Thursday, June 28, 2012

ကိုဖီအာနန်က ဆီးရီးယားနိုင်ငံဆိုင်ရာလုပ်ငန်းဖော်ဆောင်ရေးအဖွဲ့အစည်းအဝေးအား ဇွန်လ ၃၀ ရက်နေ့တွင် ပြုလုပ်မည်ဟုဆို

Posted by Anonymous Thursday, June 28, 2012, under | No comments


ဆီးရီးယားနိုင်ငံဆိုင်ရာ ၀န်ကြီးအဆင့်လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့အစည်းအဝေးအား ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ဇွန်လ ၃၀ ရက်နေ့၌ ပြုလုပ်မည်ဖြစ်ကြောင်း ဆီးရီးယားနိုင်ငံဆိုင်ရာ ပူးတွဲအထူးသံတမန် ကိုဖီအာနန်က ဇွန်လ ၂၇ ရက်နေ့တွင်ပြောကြားခဲ့သည်ဟု Xinhua သတင်းတစ်ရပ်အရသိရှိရပါသည်။


အာနန်အနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ၊ တူရကီ၊ အီရတ်၊ ကူဝိတ်နှင့်ကာတာ နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ အာရပ်အဖွဲ့ချုပ်၏ အတွင်းရေးမှူးချုပ်နှင့် ဥရောပသမဂ္ဂ အဖွဲ့၏နိုင်ငံခြားရေးနှင့်လုံခြုံရေးမူဝါဒရေးရာ အဆင့်မြင့်ကိုယ်စားလှယ် တို့ကိုဖိတ်ကြားထားပြီးဖြစ်ပါသည်။

အဆိုပါအဖွဲ့၏ ရည်ရွယ်ချက်များမှာ အချက် ၆ ချက် ပါငြိမ်းချမ်းရေးအစီအစဉ်အား အပြည့် အ၀ပြီးပြည့်စုံအောင်ဆောင်ရွက်ရေးနှင့် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး အပါအ၀င် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၀၄၂ နှင့် ၂၀၄၃ တို့ကိုလည်းဖော်ဆောင်ရေး တို့အတွက် လုပ်ငန်းစဉ်များ၊ အဆင့်များခွဲခြားသတ်မှတ် သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်