Monday, July 02, 2012

အီရန်နိုင်ငံသည် စစ်ရေးလေ့ကျင့်ခန်းများပြုလုပ်စဉ် ဒုံးပျံများစမ်းသပ်ပစ်ခတ်မည်ဟုဆို

Posted by Anonymous Monday, July 02, 2012, under | No comments

အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့သည် အစ္စရေးနှင့် အမေရိကန်နိုင်ငံတို့၏ စစ်ရေးဆိုင်ရာခြိမ်းခြောက်မှု များကို သတိပေးသည့်အနေဖြင့် ဇူလိုင်လ ၂ ရက်နေ့မှစတင်ပြုလုပ်မည့် ၃ ရက်ကြာစစ်ရေး လေ့ကျင့်ခန်းများအတွင်း သဲကန္တာရအတွင်းရှိ ပစ်မှတ်များကို တာဝေး၊ တာလတ်နှင့်တာတို၊ မြေပြင်မှ မြေပြင်ပစ်ဒုံးပျံ များဖြင့်ပစ်ခတ်မည် ဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ၏ဒုံးပျံစနစ်များဆိုင်ရာ လေကြောင်းဌာန အကြီးအကဲ ဗိုလ်မှူးချုပ် အမီယာအလီဟာဂျီဇာဒက် ကပြောကြားခဲ့သည်ဟု ဇူလိုင်လ ၁ ရက် နေ့ AFP သတင်းတစ်ရပ်အရ သိရှိရပါသည်။

အစ္စရေးနှင့် အမေရိကန်တို့က အီရန်နိုင်ငံအား တိုက်ခိုက်လာပါက အာဖဂန်နစ္စတန်၊ ဘာရိန်း၊ ကူဝိတ်နှင့် ဆော်ဒီအာရေဗျ စသည့်အိမ်နီးချင်း နိုင်ငံများအတွင်းရှိ အမေရိကန် စစ်အခြေစိုက် စခန်းများကိုတိုက်ခိုက်ရန် ရည်ရွယ်၍ အဆိုပါလေ့ကျင့်မှုများ ပြုလုပ်ခြင်း ဖြစ်နိုင်သည် ဟုဆိုပါသည်။ အဆိုပါစစ်ရေးလေ့ကျင့်ခန်းအား  Great Prophet 7  ဟုအမည်ပေးထားပြီး အီရန်နိုင်ငံ အလယ်ပိုင်း Kavir သဲကန္တာရအတွင်းရှိ စခန်းအတုများကို ပစ်ခတ်၍ ဒုံးပျံထိပ်ဖူးများနှင့် စနစ်များ၏ တိကျစွာ ပစ်ခတ်နိုင်စွမ်းကို စမ်းသပ်မည်ဖြစ်ပါသည်။ အဆိုပါ စစ်ရေးလေ့ကျင့်ခန်းတွင် အသုံးပြုမည့်ဒုံးပျံများတွင် အကွာအဝေး ၅ဝဝ ကီလိုမီတာ (၃ဝဝ မိုင်) ရောက်ရှိပစ်ခတ် နိုင်သော Qiam ဒုံးပျံနှင့်အကွာအဝေး ၃ဝဝ ကီလိုမီတာ အထိပစ်ခတ်နိုင်သော သင်္ဘောဖျက် Khalij Fars  ဒုံးပျံတို့ပါဝင်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်