နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ ဒီလ ၂၂ ရက်နေ့မှာ ထိုင်းနိုင်ငံကို လာရောက် ဆွေးနွေးမှာ ဖြစ်ကြောင်း ထိုင်းအစိုးရ ထိပ်တန်း အရာရှိတဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းဌာနက ရေးသားပါတယ်။
ထိုင်း ဒုတိယ ဝန်ကြီးချုပ် Yutthasak Sasiprapa က - သမ္မတ ဦးသိန်းစိန် ဟာ ဇူလိုင်လ ၂၂ ရက်နေ့ ကနေ ၂၄ ရက်နေ့အထိ လာရောက် လည်ပတ်မှာ ဖြစ်ပြီး မိမိတို့ အနေနဲ့ သမ္မတကြီး ဦးသိန်းစိန်ကို ကြိုဆိုရေးအတွက် အစည်းအဝေး ပြုလုပ်ဖို့ ရှိတယ်လို့ ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ မေလ ကုန်ပိုင်းက ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ အရှေ့အာရှဒေသ ဆိုင်ရာ ကမ္ဘာ့ စီးပွားရေး ညီလာခံကို တက်ရောက်ဖို့ ရှိခဲ့ပေမယ့် ရန်ကုန်စက်မှုဇုန်မှ အလုပ်သမားများ၏ လိုအပ်ချက် ပြဿနာကြောင့် ဖျက်သိမ်းခဲ့ ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားမယ့်ခရီးစဉ်ကိုလည်း ရခိုင်အဓိကရုဏ်းကြောင့် ဖျက်သိမ်းထားကြောင်း သတင်းရရှိပါတယ်။
သမ္မတဦးသိန်းစိန်မှ ပြည်တွင်းတိုင်းရင်းသားများနဲ့ အလုပ်သမားများရဲ့ လိုအပ်ချက်များကို ရှေ့တန်းတင်ကာ နိုင်ငံခြားခရီးစဉ်များကို ဖျက်သိမ်းတာတွေ လုပ်ခဲ့ပေမယ့် ဒေါ်အောင်ဆန်း စုကြည်ကတော့ ပြည်ပခရီးစဉ်ကိုသာ ရှေ့တန်းတင်ပြီး ရခိုင်တိုင်းရင်းသားတို့ရဲ့ လိုအပ်ချက်ကို မျက်ကွယ်ပြုခဲ့ပါတယ်။

Time in Rangoon

0 comments:
Post a Comment