Monday, July 02, 2012

ဖိလစ်ပိုင်နိုင်ငံသို့ အင်ဒိုနီးရှားနိုင်ငံမှ ငြိမ်းချမ်းမှု စောင့်ကြည့်လေ့လာရေးအဖွဲ့ရောက်ရှိလာခြင်း

Posted by Anonymous Monday, July 02, 2012, under | No comments

အင်ဒိုနီးရှားနိုင်ငံမှ ငြိမ်းချမ်းမှုစောင့်ကြည့် လေ့လာရေးအဖွဲ့သည် ဖိလစ်ပိုင် အစိုးရနှင့် မိုရိုအစ္စလာမ္မစ် လွတ်မြောက်ရေးတပ်ဦး (MILF) တို့အကြား ၂ဝ၁၂ ခုနှစ်တွင် ငြိမ်းချမ်းရေးသဘော တူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးရန် ရည်ရွယ်၍ ပြုလုပ်ထားခဲ့သော အပစ်အခတ်ရပ်စဲမှု ခိုင်မာစေရန်အတွက် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တွင် ဇူလိုင်လ ၁ ရက်နေ့က ပူးပေါင်းပါဝင်လာခဲ့ကြောင်း Bangkokpost  သတင်းတစ်ရပ်အရ သိရှိရပါသည်။

အဆိုပါအင်ဒိုနီးရှား အဖွဲ့တွင် စစ်ဘက်အရာရှိ ၁ဝ ဦးနှင့် ပဋိပက္ခကာကွယ်ရေးဆိုင်ရာ အရပ်ဘက်ကျွမ်းကျင်ပညာရှင် ၅ ဦးတို့ပါဝင်ပြီး ၎င်းးတို့ အနေဖြင့် အစိုးရနှင့် MILF တပ်ဖွဲ့၏ တောင်းဆိုချက်အတိုင်း တပ်ဖြန့်ချထားမည်ဖြစ်ပါသည်။ အဆိုပါ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တွင် မလေးရှား၊ ဘရူနိုင်း၊ ဂျပန်၊ လစ်ဗျားနှင့် ဥရောပသမဂ္ဂ(န့) တို့မှလည်း အဖွဲ့ဝင် ၄ဝ နီးပါးခန့် ပါဝင်ပါသည်။ MILF အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မင်ဒါနာအို ပြည်နယ်အားသီးခြား လွတ်လပ်သောနိုင်ငံတစ်နိုင်ငံ ထူထောင်ရန်အတွက် နှစ်ပေါင်း ၃ဝ ကျော်ခန့် ကြာမြင့် အောင် ဆူပူအကြမ်းဖက်မှု ပြုလုပ်ခဲ့သည့် အဖွဲ့ဖြစ်ကြောင်း သိရှိရပါသည်။
သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်