Saturday, July 07, 2012

ဘာလဲဟဲ့ ဗကသ

Posted by drmyochit Saturday, July 07, 2012, under | No comments

မြန်မာသမိုင်းမှာ ဒေါင်း ဟာ အထင်ကရအမျိုးသားလက္ခဏာဖြစ်တယ်။ မြန်မာဘုရင်များနဲ့ ဘီအိုင် အေ၊ ဘီဒီအေ တပ်များရဲ့ အလံတွေမှာ ကဒေါင်း ကိုသုံးခဲ့တယ်။ အင်္ဂလိပ်လက်အောက်မှာ ရန်ကုန် တက္ကသိုလ်ပေါ်လာတော့ ဗမာနိုင်ငံလုံးဆိုင် ရာကျောင်းသားများသမဂ္ဂက ခွပ်ဒေါင်းအလံကို သုံးခဲ့တယ်။ အဲဒီအချိန်ကစလို့ ခွပ်ဒေါင်းနဲ့ကျောင်းသားလှုပ်ရှားမှုကို တွဲမြင် ခဲ့တယ်။

ဒါပေမယ့် အဲဒီအချိန်က ဗကသ ဟာ ကျောင်းသားအရေး၊ ပညာရေး ဒါတွေကိုပဲ လုပ်ခဲ့တယ်။ ဗကသ ၀င်ကျောင်းသားများ ဟာ နိုင်ငံရေးကို လေ့လာတာရှိတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် လုပ်ခဲ့တာရှိတယ်။ ဒါပေမယ့် နိုင်ငံရေးလုပ်တာနဲ့ ဗကသ ကထွက်ပြီး သခင်ဘွဲ့ကို ခံယူခဲ့တာပါ။ ဒါ့ကြောင့် ဗကသ ခေါင်းဆောင် ကိုအောင်ဆန်းဟာ ဗကသ ကထွက်ပြီး သခင် အောင်ဆန်းအဖြစ်နဲ့ နိုင်ငံရေးလုပ်ခဲ့တယ်။ ကိုနုက သခင်နုဖြစ်သွားခဲ့တယ်။ ဗကသ ထဲမှာ ကျန်ခဲ့တဲ့ ကိုဗဆွေ၊ ကိုကျော်ငြိမ်း တို့က သခင်ဘွဲ့မခံခဲ့ဘူး။ ဒါ့ကြောင့် ဂျပန်ဝင်လာတဲ့အထိ ဦးဗဆွ၊ ဦးကျော်ငြိမ်းအဖြစ်နဲ့ရှိနေခဲ့တယ်။ အဲဒီအချိန်က ဗကသ ကို ရန်ကုန်တက္ကသိုလ်မှာ ရှိတဲ့ကျောင်းသားများက တစ်ညီတစ်ညွတ်တည်းရွေးခဲ့ တာပါ။ ဗကသအဖွဲ့ဝင်ဖြစ်ရမယ့်သူကို တိ ကျတဲ့ စည်းကမ်းချက်တွေနဲ့ သတ်မှတ်ခဲ့တယ်။ အခုလို လေးတန်းကျောင်းသား၊ ဘုန်းကြီး ကျောင်းသား၊ အဝေးသင် ကျောင်းသား၊ ပိုလီကျောင်းသား၊ ကျောင်းထွက်ပြီး စတေးရှောင်နေသူများ ဗကသ နံမည်ခံခွင့်မရှိဘူး။ ဒါ့ကြောင့် ဗကသ ဟာ ကျောင်းသားထုအများစုကို ကိုယ်စားပြုတယ်။ ဗကသရဲ့ အလံ ခွပ်ဒေါင်းဟာလည်း ကျောင်းသားထုကို ကိုယ်စားပြုတယ်လို့ လက်ခံခဲ့ကြတယ်။
လွတ်လပ်ရေးရလာတော့ တက္ကသိုလ်ထဲမှာ တိုးတက်၊ DSO ၊ ရဲခေါင် စသည်ဖြင့် နိုင်ငံရေးပါတီ လက်ဝေခံ ကျောင်းသား အဖွဲ့တွေ ပေါ်လာတယ်။ ဗကသ ဟာ ကျောင်းသားထုကို ကိုယ်စားပြုတာ မဟုတ်တော့ဘဲ ပါတီတွေက ကျောင်း  သားလော ကကို ချုပ်ကိုင်ဖို့ ပြိုင်တဲ့နေရာ ဖြစ်လာခဲ့တယ်။ အဲဒီမှာ ဗကသ ရဲ့ အခန်းကဏ္ဍရော၊ ခွပ်ဒေါင်းရဲ့အခန်းပါ ပျောက်ခဲ့တယ်။ ဗကသ ရွေးချယ်ပွဲတွေမှာ လွှတ်တော် ရွေးကောက်ပွဲတွေလိုပဲ မဲဆွယ်ကြ၊ အပုတ်ချကြနဲ့ ရှက်ဖွယ် လိလိ ဖြစ်ခဲ့ရတယ်။

