူ တွဲရိုက်ကြပါ တယ်။

အဆိုတော် ဆိုတေးကို အောက်တိုဘာ ၂၂ ရက် နေ့ညနေပိုင်းက သူ့နေအိမ်မှာ သွားရောက်သတင်းမေးမြန်း ခဲ့တဲ့ ဝိုင်းစုခိုင်သိန်းက” အစောကြီးကတည်းက သွား ကြည့်ဖို့ အစီအစဉ်ရှိတယ်။ သူဖြစ်ကတည်းက ဝိုင်းစုက အမေရိကသွားရတယ်။ ပြန် ရောက်တာလည်း မကြာသေး ဘူး။ပထမက မန္တလေးမှာ ပရိုမိုးရှင်းလုပ်တဲ့အခါကျရင် သွား မယ် စိတ်ကူးထားတာ။ ဒါပေမဲ့ သူကအရင်ရန်ကုန် ကိုပြန်ရောက်လာတော့ သွား ကြည့်ဖြစ်တာပါ။သူက အခြေ အနေတော်တော် ကောင်းနေ ပါပြီ။သူသေ ချာလေ့ကျင့် လိုက် မယ်ဆိုရင်လူကောင်းအတိုင်း ပြန်ဖြစ်သွားမှာပါ” လို့ပြောပါတယ်။

အောက်တိုဘာ၂ဝ ရက် နေ့က ဆိုတေးရဲ့ နေအိမ်ကို သွားရောက်ပြီး သတင်းသွား မေးရင်း အားပေးစကားပြော ပေးခဲ့တဲ့ နိုင်ဇော် (Lazy Club)က” စကားတော့ နည်း နည်း လေးပြောနိုင်လာပြီ။ အကြာ ကြီးတော့ မပြောနိုင်ဘူး။ လူတစ်ယောက်ကိုသိ တယ်။ သတိ ရတယ်။ကျေးဇူးတင်ပါ တယ်ပေါ့။အဲ ဒီလောက် တော့ သူ ပြောနိုင် တယ်။ အရင်လို တော့သွက်သွက် လက်လက်ကြီး မပြောနိုင်သေးဘူး။ သူဆေး ရုံကဆင်းပြီးအိမ်ရောက်တော့ ကျွန်တော် သွားကြည့် တယ်။သူနဲ့ေ တွ့တော့သူ ကကျွန်ေ တာ့် ကို ကန်တော့တယ်။သူကတော့ သူ့အိမ်မှာ ဘောင်းဘီအတိုလေး နဲ့ပဲ နေတာလေ။ကလေးလေး လို ပြန်ဖြစ်သွားတယ်။ ကျွန်တော် ကတော့ သူ့ ကို အားပေး စကား တွေ အများကြီးပြောပေးခဲ့ တယ်။

ညီလေးဆိုတေး ဒီ အခြေအနေမှာ မင်းနောက်ထပ် အခွေသစ်တွေ၊ သီချင်းအသစ် တွေလုပ်ဖို့အတွက်ကို မင်းဦး နှောက်ကို အနားပေးတယ်လို့ပဲ သဘောထားပါ။အဓိက အချက် ကတော့ငွေနောက်မလိုက်နဲ့ တော့။ နေပြန် ကောင်းသွားလို့ အလုပ်ပြန်လုပ်တော့ မယ်ဆိုရင် အရင်တုန်းက အဆို တော်မဖြစ် ခင်က ကိုယ်ကြိုးစားထားတဲ့ အ ရာတွေကို ရအောင်လုပ်ပါလို့ ကျွန်တော့်အနေနဲ့ ဆုံးမစကား ပြောပေးခဲ့ပါတယ်။သူက ကျွန် တော့်ကိုကန်တော့တော့ စကား ပြောပေးခဲ့တာပါ။ ဒီအခွင့်အ ရေးကို အတွေ့အကြုံလို့ အသုံး ချပြီးတော့ ဒီ့ထက်ကောင်းတဲ့ သီချင်းတွေကိုဖန်တီးနိုင် အောင်ကျွန်တော်ဆိုတေးကို သူ့ အခွေနဲ့ပတ်သက်ပြီးလည်း မေးပါ တယ်။ သူပြောပြ ပါ တယ်။ ဒုတိယ အခွေအတွက် သီချင်း တွေပြီးပြီလို့ပြောပြတယ်။ပရိ သတ်တွေအနေနဲ့သူ့ရဲ့ ဒုတိယ မြောက်အခွေကို နား ထောင်ရ တော့မှာပါ။

ကျွန်တော်တို့ အနေနဲ့ သူ တီးထားအပ်ထားတဲ့ သီချင်းတွေကိုသူ့ဆီမှာ ဘယ် နှစ်ပုဒ်ရှိလဲ။ဘယ်သူ့ဆီမှာ ဘယ်နှစ် ပုဒ်ရှိလဲဆိုတာတွေကို အကုန်လုံးမှန်းပြီးသီချင်းကို ပြန်လိုက်စုပြီးသူ့ရဲ့ ဒုတိ ယ မြောက်အခွေကိုထွက်နိုင် အောင်ကြိုးစားပေးမှာပါ” လို့ပြောပါတယ်။

