Saturday, July 07, 2012

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့၏ ထူးချွန်မှုကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် သံတမန် အဆက်အသွယ် ထူထောင်ရန် နိုင်ငံပေါင်း ရှစ်နိုင်ငံမှ အဆိုပြု

Posted by drmyochit Saturday, July 07, 2012, under | No comments

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် သံတမန်အဆက်အသွယ် ထူထောင်ရန် နိုင်ငံပေါင်းရှစ်နိုင်ငံမှ အဆိုပြု လာကြောင်း ဇူလိုင်လ ၄ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ၎င်းနိုင်ငံများမှာ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ၊ မာလာဝီသမ္မတနိုင်ငံ၊ ဘူတန်နိုင်ငံ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ၊ လူဇင်ဘတ်နိုင်ငံ၊ လတ်ဗီးယားသမ္မတနိုင်ငံ၊ အက်စတိုးနီးယားနိုင်ငံနှင့် ဒိုမီနီကန်သမ္မတနိုင်ငံတို့ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၂ နှင့် နည်းဥပဒေ ၁၂၁ တို့အရ နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန်ဆက်သွယ်ရေး ဆောင်ရွက်ရန်ရှိသဖြင့် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရရှိရေးအတွက် တင်ပြခြင်းဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''မြန်မာနိုင်ငံနဲ့ ပြည်ပနိုင်ငံများအကြား သံတမန်ဆက်သွယ်မှု ထူထောင်တဲ့ နိုင်ငံပေါင်း ၁၀၃ နိုင်ငံ ရှိခဲ့ပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရ တာဝန်ယူပြီးနောက်ပိုင်း မြန်မာနိုင်ငံနှင့် သံတမန် အဆက်အသွယ် ပြုလုပ်လိုသည့် နိုင်ငံပေါင်း ရှစ်နိုင်ငံတို့မှ အဆိုပြုလာတယ်။ ယင်းနိုင်ငံများမှ အဆိုပြုချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့အစည်းအဝေးများတွင် တင်ပြ၍ ကနဦး သဘောတူညီချက်များ ရယူခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါနိုင်ငံများနှင့် သံတမန်ဆက်သွယ်ရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်မှ သဘောတူညီပြီးဖြစ်ပါက သံတမန်ဆက်သွယ်ရေး ထူထောင်ပြီးသည့်နိုင်ငံ စုစုပေါင်း ၁၁၁ နိုင်ငံရှိလာမှာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်