Monday, August 27, 2012

မြ၀တီ-ကောကရိတ် လမ်းပိုင်းအား ဘတ်သန်း ၁၁၀၀ အကုန်အကျခံ ဖောက်လုပ် သွားမည်

Posted by drmyochit Monday, August 27, 2012, under | No comments



Photo: မြ၀တီ-ကောကရိတ် လမ်းပိုင်းအား ဘတ်သန်း ၁၁၀၀ အကုန်အကျခံ ဖောက်လုပ် သွားမည်  25 th August 2012  ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ မြ၀တီ-ကော့ကရိတ် လမ်းပိုင်း သစ်ကြီးကို ထိုင်းနိုင်ငံ ဘက်မှ ဘတ်သန်း ၁၁၀၀ ၀န်းကျင် အကုန်အကျခံ ကူညီ ဖောက်လုပ် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက်ရာမှာ ယခင်ကတည်းက ဖောက်လုပ် ထားတဲ့ မြ၀တီ-သင်္ဃန်း ညီနောင် လမ်းပိုင်း ကိုတော့  ပြုပြင် ထိန်းသိမ်း မှုသာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။  ဒါပေမယ့် သင်္ဃန်း ညီနောင်-ကော့ကရိတ် လမ်းပိုင်း ကိုတော့ အသစ် ဖောက်လုပ် မှာဖြစ်ပြီး လက်ရှိမှာ လိုအပ်တဲ့ စီစဉ် ဆောင်ရွက် မှုတွေကို စတင်ပြုလုပ် နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ မြ၀တီ-သင်္ဃန်း ညီနောင် လမ်းပိုင်းမှာ ၁၈ ကီလိုမီတာ ရှိပြီး သင်္ဃန်း ညီနောင်-ကော့ကရိတ် လမ်းပိုင်း ကတော့ ၂၈ ကီလိုမီတာ အရှည်ရှိ ပါတယ်။ ဒါ့ကြောင့် မြ၀တီ-ကော့ကရိတ် လမ်းပိုင်းမှာ စုစုပေါင်း ၄၆ ကီလိုမီတာ အရှည်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို မြ၀တီ-ကော့ကရိတ် လမ်းပိုင်း ဖောက်လုပ်မှု အပြင် ထိုင်းနိုင်ငံ အစိုးရ ဘက်မှ မြ၀တီ-မဲစောက် မှာလည်း တံတား တစ်စင်းကို ကူညီဆောက်လုပ် ပေးသွားမှာ ဖြစ်ပါတယ်။   အဆိုပါ တံတားကြီးကို မြ၀တီမြို့မှ အထွက် ၂ မိုင်ခန့် အကွာမှာ တည်ဆောက် သွားဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ အစိုးရ ဘက်မှ ဒီလို တံတား တည်ဆောက် ပေးမှုဟာ တာချီလိတ်မှာ တည်ဆောက် ပေးထားတဲ့ တာချီလိတ် တံတား အမှတ် ၁ နှင့် အမှတ် ၂ တံတား အပါအ၀င်  အခု တည်ဆောက်မယ့် မြ၀တီ-မဲစောက် တံတားနဲ့ ပါဆိုရင် ၃ စင်းရှိလာမှာ ဖြစ်တယ်လို့  သတင်း ရရှိပါတယ်။  MRTV-4 သတင်း
ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ မြ၀တီ-ကော့ကရိတ် လမ်းပိုင်း သစ်ကြီးကို ထိုင်းနိုင်ငံ ဘက်မှ ဘတ်သန်း ၁၁၀၀ ၀န်းကျင် အကုန်အကျခံ ကူညီ ဖောက်လုပ် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက်ရာမှာ ယခင်ကတည်းက ဖောက်လုပ် ထားတဲ့ မြ၀တီ-သင်္ဃန်း ညီနောင် လမ်းပိုင်း ကိုတော့ ပြုပြင် ထိန်းသိမ်း မှုသာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် သင်္ဃန်း ညီနောင်-ကော့ကရိတ် လမ်းပိုင်း ကိုတော့ အသစ် ဖောက်လုပ် မှာဖြစ်ပြီး လက်ရှိမှာ လိုအပ်တဲ့ စီစဉ် ဆောင်ရွက် မှုတွေကို စတင်ပြုလုပ် နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ မြ၀တီ-သင်္ဃန်း ညီနောင် လမ်းပိုင်းမှာ ၁၈ ကီလိုမီတာ ရှိပြီး သင်္ဃန်း ညီနောင်-ကော့ကရိတ် လမ်းပိုင်း ကတော့ ၂၈ ကီလိုမီတာ အရှည်ရှိ ပါတယ်။ ဒါ့ကြောင့် မြ၀တီ-ကော့ကရိတ် လမ်းပိုင်းမှာ စုစုပေါင်း ၄၆ ကီလိုမီတာ အရှည်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို မြ၀တီ-ကော့ကရိတ် လမ်းပိုင်း ဖောက်လုပ်မှု အပြင် ထိုင်းနိုင်ငံ အစိုးရ ဘက်မှ မြ၀တီ-မဲစောက် မှာလည်း တံတား တစ်စင်းကို ကူညီဆောက်လုပ် ပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ တံတားကြီးကို မြ၀တီမြို့မှ အထွက် ၂ မိုင်ခန့် အကွာမှာ တည်ဆောက် သွားဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ အစိုးရ ဘက်မှ ဒီလို တံတား တည်ဆောက် ပေးမှုဟာ တာချီလိတ်မှာ တည်ဆောက် ပေးထားတဲ့ တာချီလိတ် တံတား အမှတ် ၁ နှင့် အမှတ် ၂ တံတား အပါအ၀င် အခု တည်ဆောက်မယ့် မြ၀တီ-မဲစောက် တံတားနဲ့ ပါဆိုရင် ၃ စင်းရှိလာမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်