Monday, July 02, 2012

ထိုင်ဝမ်ရေတပ်သည် ဒုံးပျံတင်အမြန်သွားတိုက်ရေယာဉ် အစီး ၂ဝ အား အနားပေးခဲ့ခြင်း

Posted by Anonymous Monday, July 02, 2012, under | No comments


ထိုင်ဝမ်ရေတပ်သည် နှစ်ပေါင်း ၃ဝ ကျော်အသုံးပြုခဲ့သည့် တန် ၅ဝ အလေးချိန်ရှိ Seagull အတန်းအစား ဒုံးပျံတင် အမြန်သွားတိုက်ရေယာဉ် အစီး ၂ဝ အား ဇူလိုင်လ ၁ ရက်နေ့တွင် အနားပေးခဲ့ကြောင်း AFP သတင်းတစ်ရပ် အရသိရှိရပါသည်။ ထိုင်ဝမ်ရေတပ်သည် အဆိုပါရေယာဉ်များအား ၁၉၇ဝ ပြည့်လွန်နှစ် နှောင်းပိုင်းကာလများတွင် ပထမဆုံးစတင် ထုတ်လုပ်ခဲ့ပြီး ၁၉၈ဝ ပြည့်လွန်နှစ် အစောပိုင်းကာလများတွင် အများအပြား ထုတ်လုပ်ခဲ့ပါသည်။


အဆိုပါရေယာဉ်များသည် တစ်နာရီလျှင် အမြန်ဆုံး ၇၄ ကီလိုမီတာ (၄၆ မိုင်) အထိခုတ်မောင်းနိုင်ပြီး Hsiungfeng I  ရေပြင်မှရေပြင်ပစ် ဒုံးပျံများတပ်ဆင်ထား ပါသည်။ အနားပေးခဲ့သော ရေယာဉ်များအစား ၂ဝဝဝ ပြည့်နှစ်အတွင်း Kuang Hwa အမှတ် ၆ စီမံကိန်းအရ စတင်ထုတ်လုပ်ခဲ့သည့် ဒုံးပျံတင်ရေယာဉ် အစီး ၃ဝ ဖြင့် အစားထိုး လဲလှယ်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါရေယာဉ်သည် ၁၇၁ တန် အလေးချိန်ရှိပြီး Hsiungfeng II  ဒုံးပျံ ၄ စင်းစီတပ်ဆင်ထားကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်