Monday, August 27, 2012

''ကချင် ဒုက္ခသည်များအား အတင်းအကျပ် ပြန်လည်လွှတ်နေသည်ဆိုခြင်းကို တရုတ်ငြင်းပယ်"

Posted by drmyochit Monday, August 27, 2012, under | No comments


တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကကချင်တိုင်းရင်းသား ဒုက္ခသည်များအား မြန်မာနိုင်ငံတွင်း စစ်ပွဲ ဖြစ်ပွားရာ ဒေသများသို့ အတင်းအကျပ် ပြန်လည်လွှတ်နေသည်ဟူသော လူ့အခွင့်အရေးဆိုင်ရာထောက်ခံအားပေးသူများ၏ အစီရင်ခံစာအား ငြင်းပယ်
လိုက်ပြီး ၄င်းတို့၏ဆန္ဒအရသာ ပြန်ကြခြင်းဖြစ်ကြောင်းပြောသည်။

သြဂုတ်လ ၂၄ ရက် သောကြာနေ့ထုတ် နယူးယော့တိုင်းမ်သတင်းစာတွင် ပါရှိသော ဆောင်းပါးအား တုံ့ပြန်သောအားဖြင့် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး မြန်မာအစိုးရနှင့် ကေအိုင်အေတို့၏တိုက်ပွဲမှာ လျော့ပါးသွားခြင်းကြောင့် ဒုက္ခသည်များမှာ မူရင်းဒေသသို့ ပြန်ကြခြင်းသာဟု ပါရှိ သည်။ သို့ရာတွင် ဒေသခံများကမူ နှစ်ဘက်တိုက်ပွဲများ အရှိန်မြင့်တက်လာကြောင်း ဆိုကြသည်။

ထို့အတူ တရုတ်ပြည် နယ်စပ်သို့ ရောက်ရှိနေကြသော ကချင်လူမျိုးများမှာ ဒုက္ခသည်များ မဟုတ် ကြောင်း ပါရှိသည်။ “တချို့က နေ့ခင်းဘက်ဆို မြန်မာဘက် သွားအလုပ်လုပ်ပြီး ညဘက်မှ ဒီဘက်(တရုတ်နိုင်ငံ နယ်စပ်ဒေသ)ကို ယာယီပြန်လာကြတယ်”ဟု ၀န်ကြီးဌာနက ဆိုသည်။

မြန်မာနယ်စပ် ပြောင်းရွှေ့အခြေချနေထိုင်သူများအတွက်လည်း လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များ စီစဉ် ပေးထားသည်ဟု ဆိုသည်။

အစိုးရနှင့် KIA တို့ကြား ၁၇ နှစ်ကြာ တည်မြဲခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ၂၀၁၁ ခုနှစ် ဇွန်လတွင် ပျက် ပြယ်ခဲ့ပြီးနောက်ပိုင်း ကချင်လူမျိုး ထောင်ပေါင်းများစွာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ တိမ်းရှောင်ထွက်ပြေးခဲ့ကြရသည်။

အဆိုပါ ကချင်ဒုက္ခသည်များအား တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ အတင်းအကျပ် နှင်လွှတ်နေခြင်း အပေါ် တိုင်းမ်သတင်းစာက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအား မှတ်ချက်ပြုပေးရန် တောင်းဆိုပြီး နောက် တစ်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး မှတ်ချက်ပြုရန် ငြင်းဆိုခဲ့သည်။

Human Right Watch ၏ သုတေသနပြုချက်အရ ဒုက္ခသည် ၁၀၀၀ အား မြန်မာသို့ အတင်းအကျပ် နှင်လွှတ်ခဲ့ပြီး ဒုက္ခသည် ၄၀၀၀ အား ယခုသီတင်းပတ်ကန်ုတွင် ပြန်ပို့ရန်စီစဉ်ထားသည်ဟု သိရသည်။

တရုတ်နိုင်ငံတွင် ထွက်ပြေးတိမ်းရှောင်နေသော ကချင်စစ်ဘေးဒုက္ခသည် ၇၀၀၀ မှ ၁၀၀၀၀ ခန့်အထိ ရှိနိုင်ကြောင်း ၄င်းအဖွဲ့၏ အစီရင်ခံစာတွင် ပါရှိသည်။

PopularNews

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်