Saturday, July 07, 2012

သြစတြေးလျနိုင်ငံအနေဖြင့် စစ်လက်နက်ပစ္စည်းရောင်းချရေးရုံးဖွင့်လှစ်မည်ဟုဆို

Posted by Anonymous Saturday, July 07, 2012, under | No comments


သြစတြေးလျ အစိုးရသည်ပြည်ပနိုင်ငံ အစိုးရများသို့သြစတြေးလျ နိုင်ငံလုပ် စစ်လက်နက်ပစ္စည်းများ ရောင်းချရေးအတွက် ရုံးအဖွဲ့တစ်ဖွဲ့ကိုစတင်ဖွဲ့စည်းခဲ့ကြောင်း ဇူလိုင်လ ၅ ရက်နေ့ Newsnow သတင်းတစ်ရပ် အရ သိရှိရပါသည်။သြစတြေးလျ ကာကွယ်ရေးဝန်ကြီး စတီဖင်စမစ်နှင့် ကာကွယ်ရေး ပစ္စည်းများဆိုင်ရာ ဝန်ကြီး ဂျာဆွန်ကလဲရားတို့က အဆိုပါ စစ်လက်နက်ပစ္စည်းရောင်းချရေးရုံးသည်ပြည်ပ နိုင်ငံအစိုးရများအား စစ်လက်နက် ပစ္စည်းများ တိုက်ရိုက်ရောင်းချပေးရန် စီစဉ်ထားကြောင်းပြောကြားခဲ့ပါသည်။ အဆိုပါ ရုံးအဖွဲ့သည်သြစတြေးလျ စစ်လက်နက် ကုမ္ပဏီများအနေဖြင့် စစ်သည်အကာအကွယ်ပေးရေးခေတ်မီစစ်ပစ္စည်းများ၊ရေဒါနည်းပညာနှင့်သြစတြေးလျလုပ် စစ်သုံးယာဉ်များအပါအဝင် တို့၏ စစ်လက်နက် ပစ္စည်းများကို တိုးမြှင့်ထုတ်လုပ် တင်ပို့နိုင်ရန် ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ အဆိုပါရုံးအတွက် ရန်ပုံငွေအား စစ်လက်နက် ပစ္စည်း အဖွဲ့အစည်းအတွင်းရှိ ရှိရင်းစွဲ အရင်းအမြစ်များမှ ကျခံမည်ဖြစ်ကြောင်းနှင့် အမေရိကန်၊ ကနေဒါနှင့် ဆွီဒင်တို့တွင်လည်း အလားတူ ရုံးအဖွဲ့များရှိကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်