Thursday, June 28, 2012

အသံထက်မြန်သော ဘရာမို့စ်-၂ ဒုံးပျံရှေ့ပြေးပုံစံအား ၂၀၁၇ ခုနှစ်တွင် စမ်းသပ်ပစ်လွှတ်ရန်အသင့်ဖြစ်မည်ဟုဆို

Posted by Anonymous Thursday, June 28, 2012, under | No comments


အိန္ဒိယနှင့်ရုရှားနိုင်ငံတို့မှ ပူးတွဲထုတ်လုပ်သောအသံထက်မြန်သည့် ဘရာမို့စ်-၂ ဒုံးပျံ၏ပထမဆုံးရှေ့ပြေးပုံစံ အပြီးသတ် စမ်းသပ်ပစ်လွှတ်မှုအား ၂၀၁၇ ခုနှစ်တွင် အသင့်ဖြစ်မည်ဖြစ်ကြောင်း ရုရှား-အိန္ဒိယ ပူးတွဲဘရာမို့စ်အာကာသ နည်းပညာကုမ္ပဏီအမှုဆောင် အရာရှိချုပ် ဆီဗာသာနုပိုင်လိုင်က ဇွန်လ ၂၇ ရက်နေ့တွင်ပြောကြားခဲ့သည်ဟု Newsnow သတင်းတစ်ရပ်အရသိရှိရပါသည်။
အိန္ဒိယနှင့်ရုရှားနိုင်ငံတို့သည်  အသံထက် ၅ ဆမှ ၇ ဆအထိ မြန်နှုန်းမြင့် ပျံသန်းနိုင်သော ဘရာမို့စ် ၂ ဒုံးပျံများအား ထုတ်လုပ်ရန် မကြာသေးမီကသဘောတူညီခဲ့ကြပါသည်။

အဆိုပါ ဒုံးပျံသစ်ကို မြေပြင်၊ ဝေဟင်နှင့် ပင်လယ်ပြင်အခြေစိုက်ပစ်ခတ်နိုင်သော ဒုံးပျံမျိုးကွဲ ၃ မျိုးပုံစံဖြင့် ထုတ်လုပ်မည်ဖြစ်ပါသည်။ ထုတ်လုပ်ထားပြီးဖြစ်သည့် ဘရာမို့စ်ဒုံးပျံသည် အကွာအဝေး ၂၉၀ ကီလိုမီတာ(မိုင် ၁၈၀)အထိ ရောက်ရှိပစ်ခတ်နိုင်ပြီး ၃၀၀ ကီလိုဂရမ် (၆၆၀ ပေါင်)လေးသော သမားရိုးကျ ဒုံးကျည်ထိပ်ဖူးတစ်ခုကို သယ်ဆောင်ပစ်ခတ်နိုင်ပါသည်။

၎င်းဒုံးပျံသည် အမြင့် ၁၀ မီတာ(ပေ ၃၀)ထိ နိမ့်ဆင်းပျံသန်းလာသည့် ပစ်မှတ်များအား ထိရောက်စွာပစ်ခတ်နိုင်ပြီး အသံထက် ၂.၈ ဆ မြန်နှုန်းရှိသဖြင့် အမေရိကန်နိုင်ငံလုပ် တိုမာဟော့ခ်ခရုဇ်ဒုံးပျံထက် သုံးဆပိုမိုမြန်ဆန်ပါသည်။ ပင်လယ်ပြင် နှင့်မြေပြင်အခြေစိုက် ဒုံးပျံများအား အောင်မြင်စွာ စမ်းသပ်ပစ်နိုင်ခဲ့ပြီး အိန္ဒိယကြည်းတပ်နှင့်ရေတပ် တို့တွင် အသုံးပြုလျက်ရှိပါသည်။ ဝေဟင်ပစ် ဒုံးပျံအား ၂၀၁၂ ခုနှစ်ကုန်ပိုင်းတွင် စမ်းသပ်မည်ဖြစ်ပြီး အိန္ဒိယလေတပ်ရှိ Su-30 MKI Flanker-H  တိုက်လေယာဉ် ၄၀ စင်းတွင် အဆိုပါဘရာမို့စ်ဒုံးပျံများ ကိုတပ်ဆင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်