Monday, August 27, 2012

့မြန်အောင်မြို့နယ် NLD ပါတီမှတိုင်စာများ၊ လုပ်ရပ်များကြောင့် ပြည်သူများနှင့် အစိုးရ၀န်ထမ်းများ စိတ်ညစ်နေ

Posted by drmyochit Monday, August 27, 2012, under | No comments




ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် NLD ပါတီအမာခံများက အခွန်ဦးစီးဌာန သို့လည်းကောင်း၊ ရပ်ကွက်အတွင်း အုပ်ချုပ်ရေးမှူး ကိစ္စများတွင် လည်းကောင်း၊ ၀င်ရောက် စွက်ဖက်မှုများ ပြုလုပ်ခြင်း၊ စည်ပင်သာယာ ကိစ္စများဝင်ရောက် စွက်ဖက်ခြင်း၊ မြို့နယ်အုပ် ချုပ်ရေးမှူး ( ယာယီတာဝန်ခံ ) အားဒေသအတွင်း ဆောင်ရွက် မရအောင် အနှောင့် အယှက်ပေးခြင်း၊ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေအား ကိုင်ဆောက်လျှက် ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်ဝါဒ ဖြန့်ခြင်းများ ကိုပြုလုပ်ဆောင် ရွက်နေကြောင်း၊ ၎င်းအပြင်ရပ်ကွက် များအတွင်းငွေစုကာ ပညာရေးကိစ္စ၊ ရပ်ကွက်ရုံး ဖွင့်ရန်ကိစ္စတို့ကို အကြောင်းပြကာ ငွေကောက်ခံ နေကြောင်း၊ ရပ်ကွက် ကျေးရွာများအတွင်း နေထိုင်သူများမှာ ကြောက်ရွံ့သဖြင့် ငွေကြေးကောက်ခံမှုများကို မထည့်ချင်ပဲ ထည့်နေရကြောင်း၊ ဌာနဆိုင်ရာများ နှင့်အုပ်ချုပ်ရေး အဖွဲ့များသို့လည်း ခြိမ်းခြောက်လျှက် ဌာနဆိုင်ရာကိစ္စများ တွင်ဝင်ရောက်စွက် ဖက်ခြင်းများကို လုပ်ဆောင်နေကြောင်း၊ မိမိတို့ ရပ်ကွက်ကျေးရွာ အုပ်စုပါတီရုံးများ ဖွင့်လှစ်သည်ကို ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း ငွေကောက်ခံခြင်းများ ပြုလုပ်ကာဆောင် ရွက်လျှက်ရှိကြောင်း၊ ဒေသခံများမှာ ၎င်းတို့အုပ်စုအား ကြောက်နေ ရသောကြောင့် ငွေကောက်ခံလျှင် မငြင်းရဲပဲ ထည့်ဝင်နေရကြောင်း ၊ ဘယ်သူ့ကိုတိုင်ရမှန်း မသိသဖြင့် စိတ်သောက ရောက်နေရကြောင်း ဒေသခံများ၏ အခက်အခဲများအား ဖော်ပြလိုက်ရပါသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်