Thursday, June 28, 2012

ရုရှားနိုင်ငံသည် ပထမဆုံး S-500 လေကြောင်းရန်ကာကွယ်ရေးဒုံးပျံစနစ်အား ၂၀၁၃ ခုနှစ်တွင် တပ်ဖြန့်ချထားမည်ဟုဆို

Posted by Anonymous Thursday, June 28, 2012, under | No comments


ရုရှားစစ်ဘက်သည် ပထမဆုံးမျိုးဆက်သစ် S-500 လေကြောင်းရန်ကာကွယ်ရေးဒုံးပျံစနစ်အား ၂၀၁၃ ခုနှစ် အစောပိုင်းတွင် လက်ခံရရှိနိုင်ဖွယ်ရှိကြောင်း ရုရှားလေတပ်ဦးစီးချုပ် ဗိုလ်ချုပ် ဗစ်တာဘွန်ဒါရတ်ဗ်က ဇွန်လ ၂၇ ရက်နေ့တွင်ပြောကြားခဲ့သည်ဟု Newsnow သတင်းတစ်ရပ်အရသိရှိရပါသည်။
ရုရှားလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များသည် S-400 Triumf လေကြောင်းရန် ကာကွယ်ရေးစနစ် တပ်ဆင်ထားသည့် တပ်ရင်း အသစ်များနှစ်စဉ်တိုးလာသဖြင့် အလွန်အင်အားတောင့်တင်းလျက်ရှိကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ လက်ရှိအချိန်တွင် ရုရှားနိုင်ငံအနေဖြင့် S-400 တပ်ရင်းကြီး ၄ ရင်းအား  မော်စကိုဒေသ၊ ကလင်နီဂရတ်နှင့် အရှေ့ပိုင်းစစ်ခရိုင်တို့တွင် တပ်ဖြန့်ချထားပါသည်။

၂၀၂၀ ခုနှစ်တွင် ရုရှားနိုင်ငံအနေဖြင့် အဓိကအားဖြင့် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ဒေသများတွင် တပ်ရင်း ၂ ရင်းစီပါဝင်သည့် S-400 တပ်ရင်းကြီး ၂၈ ရင်း တပ်ဖြန့်ထားရှိမည်ဖြစ်ပါသည်။ ၎င်း S-400 လေကြောင်းရန် ကာကွယ်ရေး ဒုံးပျံစနစ်သည် တာဝေးနှင့်တာလတ် ပစ်ခတ်နိုင်သော မြေပြင်မှဝေဟင် ပစ်ဒုံးပျံ စနစ်ဖြစ်ပြီး အကွာအဝေး ၄၀၀ ကီလိုမီတာအထက်နှင့် အမြင့် ၃၀ ကီလိုမီတာအထက်မှ ပျံသန်းဝင်ရောက်လာသော လေယာဉ်၊ မောင်းသူမဲ့လေယာဉ်၊ ခရုဇ်ဒုံးပျံနှင့်ပဲ့ထိန်း ဒုံးပျံများအပါအ၀င် မည်သည့်လေကြောင်းပစ်မှတ်များကိုမဆိုပစ်ချနိုင်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်