Saturday, July 07, 2012

ရုရှားနိုင်ငံက ဒုံးပျံဝယ်ယူရေးသဘောတူညီချက်ဖျက်သိမ်းခဲ့သဖြင့် အီရန်နိုင်ငံက လျော်ကြေးတောင်းခံခဲ့ခြင်း

Posted by Anonymous Saturday, July 07, 2012, under | No comments

အီရန်ကာကွယ်ရေး ဝန်ကြီးဌာနနှင့်လေကြောင်းစက်မှု လုပ်ငန်းအဖွဲ့တို့သည် ရုရှားနိုင်ငံဘက်မှ ဖျက်သိမ်းခဲ့သော ဒုံးပျံရောင်းဝယ်ရေး သဘောတူညီချက် တစ်ရပ်နှင့်ပတ်သက်၍ နိုင်ငံတကာတရားရုံးတွင် ရုရှားနိုင်ငံပိုင် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ Rosoboronexport ထံမှ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ တောင်းခံသည့် တရားစွဲဆိုမှု တစ်ခုပြုလုပ်ခဲ့ကြောင်း ဇူလိုင်လ ၅ ရက်နေ့ Newsnow သတင်းတစ်ရပ် အရသိရှိရ ပါသည်။ အဆိုပါအမှုသည် ၂ဝ၁၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် စတင်ခဲ့ကြောင်းနှင့် ၎င်းအမှုအားကြားနာ စစ်ဆေးမှုမပြုရ သေးကြောင်း သိရှိရပါသည်။ ၂ဝ၁ဝ ခုနှစ် ဇွန်လတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အီရန်နိုင်ငံ အပေါ်စစ်လက်နက်ပစ္စည်းများ လွှဲပြောင်းပေးအပ်မှုများအား ရပ်ဆိုင်းခြင်း အပါအဝင် အရေးယူ ပိတ်ဆို့မှုများ ချမှတ်သည့် ဆုံးဖြတ်ချက် တစ်ရပ်ကိုချမှတ်ခဲ့ပါသည်။ သို့ဖြစ်၍ ရုရှားနိုင်ငံအနေဖြင့် အီရန်နိုင်ငံသို့ S-300 ဒုံးပျံများအား လွှဲပြောင်းပေးအပ်မည့် ကန်ထရိုက် စာချုပ်ကို ဖျက်သိမ်းခဲ့ပြီးနောက်ပိုင်းတွင် စရန်ငွေ အမေရိကန် ဒေါ်လာ ၁၆၆.၈ သန်းအား ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်