” ဝိုင်းစုက တစ်လပိုင်းကို အခွေထွက်ဖို့လုပ်ထားတာဆို တော့ သူမမီလောက်ဘူး ထင်တယ်။ သူနဲ့ဆိုထား တဲ့ သီချင်းကို ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်း စားနေတုန်းပဲ။ သူ က သီချင်းဆိုဖို့လောက်တော့ အားမ ရှိသေး ဘူး။ ဒါပေမဲ့ အခြေအနေကတော့ တအားပြန် ကောင်းသွား ပြီ။ အားလုံးလည်း သူ ပြန်မှတ်မိ တယ်။ ပြောနိုင် တယ်။ သူပျော် လည်းပျော်တယ်။ အောက်တိုဘာ ၂၃ ရက် နေ့က ဆိုတေးရဲ့ နေအိမ်ကို ဟဲလေး၊ အစ္စဏီ၊ ဒီယံ၊ Wai လျှံ၊ စစ်သွေးတို့ကလည်း သွားရောက်တွေ့ဆုံ သတင်း မေးခဲ့ ပါ တယ်။ ဆိုတေးကိုသွား ရောက်တွေ့ ဆုံဖြစ်ခဲ့တဲ့ ဟဲလေးက ” ဆိုတေးနဲ့က သူဘာမှ မအောင်မြင်ခင်ကတည်းက ကျွန်တော် နဲ့ဆိုခဲ့ကြတယ်။ ညီတစ်ယောက်လိုပဲ။

သွားတွေ့ ခဲ့ကြတဲ့ အစ္စဏီတို့၊ Wai လျှံ တို့၊ ဒီယံတို့၊ စစ်သွေးတို့ဆို တာတစ်ဖွဲ့တည်းသားလို့ ပြော လို့ ရတယ်။ မနေ့က ဝိုင်းစု နဲ့ဖုန်းရတော့ သွားကြည့် ဖြစ် တာ။ အမှန် ကတော့ ရန်ကုန် မှာ ရောက်နေပြီ လို့ကြား တယ်။ ဒါပေမဲ့ ဆေးရုံမှာပဲထင်တာ။ အိမ်ကို ပြန် ရောက်ပြီဆိုတော့ အဆင်ပြေ သွားတာပေါ့။ အခုလိုမျိုး  အားနည်းနေ တဲ့အချိန်မှာ သွားအားပေးတဲ့သဘောပါ။ အရင်ကတွဲလုပ်ခဲ့တဲ့ ” အဝေးရောက်ချစ်သူ” ဆိုတဲ့ သီချင်းလို ရှေ့လျှောက်သီချင်း တွေတွဲ လုပ်ကြမယ်လို့ ကျွန်တော် သူ့ ကို ပြောဖြစ်တယ်။ ” ဆိုတေး ညီလေး ငါတို့ အဝေးရောက် ချစ်သူဆိုတဲ့ သီချင်းလေး အောင်မြင်ခဲ့တဲ့။ လက်ရှိ မင်းရဲ့သစ္စာဆိုတဲ့ သီချင်းလေး လည်း အောင်မြင်နေ တယ်။ နောက် ထပ်သီချင်းတွေလည်း ဆက်လုပ်ကြမယ်။ အဓိကက ကိုယ့် ကိုယ်ကိုယ်ဂရုစိုက်၊ အင်အား တွေရှိလာအောင် အကောင်းဆုံးအနားယူ” လို့ပြောခဲ့တယ်။ အခြေအနေကောင်းပါတယ်။ ဟဲလေးဆို ဟဲလေး၊ Wai လျှံ ဆို Wai လျှံ မှတ်မိတယ်။ သူအဆိုတော်မဖြစ်ခင် ရပ်ကွက်ရှိုးလေးမှာ ကျွန်တော့်ရဲ့ “ပတ်သက်ခွင့် ပြုပါ” သီ ချင်း ကို သူနဲ့ဆိုတယ်။ အခုသူက အဲဒီရပ်ကွက်ထဲမှာ ပြောင်းနေတာ။ အဲဒါ သူ့ကို ပြန်ပြောပြတော့ အမှတ်ရတယ်” လို့ ပြော ပါ တယ်။

