Monday, July 02, 2012

ဗီယက်နမ်နိုင်ငံတွင် တရုတ်ဆန့်ကျင်ရေး လူထုစုရုံးမှုများပေါ်ပေါက်ခဲ့သည်ဟုဆို

Posted by Anonymous Monday, July 02, 2012, under | No comments

တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံအကြား ပိုင်နက်နယ်မြေဆိုင်ရာ တင်းမာမှုများဖြစ်ပွားလျက်ရှိစဉ် တောင်တရုတ် ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ ရန်လိုမှုများကို ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်၏ လမ်းမများပေါ်တွင် ဇူလိုင်လ ၁ ရက်နေ့က လူတစ်ရာခန့် စုရုံးဆန္ဒပြခဲ့ကြ ကြောင်းနှင့် ၎င်းတို့သည် ဟနွိုင်းမြို့တော်ရှိ တရုတ်သံရုံးအပြင် ဘက်တွင်လည်း စုရုံးဆန္ဒပြခဲ့ကြကြောင်း Newsnow  သတင်း တစ်ရပ်အရသိရှိရပါသည်။
ထို့အပြင် နိုင်ငံတောင်ပိုင်းရှိ ဟိုချီမင်းမြို့တော်တွင်လည်း ဆန္ဒပြမှုများဖြစ်ပွားခဲ့ရာ တရုတ်ကောင်စစ်ဝန်ရုံးသို့ ချဉ်းကပ်မလာစေရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက တားဆီးခဲ့ရကြောင်းသိရှိရ ပါသည်။ ၎င်းတို့နှစ်နိုင်ငံ သည်တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေ အငြင်းပွားမှု အချိန်ကြာမြင့်စွာ ဖြစ်ပွားခဲ့ပြီး ရေနံတူးဖော်မှု၊ ငါးဖမ်းမှုနှင့် စပရက်တလီကျွန်းနှင့် ပါရာဆဲလ် ကျွန်းပိုင်ဆိုင်မှု တို့နှင့်ပတ်သက်၍ သံတမန်ဆက်ဆံရေး မပြေလည်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိခဲ့ပါသည်။ တရုတ်နိုင်ငံအနေဖြင့် စပရက်တလီ ကျွန်းစုသို့ ကင်းလှည့်ရေယာဉ် ၄ စီး စေလွှတ်ခဲ့ခြင်းကြောင့် ထိုကဲ့သို့ လူထုစုရုံးဆန္ဒပြရခြင်း ဖြစ်သည်ဟုသိရှိရ ပါသည်။ ထို့အပြင် ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံပိုင် တရုတ်အမျိုးသား ကမ်းလွန်ရေနံကုမ္ပဏီက အငြင်းပွားနေသော ရေပြင်ပိုင်နက် အတွင်း ရေနံတူးဖော်ခွင့် ရရှိရေး ကြိုးပမ်းမှုများကို ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်