Saturday, July 07, 2012

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်သည် လာအိုနိုင်ငံသို့ လာရောက်လည်ပတ်မည်ဟုဆို

Posted by Anonymous Saturday, July 07, 2012, under | No comments


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် လာအိုနိုင်ငံ အပါအဝင် နိုင်ငံ ၈ နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို ဇူလိုင်လ ၅ ရက်နေ့တွင် စတင်ခဲ့ကြောင်း၊ ၎င်း၏ခရီးစဉ်သည် နှစ်ပေါင်း ၅၇ နှစ်တာ ကာလအတွင်း လာအိုနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက် လည်ပတ်သည့် အမေရိကန် ထိပ်တန်းသံတမန် တစ်ဦးဖြစ်ကြောင်း Bangkokpost သတင်းတစ်ရပ် အရသိရှိရပါသည်။ ကလင်တန်သည် အမေရိကန်နိုင်ငံမှ ဇူလိုင်လ ၅ ရက်နေ့တွင် ထွက်ခွာ၍ ပြင်သစ်၊ ဂျပန်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ အီဂျစ်နှင့် အစ္စရေးနိုင်ငံတို့သို့ သွားရောက် လည်ပတ်မည်ဖြစ်ပါသည်။ အဆိုပါ အလည်အပတ် ခရီးစဉ်သည် လာအို နိုင်ငံခြားရေးဝန်ကြီး သောင်လွန်ဆီဆိုလစ်က ၂ဝ၁ဝ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသို့ ပထမဆုံး လာရောက် လည်ပတ်စဉ် တရားဝင် ဖိတ်ကြားခဲ့ခြင်းကြောင့်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ ကလင်တန်သည် ခရီးစဉ်၏ နောက်ဆုံးနိုင်ငံအဖြစ် ဇူလိုင်လ ၁၆-၁၇ ရက်နေ့တို့တွင် အစ္စရေးနိုင်ငံ၌ အဆုံးသတ်မည် ဖြစ်ပါသည်။ ၎င်းခရီးစဉ်တွင် ပထမဆုံး နိုင်ငံအဖြစ် ပြင်သစ်နိုင်ငံသို့ သွားရောက်ပြီး ဇူလိုင်လ ၆ ရက်နေ့တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ပြုလုပ်မည့် ဆီးရီးယား မိတ်ဆွေများ အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်