Monday, July 02, 2012

ယူအေအီးနှင့်ဘာရိန်းနိုင်ငံတို့သည် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းစတင်ပြုလုပ်ခဲ့ခြင်း

Posted by Anonymous Monday, July 02, 2012, under | No comments

ယူအေအီးနှင့် ဘာရိန်းစစ်ဘက်တို့သည် Hawks Union 1/2012  အမည်ရှိ ပူးတွဲစစ်ရေး လေ့ကျင့်ခန်း တစ်ရပ် အား ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ကြကြောင်း Newsnow  သတင်းတစ် ရပ်အရသိရှိရပါသည်။ အဆိုပါစစ်ရေးလေ့ကျင့်ခန်းတွင် ယူအေအီးလေတပ်၊ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့နှင့် ဘာရိန်း လေတပ်တို့မှ တပ်ဖွဲ့ဝင်များ ပါဝင်မည်ဖြစ်ကြောင်း၊ စစ်ရေးလေ့ကျင့်ခန်းတွင် စစ်သုံးပစ္စည်းများ လက်တွေ့ကိုင်တွယ် အသုံးပြုလေ့ကျင့်မှုများ၊ နည်းဗျူဟာမြောက် စစ်ကစားမှုများ၊ ပူးတွဲလေကြောင်း စစ်ဆင်ရေးများ၊ ကြီးကြပ်ကွပ်ကဲမှုနှင့် ပစ်ကူပေးမှုဆိုင်ရာ စစ်ရေးလေ့ကျင့်မှုများအပြင် ကာကွယ်ရေးဆိုင်ရာ အနာဂတ် ဖြစ်နိုင်ခြေများနှင့် ပတ်သက်သည့် ဖြစ်စဉ်ဖွင့်လေ့ကျင့်မှုများ ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါစစ်ရေးလေ့ကျင့်ခန်းသည် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GCC) အဖွဲ့ဝင်နိုင်ငံများမှ စစ်ဘက်များအကြား စစ်ဆင်ရေးစီမံချက် ရေးဆွဲမှုစွမ်းဆောင်ရည်များမြှင့်တင်ရန်၊ ကျွမ်းကျင်မှုတိုးမြှင့်ရန်နှင့် တိုက်ပွဲဝင်အသင့်ဖြစ်မှုကို တိုးချဲ့ရန်တို့အတွက် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်