၈၈ အရေးအခင်းကျတော့ ကျောင်းသားလှုပ်ရှားမှုက နှစ်ခြမ်းကွဲခဲ့တယ်။ ရန်ကုန်တက္ကသိုလ် ထဲမှာ အခြေပြုတဲ့ မင်းဇေ ယျာတို့က မကသ (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ) ၊ ဆေးရုံကြီးမှာ အခြေပြုတဲ့ မိုးသီးဇွန်တို့က ဗကသ ဆိုပြီး လုပ်တယ်။ တကယ်တော့ ကျောင်းသား အများစုဆန္ဒမဲနဲ့ ရွေးခဲ့တာလည်းမဟုတ်ဘူး၊ တူရာ လူနှစ်ဆယ်သုံးဆယ်စု။ မကသ ဖွဲ့တယ်ကွာ၊ ဗကသ ဖွဲ့တယ်ကွာဆိုပြီး ချခဲ့ကြတာ။ ဘွဲ့နှင်းသဘင်ထဲမှာ ဗကသ၊ မကသ ဖွဲ့တော့ မကသ က ခန်းမ ကြီးထဲမှာ အစည်းအဝေးလုပ်ပြီး ဖွဲ့တယ်။ မိုးသီးတို့က နောက်ဘက်က အခန်းထဲမှာ ဗကသ ဆိုပြီးဖွဲ့တယ်။

ပြီးတော့ ဘွဲ့နှင်းသဘင်ရှေ့က စင်ပေါ်တက်ပြီး ကိုကိုကြီးက ကျွန်တော်တို့ ဗကသ ဖွဲ့ပါမယ်။ ခေါင်းဆောင်အဖြစ် ဒီလူ တွေကို အမည်စာရင်းတင်ပါတယ်ဆိုပြီး မိုးသီးတို့ မင်းကိုနိုင်တို့ပါတဲ့ အမည်စာရင်းကို ဖတ်ပြ၊ သဘောတူရင် လက်ခုတ်တီးပါဆိုပြီး ပြော၊ မြက်ခင်းပြင်မှာ ထိုင်ပြီး စင်ပေါ်ဘယ်သူတက်တက် လက်ခုတ်တီးတဲ့ ပရိတ်သတ်ကြီးက လက် ခုတ်တီး။ ဒါဆို ဖွဲ့ပြီးပြီ။ ဒီလိုနဲ့ ဗကသ ၊ မကသ၊ ရကသ ဗကသ ( အထက်မြန်မာပြည်)၊ ဆိုပြီးပေါ်လာကြတယ်။ ဗကသ နဲ့ မကသ ဘယ်သူက ပိုအကောင်ကြီး တယ်ဆိုပြီး မိုးသီးနဲ့ မင်းဇေယျာ စားမာန်ခုတ်ခဲ့ကြတယ်။ အဖွဲ့အားလုံးကတော့ ဒေါင်းအ လံကတစ်ပြားသားမှမလျှော့ခဲ့ဘူး။

