Thursday, June 28, 2012

အီရတ်ဝန်ကြီးချုပ်က ပါလီမန်ရွေးကောက်ပွဲများစောစီးစွာကျင်းပရန်တောင်းဆိုခဲ့ခြင်း

Posted by Anonymous Thursday, June 28, 2012, under | No comments



အီရတ်ဝန်ကြီး ချုပ်နျူရီအယ်မာလီကီက ၎င်းအပေါ်အယုံအကြည်မရှိ အဆိုတင်သွင်းခြင်းအပါအ၀င် နိုင်ငံရေးပြိုင်ဘက် များနှင့်ဖြစ်ပွားလျက်ရှိသောပြဿနာရပ်များကြောင့် ပါလီမန်ရွေးကောက်ပွဲများ အားစောစီးစွာ ကျင်းပရန်ဇွန်လ ၂၇ ရက်နေ့တွင်တောင်းဆိုခဲ့ကြောင်း Xinhua သတင်းတစ်ရပ်အရ သိရှိရပါသည်။မာလီကီသည်အထူးသဖြင့် ဥပဒေပြုအာဏာပိုင်အဖွဲ့(ပါလီမန်)အပါအ၀င် အစိုးရအဖွဲ့ အစည်းများအားလုံးကိုပြုပြင်ပြောင်းလဲမှု များဖော်ဆောင်ပြီးပါက အမျိုးသားအဆင့်ဆွေးနွေး ညှိနှိုင်းမှု တစ်ရပ်ပြုလုပ်ရန်လည်းတောင်းဆိုခဲ့ပါသည်။ 


ဆွန်နီအဖွဲ့ကကျောထောက်နောက်ခံပြုထားသော Iraqia အုပ်စု၊ ကာဒစ်မဟာမိတ်အဖွဲ့နှင့် အစွန်းရောက်ရှီးယိုက်ဘာသာရေးခေါင်းဆောင် မူတာဒါအယ်ဆာဒါ၏သစ္စာခံ Ahrar  အုပ်စုတို့မှ နိုင်ငံရေး သမားများနှင့်ဥပဒေပြုအမတ်များအပြင် အခိျု့သောတစ်သီးပုဂ္ဂလကိုယ်စားလှယ်များက ရှီးယိုက်ကြီးစိုးသော မာလီကီအစိုးရအဖွဲ့သည် အီရတ်နိုင်ငံအတွင်းရှိ ဒီမိုကရေစီလုပ်ငန်းစဉ်ကိုဖျက်ဆီးနေကြောင်း စွပ်စွဲခဲ့ကြပါသည်။

ထို့အပြင် မာလီကီအနေဖြင့်ပြိုင်ဘက်နိုင်ငံရေးပါတီများနှင့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလက လက်မှတ်ရေးထိုးခဲ့သော အာဏာခွဲဝေကျင့်သုံးရေး သဘောတူညီချက်ပါသတ်မှတ်ချက်များ အကောင်အထည်ဖော်ရေးကတိက၀တ်များ ကိုလည်းချိုးဖောက်ခဲ့သည်ဟုစွပ်စွဲခဲ့ကြကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်