ပြဿနာများစွာနှင့်ရင်ဆိုင်နေရသည့်
ထိုင်းအစိုးရအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ်ကုန်နောက်ပိုင်းအထိ ကာလကြာရှည် ရပ်တည်နိုင်ဖွယ်မရှိကြောင်း
ပညာရေးဝန်ကြီး ဆူချက်သာဒါသန်ဗောင်ဗတ်၏ ကြိုတင်ခန့်မှန်းမှုကို ထိုင်းဒုတိယ၀န်ကြီးချုပ်ပြည်ထဲရေး ၀န်ကြီးနှင့် အာဏာရဖြူထိုင်း ပါတီခေါင်းဆောင် တစ်ဦးဖြစ်သူ ယောင်ယုဒ်ဝီချိုင်ဒစ်က
ဇွန်လ ၂၇ ရက်နေ့ကငြင်းပယ်ခဲ့ကြောင်းနှင့်
ထိုင်းအစိုးရအဖွဲ့နှင့် ၀န်ကြီးချုပ် ယင်လပ်တို့ အနေဖြင့် ၄ နှစ်သက်တမ်းပြီး ဆုံးသည့်တိုင်အောင် ဆက်လက်တာဝန်ထမ်းဆောင်ရမည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့သည်ဟု Bangkokpost သတင်းတစ်ရပ် အရသိရှိရပါသည်။
ပုံမှန်အားဖြင့် အစိုးရတစ်ရပ်သည် အစိုးရအဖွဲ့ အပြောင်းအလဲပြုလုပ်သည့် အချိန်တိုင်းတွင်ပြဿနာရပ်များနှင့် မတည်ငြိမ်မှုများ နှင့်ကြုံတွေ့ ရလေ့ရှိကြောင်း ၎င်းကပြောကြားခဲ့ ပါသည်။ ထိုင်းအစိုးရအဖွဲ့သည် အနီရောင်ဝတ်ခေါင်းဆောင် ဂျာတူပေါင်ပရွန်ပန် ရင်ဆိုင် နေရသော အာမခံပြန်လည်ရုပ်သိမ်းမည့်ကိစ္စ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်ရေး ဆွဲရေး ဆိုင်ရာသဘောထား ကွဲလွဲမှုများနှင့် နိုင်ငံရေးအဖွဲ့အစည်းအသီးသီး ရှိသည့်ပြည်သူလူထု အကြားအဆုံးမသတ်နိုင်သော စိတ်ဝမ်းကွဲပြားမှုများ စသည်တို့အပါအ၀င်ပြဿနာအများ အပြား ရင်ဆိုင်နေရလျက် ရှိကြောင်း သိရှိရပါသည်။

Time in Rangoon

0 comments:
Post a Comment