၈၈ မှာ စစ်တပ်က အာဏာသိမ်းပြီး ပါတီတွေ ဖွဲ့ခွင့်ပေးတော့ ကျောင်းသား အခြေခံတဲ့ ပါတီပေါင်း လေးဆယ်နီးပါး ပေါ်လာ ခဲ့တယ်။ ဒီတစ်ခါတော့ ကျောင်းသားတွေ ခွပ်ဒေါင်းမသုံးခင် အင်န်အယ်လ်ဒီက ခွပ်ဒေါင်းကို ဦးအောင်ယူသွားခဲ့တယ်။ ဒါ ကြောင့် အေးလွင်တို့အုပ်စုက အင်န်အယ်လ်ဒီကို စာရေးပြီး ခွပ်ဒေါင်းက ကျောင်းသားတွေနဲ့ပဲ ဆိုင်တယ်။ ပြန်ပေးဆိုပြီး ကန့်ကွက်ခဲ့တာပါ။

တကယ်တော့ ခွပ်ဒေါင်းအလံဟာ ဗကသရဲ့ တရားဝင်အလံပါ။ အဲဒီဗကသ ကလည်း ဗိုလ်ချုပ်တို့တုန်းကလို ကျောင်း သားအားလုံးက တစ်ညီတစ်ညွတ်တည်း မဲပေးရွေးထားတဲ့အဖွဲ့ ဖြစ်ရပါမယ်။ နှစ်ယောက်တစ်ပိုင်းနဲ့ဖွဲ့ပြီး ဗကသ အမည် ခံလို့မရပါဘူး။ ပါတီတစ်ခုက ယူပြီး သုံးလို့လည်း မရပါဘူး။ ဒါ့ကြောင့် လွတ်လပ်ရေးရထဲက ခွပ်ဒေါင်းအလံကို တရား ၀င်သုံးခွင့်ရှိတဲ့ကျောင်းသားအဖွဲ့မပေါ်သေးဘူးလို့ဆိုရမှာဖြစ်တယ်။

အခုလဲ အင်တာနက်ပေါ်မှာ ခွပ်ဒေါင်းကို အလွဲသုံးစားလုပ်တဲ့လူတွေ ပေါ်လာပြန်ပြီ။ ဒေါင်းကွင်း သို့မဟုတ် ဒေါင်း တို့ဘုံယံသာ ဆိုပဲ။ သူတို့ရေးတာ ဖတ်ကြည့်တော့လည်း အစိုးရကို အတင်းပြော၊ အစိုးရဘက်က ရပ်တည်တယ်လို့ထင်တဲ့ ဘလော့ဂ်တွေကို ဝေဖန် ဒါဘဲလုပ်နေတာ တွေ့ရတယ်။ ဒီလူတွေက ပြည်တွင်းလှုပ်ရှားမှုတွေမှာ မပါခဲ့ဘူးပဲ ပြည်ပ ရောက်နေရာကနေ သူများယောင်လို့ ၀င်ယောင်တဲ့ ခါတော်မီ ဒီိမိုကရေစီတွေဆိုတာ ထင်ရှားတယ်။ ဘာလို့လည်း ဆိုတော့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ နကန်းတစ်လုံးတောင်မသိဘူး၊ စက်တင်ဘာအရေး အခင်းကို အင်တာနက်နဲ့ ရုပ်သံမှာ ကြည့်ပြီး စစ်တပ်ကို ချမယ်ဆိုပြီး ထလုပ်တဲ့ နိုင်ငံရေးသူငယ် နှပ်စားတွေပါ။ တစ်ချို့ကတော့ စားကောင်း၊ သောက် ကောင်းအောင် အနေချောင်အောင် ၀င်ယောင်တဲ့လူတွေဆိုတာ သူတို့ပြောတာ၊ ရေးတာကြည့်ရင် သိနိုင်တယ်။ အလှုရှိလို့ ၀င်ရုပ်ရုပ် လုပ်ပြီး ထမင်းစားတဲ့ အပေါက်မျိုးပါ။ ဥပမာ စင်္ကာပူ ပိုလီကကောင်တွေလိုပေါ့။ ဒီလိုလူတွေ က ဒေါင်းနံ မည်ခံတာကတော့ ခုနက ပြောတဲ့ ပြည်တွင်းမှာ နှစ်ယောက်တစ်ပိုင်းနဲ့ အဖွဲ့ဖွဲ့တဲ့ကောင်တွေထက် ပိုပြီး ရင်နာ ဖို့ကောင်းပါတယ်။

