Monday, July 02, 2012

ကူဝိတ်နိုင်ငံသည် လော့ခ်ဟိမာတင်ကုမ္ပဏီထံမှ စစ်လက်နက်ပစ္စည်းများဝယ်ယူရန် စီစဉ်လျက်ရှိသည်ဟုဆို

Posted by Anonymous Monday, July 02, 2012, under | No comments

ကူဝိတ်နိုင်ငံသည် တို့၏တပ်မတော်အား ခေတ်မီအဆင့်မြှင့် တင်ရန်နှင့် လေတပ်အင်အား တိုးချဲ့ရန် အတွက် လော့ခ်ဟိမာတင်ကုမ္ပဏီမှ ဝေဟင်မှမြေပြင်ပစ် ဒုံးပျံအစင်း ၃ဝဝ အပါအဝင် အမေရိကန်ဒေါ်လာ ၄၉ သန်းတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ဝယ်ယူရန်စီစဉ် လျက်ရှိကြောင်း ဇူလိုင်လ ၁ ရက်နေ့ Newsnow သတင်း တစ်ရပ်အရ သိရှိရပါသည်။ ပင်လယ်ကွေ့ဒေသ နိုင်ငံများသည်

အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ တင်းမာမှုများမြင့်တက်လျက်ရှိ နေစဉ်ကာလအတွင်း စစ်လက်နက် ပစ္စည်းများ ဝယ်ယူရန်အတွက် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာသုံးစွဲလျက်ရှိနေကြပါသည်။ အရှေ့ အလယ်ပိုင်း နှင့်မြောက်အာဖရိက ဒေသမှအစိုးရများသည် စစ်လက်နက်ပစ္စည်းများဝယ်ယူရန်အတွက် နှစ်စဉ် အမေရိကန် ဒေါ်လာ ၁၁၈.၂ ဘီလီယံ သုံးစွဲကြဖွယ် ရှိပါသည်။ ဒေသများရှိနိုင်ငံများအနေဖြင့် ၂ဝ၁ဝ ခုနှစ်အတွင်း စစ်လက်နက် ပစ္စည်းဝယ်ယူရန် အမေရိကန်ဒေါ်လာ ၉၁ ဘီလီယံသုံးစွဲခဲ့ပြီး လာမည့် ၃ နှစ်အတွင်း သိသိသာသာ တိုးမြှင့်သုံးစွဲဖွယ်ရှိကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်