Monday, August 27, 2012

အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများ ရေဘေးကယ်ဆယ်ရေး စခန်းများတွင် လုပ်အားပေး ဆောင်ရွက်၊ ပုသိမ်မြို့ နယ်မြေခံ ဆေးတပ်ရင်းမှ ဆေးအကာအကွယ် ပေးအဖ

Posted by drmyochit Monday, August 27, 2012, under | No comments




Photo: အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများ ရေဘေးကယ်ဆယ်ရေး စခန်းများတွင် လုပ်အားပေး ဆောင်ရွက်၊ ပုသိမ်မြို့ နယ်မြေခံ ဆေးတပ်ရင်းမှ ဆေးအကာအကွယ် ပေးအဖွဲ့များ ရေဘေးသင့် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေး လျက်ရှိ  နေပြည်တော်  သြဂုတ် ၂၄  အနောက်တောင်တိုင်း စစ်ဌာနချုပ် နယ်မြေခံတပ်ရင်း/ တပ်ဖွဲ့များမှ တပ်မတော်သားများနှင့် နယ်မြေခံ စစ်မြေပြင် ဆေးတပ်ရင်းမှ ဆေးအကာအကွယ် ပေးရေးအဖွဲ့များသည် ဧရာဝတီတိုင်း ဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်လျက်ရှိသည့် မြို့နယ်အသီးသီးတွင် ရေဘေးသင့် ပြည်သူများအား ကူးစက်ရောဂါ မဖြစ်ပွားအောင် ကယ်ဆယ်ရေး စခန်းများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်ပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်း၊ အခမဲ့ဆေးဝါးကုသမှု ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၃ ရက်က  ကျောင်းကုန်းမြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေး စခန်းများ အသီးသီးသို့ ရောက်ရှိလာသော ထောက်ပံ့ပစ္စည်းများအား ဖြန့်ဝေမည့်နေရာသို့ လုပ်အားပေးသယ်ယူ ပို့ဆောင်ပေးခြင်း၊ ထောက်ပံ့ပစ္စည်းများအား ရေဘေးသင့် ပြည်သူများကို ဖြန့်ဝေရာတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခြင်း၊ ကယ်ဆယ်ရေး စခန်းများတွင် ကူးစက်ရောဂါဖြစ်ပွားမှု မရှိစေရန် သန့်ရှင်းရေး လုပ်ဆောင်ခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် အခမဲ့ဆေးဝါး ကုသပေးမှုများ    ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

အနောက်တောင်တိုင်း စစ်ဌာနချုပ် နယ်မြေခံတပ်ရင်း/ တပ်ဖွဲ့များမှ တပ်မတော်သားများနှင့် နယ်မြေခံ စစ်မြေပြင် ဆေးတပ်ရင်းမှ ဆေးအကာအကွယ် ပေးရေးအဖွဲ့များသည် ဧရာဝတီတိုင်း ဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်လျက်ရှိသည့် မြို့နယ်အသီးသီးတွင် ရေဘေးသင့် ပြည်သူများအား ကူးစက်ရောဂါ မဖြစ်ပွားအောင် ကယ်ဆယ်ရေး စခန်းများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်ပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်း၊ အခမဲ့ဆေးဝါးကုသမှု ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၃ ရက်က ကျောင်းကုန်းမြို့နယ်နှင့် ကန်ကြီးထောင့် မြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေး စခန်းများ အသီးသီးသို့ ရောက်ရှိလာသော ထောက်ပံ့ ပစ္စည်းများအား ဖြန့်ဝေမည့်နေရာသို့ လုပ်အားပေးသယ်ယူ ပို့ဆောင်ပေးခြင်း၊ ထောက်ပံ့ ပစ္စည်းများအား ရေဘေးသင့် ပြည်သူများကို ဖြန့်ဝေရာတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခြင်း၊ ကယ်ဆယ်ရေး စခန်းများတွင် ကူးစက်ရောဂါဖြစ်ပွားမှု မရှိစေရန် သန့်ရှင်းရေး လုပ်ဆောင်ခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် အခမဲ့ဆေးဝါး ကုသပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်