ပေါ်ပြူလာအဖွဲ့
Popular Myanmar

စီအိုင်ဒီမှ စစ်ဆေးပြီးသည့် ၁၀၀၀ ကျပ်တန်အတု လှည့်လည် သုံးစွဲနေသည့် ကိစ္စ စစ်ဆေးနေ

Posted by drmyochit Tuesday, October 29, 2013, under | No comments


စီအိုင်ဒီ(မှုခင်း စုံစမ်းရေးဌာန)မှ စစ်ဆေးပြီး ငွေစက္ကူ အတုဟု တံဆိပ်ရိုက်နှိပ်ထားသည့် ကျပ် ၁၀၀၀ တန် ငွေစက္ကူမှာ ပြည်သူများလှည့်လည် သုံးစွဲနေသည့်ငွေများအကြား ပြန်လည်ရောက်ရှိလာသည့်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေရကြောင်း သိရသည်။

အောက်တိုဘာ ၃ ရက်နေ့ထုတ် Daily Eleven သတင်းစာ ၏ “ပြည်သူတွေက ပေးတဲ့စာ” ကဏ္ဍတွင် မြောက်ဥက္ကလာပ မြို့နယ်နေ ကော်ဖီနှင့် စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချသူ ဒေါ်မေပပသွယ်မှ ကျပ် ၁၀၀၀ တန် ငွေစက္ကူအား စက်တင်ဘာ ၂၂ ရက်က ရရှိခဲ့ကြောင်း ပေးပို့ခဲ့သည့်အတွက် သက်သေဖြစ်သည့် ငွေစက္ကူအတုနှင့် တကွ ဖော်ပြခဲ့သည်။

အဆိုပါ ငွေစက္ကူတွင် စစ်ဆေးရေးဌာန တစ်ခု၏ တစ်ဆိပ်တုံး၊ ငွေစက္ကူအတုဟူသော တံဆိပ်တုံး၊ လက်ရေး မှတ်ချက်၊ နေ့စွဲများ ပါဝင်နေသည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ငွေစက္ကူအတုများ စစ်ဆေးတွေ့ရှိပါက စီအိုင်ဒီ သို့ တင်ပြရပြီး စီအိုင်ဒီ၏ ငွေတုဖြစ်ကြောင်း မှတ်ချက်၊ တံဆိပ်တုံးများဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် သို့ ပြန်လည် ပေးပို့ရကြောင်းသိရသည်။

ထိုသို့ ငွေစက္ကူ အတု စစ်ဆေးချက်အပြည့်အပြည့်အစုံဖြင့် ဖေါ်ပြထားသည့် ငွေစက္ကူအတုမှာ ဖျက်ဆီးခြင်း၊ သိမ်းဆည်းခြင်းစသည့် အနေအထား တစ်ခုတွင် ရှိမနေပဲ ပြည်သူများအကြား လှည့်လည် သုံးစွဲနေမှုအပေါ် စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။

“ဒါက ထူးခြားဖြစ်စဉ် ဖြစ်ပါတယ်။ ငွေစက္ကူ အတုပါ” ဟု ဗိုလ်ဆွန်ဝက်လမ်းရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ခွဲမှ လုပ်ငန်းအရာရှိ ဒေါ်ဖြူဖြူဆွေက အောက်တိုဘာ ၂၈ ရက်က အတည်ပြု ပြောကြားသည်။

“ငွေစက္ကူ အတုနဲ့ ပတ်သက်တဲ့ အမှုတော်တော်များများ လိုက်ဖူးပါတယ်။ လုပ်ငန်းသဘောအရဆိုရင် စီအိုင်ဒီလက်ထဲ ရောက်သွားရင် အရေအတွက်၊ ပုံသဏ္ဍာန်စတဲ့ အသေးစိတ်အချက်အလက်တွေကို ရှာဖွေပုံစံနဲ့ သိမ်းတာပါ။

ဒီလိုသိမ်းထားပြီးပြီ ဆိုရင် ဓါတုဗေဒဌာနတို့၊ ဓာတ်ခွဲခန်းတို့၊ ဘိလစ်စာရေးတို့ လက်ထဲမှာပဲ ရှိနေပြီး မီးရှို့ဖျက်ဆီးပစ်ခြင်းနဲ့ အဆုံးသတ်ပါတယ်။ ဒီလိုမျိုး လုပ်ရမယ့် ငွေတုတစ်ရွက်က ပြည်သူတွေကြားထဲ ပြန်ရောက်နေတယ်ဆိုတာက ဖြစ်လေ့ဖြစ်ထ မရှိသလို ဖြစ်သင့်တဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်တို့နိုင်ငံက အခုဆို ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ကာလမှ ငွေစက္ကူအတုပြဿနာ ထပ်ဖြစ် လာတာကတော့ စိုးရိမ်စရာ ကောင်းပါတယ်” ဟု Purple Equity Law Firm မှ ဦးဖိုးဖြူက သုံးသပ်သည်။

ယခုလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ကျပ် ၁၀၀၀ တန် ငွေစက္ကူ အတု ရွက်ရေ ၈၀၀၀ ကျော် မိသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ အလားတူပင် စက်တင်ဘာလအတွင်း ကလည်း မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

Myanmar ICT

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်