Monday, August 27, 2012

မြန်မာနိုင်ငံအား ဗုံးခွဲတိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်ခဲ့သော တာလီဘန်ခေါင်းဆောင် ဒုံးကျည်ထိမှန်သေဆုံး

Posted by drmyochit Monday, August 27, 2012, under | No comments



 
ကူနာပြည်နယ် ရှီဂယ်ခရိုင် အတွင်းပြု လုပ်ခဲ့သော လေကြောင်း တိုက်ခိုက်မှုကြောင့် အဆိုပါ တာလီဘန် ခေါင်းဆောင် မော်လ၀ီဒါဒူလာရှ်မှာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းနှင့် အလောင်းအား  ရရှိပြီဖြစ်ကြောင်း နေတိုးတပ်ဖွဲ့မှ အတည်ပြု ပြောကြားသည်။ မောင်းသူမဲ့ လေယာဉ်မှ ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး အခြားအရပ် သားများနှင့် အဆောက်အဦးများ ထိခိုက်မှု မရှိကြောင်း ဆက်လက် ပြောကြားခဲ့သည်။အဆိုပါ တာလီဘန် ခေါင်းဆောင်အား ဂျမယ်လ်ဟုလည်း လူသိများကာ ၄င်းသည် အာဖဂန်တပ်ဖွဲ့ နှင့် ညွန့်ပေါင်း တပ်ဖွဲ့ များအား တိုက်ခိုက်ရေးနှင့် လက်နက်များ စီစဉ်ရာတွင် အဓိက ကျသူဖြစ်သည်။ မသေဆုံးမီ အထိ လှည့်လည်ပုန်း ရှောင်နေခဲ့ရပြီး အတွင်းလူ တစ်ဦး၏ သတင်းပေးမှုဖြင့် ချေမှုန်းနိုင်ခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။ အစောပိုင်းကမူ အဆိုပါ သတင်းအား တာလီဘန်မျာဖက်မှ ငြင်းဆိုခဲ့သေးသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်