ကျွန်တော်က စာရေးတော့ ရဲဘော်အောင်ထက်၊ သူတို့ C Box ထဲမှာ တုတ်ကြီး ဆိုတဲ့ နံမည်နဲ့ ၀င်ပြောတော့ ကျွန်တော့်ကို ကောင်းကောင်းဝေဖန်တယ်။ ခက်တာက စာရေးသူ တစ်ယောက်ဟာ ရေးချင်တဲ့ အကြောင်းအရာ၊ ရေးတဲ့နေရာ၊ ရေးတဲ့ ပုံစံကိုလိုက်ပြီး ကလောင်အမည် အမျိုးမျိုးထားတယ်ဆိုတာ သိပုံမရပါ။ စာလည်းဖတ်ဖူးဟန်မတူပါ။ ဆရာမြသန်းတင့်မှာ ကလောင်အမည်ခွဲတွေ အများကြီးရှိခဲ့တယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတောင်မှ မစိန်ညွန့်ဆိုတဲ့ ကလောင်နဲ့ မော်လ မြိုင်နတ်လမ်းညွှန်ဆိုတဲ့ စာတွေရေးဖူးတယ်ဆိုတာ သိပုံမရပါ။ ဘလော့ဂ်ပေါ်လာမှ ကိုယ့်ဘာသာကိုယ်ကြိုက်တာရေး၊ ကိုယ်ပဲ အယ်ဒီတာနဲ့ ထင်ရာစိုင်းနေပုံပါပဲ။ ပြီးတော့ C box မှာအချင်းချင်းပြန်မြှောက်နဲ့ မနော တွေ့နေပုံပါဘဲ။ သူတို့တွေ ဘလော့ဂ်စင်မြင့်ပေါ်တက်ပြီး မပီကလာ ပီကလာ ပြောနေပုံကို ဖတ်ရင် အူတက်မတတ် ရယ်ရပါတယ်။

ဒီလိုလူတွေက ဒေါင်းနံမည်ခံတာကတော့ ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စပဲ။ သူတို့ထက် ၀ါရင့်တဲ့ မိုးသီးတို့အုပ်စုတောင် မသုံးသင့်ရင် ဒီဒေါင်းကွင်းအမည်ခံ ကိုယ်တော်များက ပိုပြီး ဝေးတာပေါ့။ ခွပ်ဒေါင်း ဆိုတာ မြန်မာ့သမိုင်းဖြစ်တယ်။ ကျောင်းသားထုကို အမှန်တကယ် ကိုယ်စား ပြုတဲ့အဖွဲ့မှသာလျှင် ဗိုလ်ချုပ်တို့ခေတ်က ဗကသ အမွေကို ခံယူပြီး ဒီအလံ၊ ဒီသင်္ကေတကိုသုံးရမှာဖြစ်တယ်။

အခု ဒေါင်းကွင်းက မောင်တွေလုပ်နေပုံက ဗကသ သာရှိနေသေးရင် ကျွန်တော်တို့ ဗကသ သည် ကျောင်းသားထုအားလုံးက တရားဝင်ရွေးချယ်ထားသော အဖွဲ့ဖြစ်ကြောင်း၊ စင်္ကာပူ၊ ထိုင်း၊ မလေးရှား နိုင်ငံများသို့ ခွပ်ဒေါင်းအမည်ဖြင့် အလှုခံများ၊ သူတောင်းစားများ စေလွှတ်ခြင်း မရှိကြောင်းဆိုပြီး သတင်းစာထဲမှာ ကြေညာရမယ့်ကိန်းဆိုက်နေပြီ။ ကြည့်လဲလုပ်ကြပါဦး၊

Myanmar Express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်