Saturday, July 07, 2012

ခွပ်ဒေါင်းအလံသည် ဗကသ ရဲ့ အမှတ်တံဆိပ် Symbol , Trade Mark ဖြစ်တယ်။ ဒါ့ကြောင့် စစ်မှန်တဲ့ ဗကသ မရှိမခြင်း ဒီအလံကို အသုံးမပြုသင့်ဘူး

Posted by drmyochit Saturday, July 07, 2012, under | No comments

ပြောချင်တာက ခွပ်ဒေါင်းအလံသည် ဗကသ ရဲ့ အမှတ်တံဆိပ် Symbol , Trade Mark ဖြစ်တယ်။ ဒါ့ကြောင့် စစ်မှန်တဲ့ ဗကသ မရှိမခြင်း ဒီအလံကို အသုံးမပြုသင့်ဘူးလို့ဆိုတာပါ။ မူပိုင်ခွင့် ကိုပြောတာပါ။ ပြည်တွင်းမှာ စစ်မှန်တဲ့ဗကသကို အကြောင်းအမျိုးမျိုးကြောင့်မဖွဲ့နိုင်ဘူး၊ ခုပဲကြည့် ဗကသ (၇၅)၊ ဗကသ (၈၈) ၊ဗကသ (၉၆)၊ ဗကသ (၂၀၀၇) ဆိုပြီး အမျိုးမျိုးကွဲနေတာ၊ စဉ်းစားကြည့်ပေါ့ဗျာ။ ဘယ်သူ့ကို ဒီအလံအပ်မှာတုံး။ မဖွဲ့နိုင်သေးလို့ သင့်ရာယူသုံးမယ်ဆိုလို့သင့်တော်ပါ့မလား၊ အဖေဘယ်ရောက်နေမှန်းမသိလို့ အိမ်ရောင်းပြီးအမွေခွဲလိုက်ပြီဆိုတဲ့ သားသမီးတွေလို ဖြစ်မှာပေါ့။ ခွပ်ဒေါင်းဆိုတဲ့အလံသာမက ခွပ်ဒေါင်းဆိုတဲ့ အသုံးအနှုန်းက အရင်မြန်မာစာမှာ မရှိပါ။ ဗကသ ဖွဲ့တော့မှာ ခေတ်စမ်းစာရေးဆရာများက တီထွင်ပေးခဲ့တာပါ။ ( တို့ဗမာအစည်းအရုံးသမိုင်းစာအုပ် ကို ကြည့်ပါ။) ရှေးယခင်က ရှိပြီးသားစကားမဟုတ်ပဲ စာရေးသူတစ်ဦးထွင်သုံးတဲ့စကားကို လိုက်သုံးလို့ မြန်မာစာပေလောကမှာ မူပိုင်ခွင့်တရားတစ်ဘောင်ဖြစ်တာ သိပုံမရပါ။ ဥပမာ လေအေးလို့ သုံးရင် ဘယ်သူသုံးသုံး ရပါတယ်။ ဒါပေမယ့် လေနုအေး လို့သုံးရင်တော့ ဆရာတာရာကို ခွင့်တောင်းရမယ်။ ဒီသဘောပါ။
                                                                                                                                      Myanmar Express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်