Monday, August 27, 2012

သက်ဆင် နှင့် ရင်လတ် တို့ မောင်နှမှ နှစ်ယောက် မြန်မာနိုင်ငံ လာမည်

Posted by drmyochit Monday, August 27, 2012, under | No comments





ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ နှင့် ညီမ ဖြစ်သူ ရင်လတ် ရှင်နာဝပ် တို့ နှစ်ယောက် မကြာခင် မြန်မာနိုင်ငံ လာမယ် လို့ သတင်းရရှိသည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စ ရင်လပ်ရှင်နာဝပ်သည် စက်တင် ဘာလ ၁၃ ရက်နေ့မှ စက်တင် ဘာ ၁၅ ရက်နေ့ထိ မြန်မာနိုင်ငံ သို့ လာရောက်မည်ဟု သြဂုတ် လ ၂၃ ရက်ထုတ် နေရှင်းသတင်းတစ် ရပ်တွင် ဖော်ပြသည်။
ထိုင်းဝန်ကြီးချုပ်သည် မြန်မာ နိုင်ငံတွင် ၂ ရက်ကြာနေ ထိုင်ပြီး နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်အပါအ၀င် မြန်မာ အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် တွေ့ဆုံကာထားဝယ်ရေနက်ဆိပ် ကမ်း စီမံကိန်း အကောင်အထည် ဖော်ရေးအပါအ၀င် အခြားနှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက် ရေးကိစ်္စရပ်များကို အလေးထား ဆွေးနွေးကြမည်ဟု ထိုင်းနိုင်ငံ ခြားရေးဝန်ကြီး ဆူရာပေါင်ကဆို သည်။ ယခုအခါ ထားဝယ်ရေ နက်ဆိပ်ကမ်းစီမံကိန်းသည် ပြည် ပရင်းနှီးမြှုပ်နှံသူများအထူးစိတ် ၀င်စားသည့် မဟာဗျူဟာမြောက် ရေနက်ဆိပ်ကမ်းစီမံကိန်းတစ်ခု ဖြစ်သည်ဟုသိရသည်။ ဤခရီးစဉ် အပြီး ထိုင်းဝန်ကြီးချုပ်သည် စက် တင်ဘာလနှောင်းပိုင်းတွင် အမေ ရိကန်ပြည်ထောင်စုသို့ သွားရောက် မည်ဟုသိရသည်။

အစ်ကိုဖြစ်သူ သက်ဆင်သည် လာမည့် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်ဟု ပွေထိုင်းပါတီ(Pheu Thai) မှ နတ်ဟုတ်ရာချက်စတာပြည်နယ်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် ASuchart Pinyo က သြဂုတ်လ ၂၆ ရက်နေ့တွင် ထုတ် ဖော်ပြောဆိုလိုက်ကြောင်း Bangkok Post သတင်းစာကရေးသားဖော်ပြသည်။

သို့အတွက်ကြောင့် ပွေထိုင်းပါတီမှ လွှတ်တော်ကိုယ်စားလှယ်အတော်များများနှင့် ရှပ်နီအင်အားစုထောက်ခံသူအများစုအနေဖြင့် သက်ဆင်ရှင်နာဝပ်နှင့်တွေ့ဆုံရန် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့သွားရောက်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းကဆိုသည်။ သို့သော် သက်ဆင်ရှင်နာဝပ်အနေဖြင့် မည်သည့်အကြောင်းအရင်းကြောင့် မြန်မာ နိုင်ငံသို့သွား ရောက်လည်ပတ်မည်ဟူသောအချက်ကို Asuchart Pinyo ကထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

သက်ဆင်ရှင်နာဝပ်သည် ယခင်တပ်မတော်အစိုးရလက်ထက်က မြန်မာနိုင်ငံနှင့် အိုင်တီနည်းပညာဆိုင်ရာ အကျိုးတူစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများလုပ်ကိုင်ခွင့်ရရှိအောင် ကြိုးပမ်းနိုင်ခဲ့သူဖြစ်သည်။ သူသည် ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် ထိုင်းစစ်တပ်အာဏာသိမ်းပိုက်မှုကြောင့် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံလိုက်ရသည့်အချိန်မှစ၍ ပြည်ပြေးဘဝဖြင့် ပြည်ပနိုင်ငံများတွင် လှည့်လည်နေထိုင်လျက်ရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်