အီရန်နိုင်ငံသည်
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်အား တီဟီရန်မြို့တွင် စက်တင်ဘာလနှောင်းပိုင်း၌ ကျင်းပပြုလုပ်မည့်
ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (NAM) ညီလာခံသို့တက်ရောက်ရန် ဇွန်လ ၂၇ ရက်နေ့တွင်
ဖိတ်ကြားခဲ့ကြောင်း Xinhua သတင်းတစ်ရပ်အရသိရှိရပါသည်။
လက်ရှိအချိန်တွင်ကမ္ဘာတစ်ဝန်း၌ဖြစ်ပျက်နေသောနိုင်ငံရေးအဖြစ်အပျက်များမှာအလွန်များပြားကြောင်းနှင့်
Xinhua ညီလာခံအနေဖြင့်
ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုဖော်ဆောင်ရေးကြိုးပမ်း သွားမည်ဖြစ်ကြောင်း အီရန်သမ္မတမာမွတ်အာမက်ဒီနီဂျက်၏ အထူးသံတမန်မိုဟာမက် အလီဖာတိုလာဟီ
က ပြောကြားခဲ့ပါသည်။
ဟွန်ဆန်သည်အဆိုပါဖိတ်ကြားချက်အား လက်ခံခဲ့ပြီး ညီလာခံတက်ရောက်မည်ဟုကတိပြုခဲ့ပါသည်။ ထို့အပြင်ကမ္ဘောဒီးယားဝန်ကြီးချုပ်က အီရန် နိုင်ငံအားကမ္ဘောဒီးယားနိုင်ငံနှင့်အတူ ကုန်သွယ်ရေးနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအပြင် ရှိရင်းစွဲနိုင်ငံရေးနှင့် သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတို့တွင် ဆက်ဆံရေးများ တိုးချဲ့ဆောင်ရွက်ရန်တောင်းဆိုခဲ့ကြောင်း
သိရှိရပါသည်။
0 comments:
Post a Comment