
နိုင်ငံတော်၏ ဥပဒေပြုရေး မဏ္ဍိုင်တစ် ရပ်ဖြစ်သော လွှတ်တော်အထက်၌
မည်သည့် အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်မျှ လွှမ်းမိုးမှု မရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
သူရဦးရွှေမန်းက ထုတ်ဖော် ပြောကြားသည်။ သြဂုတ်လ ၂၄ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်
စတုတ္ထပုံမှန် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းက နိုင်ငံတော်ဖွဲ့စည်းပုံ
အခြေခံဥပဒေဆိုင်ရာ ခုံရုံးကိစ္စနှင့် ပတ်သက်၍ အရေးကြီးအဆို တင်သွင်းစဉ် လွှတ်တော်အထက်၌
လွှမ်းမိုးထားသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ရှိသလောဟု မေးမြန်းမှုကို သူရဦးရွှေမန်းက အထက်ပါအတိုင်း
ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏
ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက မည်သို့ဆက်လက် ဆောင်ရွက်သွားမည်ကို
လွှတ်တော် ကိုယ်စားလှယ်များက သိရှိလိုကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းက
အရေးကြီးအဆို တင်သွင်းခဲ့သည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ထုတ် The Voice ဂျာနယ်တွင်
ဖော်ပြထားပါသည်။
Time in Rangoon

0 comments:
Post a Comment