ဂျပန်နိုင်ငံ
အိုကီနာဝါပြည်နယ် အုပ်ချုပ်ရေးမှူး ဟီရိုကာဇူနာကိုင်မာက လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့်
Osprey စစ်လေယာဉ်များ
တပ်ဖြန့်ချထားမည့် အမေရိကန်နိုင်ငံ၏ အစီအစဉ်ကို ဇူလိုင်လ ၁ ရက် နေ့တွင်ငြင်းပယ်ခဲ့ကြောင်း AFP သတင်းတစ်ရပ်အရ
သိရှိရပါသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ နာကိုင်မာသည် ဂျပန်ကာကွယ်ရေးဝန်ကြီး ဆာတိုရှီမိုရီမိုတိုနှင့်
အိုကီနာဝါပြည်နယ်မြို့တော် နာဟာတွင် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်းနှင့် ဒေသခံပြည်သူ ၂၂ဝ
ခန့်ကလည်း အဆိုပါကျွန်းပေါ်တွင် အမေရိကန်တပ်ဖွဲ့များ ဆက်လက်တပ်ဖြန့် ချထားမည့်ကိစ္စအား
ဆန့်ကျင်ဆန္ဒပြခဲ့ကြကြောင်းသိရှိရပါသည်။
အမေရိကန်နိုင်ငံသည် ဇွန်လ ၂၉ ရက်နေ့က အောက်တိုဘာလအတွင်း နာဟာမြို့အနီးရှိ ဖူတန်မာမရိန်းလေတပ် အခြေစိုက်စခန်း၌ Osprey စစ်လေယာဉ်များ တပ်ဖြန့်ချထားမှုကို ဆက်လက်လုပ်ဆောင်မည်ဟု တရားဝင် အကြောင်းကြားခဲ့ပါသည်။ Osprey စစ်လေယာဉ်များ တပ်ဖြန့်ချထားမှုကို အမေရိကန်နိုင်ငံက ဆက်လက်ဖိအားပေး လုပ်ဆောင် မည်ဆိုပါက အဆိုပါလူနေထူထပ်သော ဒေသအတွင်း မတော်တဆမှုတစ်ရပ်ဖြစ်ပွားလျှင် အမေရိကန် အခြေစိုက် စခန်းများအားလုံးကို ချက်ချင်းပိတ်သိမ်းရန် တောင်းဆိုမည့် လှုပ်ရှားမှုတစ်ရပ် ဖြစ်လာဖွယ်ရှိကြောင်း နာကိုင်မာက သတင်းထောက်များ ကိုပြောကြားခဲ့ ပါသည်။ အိုကီနာဝါကျွန်းရှိ အမေရိကန် စစ်အင်အားသည် ဂျပန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင် ၄၇,ဝဝဝ အနက် တစ်ဝက်နီးပါးခန့် ရှိကြောင်း သိရှိရပါသည်။
Time in Rangoon

0 comments:
Post a Comment