Monday, August 27, 2012

မြို့သစ်ကြီးကျေးရွာတွင် ရွာသားတစ်ဦး KIA တပ်ဖွဲ့ဝင်များ ထောင်ထားသော မိုင်းနင်းမိ

Posted by drmyochit Monday, August 27, 2012, under | No comments



Photo: မြို့သစ်ကြီးကျေးရွာတွင် ရွာသားတစ်ဦး KIA တပ်ဖွဲ့ဝင်များ ထောင်ထားသော မိုင်းနင်းမိ

2:48 PM  ကချင်နေစဉ်သတင်း  
သြဂုတ် (၂၆)

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းမှာရှိတဲ့ မြို့သစ်ကြီးကျေးရွာနေ ရွာသားတစ်ဦး KIA တပ်ဖွဲ့ဝင်တွေ ထောင်ထားတဲ့ မိုင်းအား နင်းမိ၍ ပေါက်ကွဲခဲ့ကြောင်း သတင်းရရှိပါတယ်။

မြို့သစ်ကြီးကျေးရွာနေ ရွာသား(၇)ဦးတို့သည် နမ္မတီးကျေးရွာနေသူ ဒညှင်းခြံပိုင်ရှင်တစ်ဦး၏ ဒညှင်း ခြံထဲတွင် ဒညှင်းသီးခူးရန် သွားရောက်စဉ် ကျေးရွာနှင့် (၂)မိုင်အကွာတွင် အဆိုပါ ရွာသားမှ မိုင်းနင်းမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက်နှင့် ကိုယ်ခန္ဓာ အနှံအပြားမှာ မိုင်းစထိမှန်ဒဏ်ရာများရရှိ ခဲ့ပြီး နမ္မတီးပြည်သူဆေးရုံကို ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိတယ်လို့ သိရပါတယ်။
``ဒဏ်ရာကတော့ တော်တော်များတယ်။ နေရာ အနှံ့မှာဘဲ။ ဆရာဝန်တွေကတော့ အသက် အန္တရာယ် စိုးရိမ်ရတယ်လို့ ပြောတယ်။ သူ့မှာ မိန်းမနဲ့ ကလေး(၃)ယောက်ရှိတယ်။ အငယ်ဆုံး ကလေးက အခုမှ (၃)နှစ်လောက် ဘဲရှိအုံးမယ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေ လို့ တောင်ယာမလုပ်ရဲဘူး။ လယ်ပိုင်၊ ယာပိုင်မရှိလို့ စာရင်းငှားလိုက်မယ်ဆိုရင်လည်း KIA တပ်တွေ လူသစ်စုခံရမှာ ကြောက်လို့ မလုပ်ရဲကြဘူး။ အခုလိုကြုံရာ ကျပန်းလုပ်ပြီး မိသားစုတွေကို ရှာကျွေးနေရတာ။ ရွာနဲ့တော်တော်နီးနီးမှာ အဲဒီလိုလာလာ ပြီးမိုင်းထောင်တော့ ရွာသားတွေအတွက် တော်တော် စိုးရိမ် ရတယ်။ တောင်ယာမလုပ်ရဲလို့ တစ်ခြားလုပ်ငန်း လုပ်ချင်တော့လည်း အခုလိုတွေဖြစ်တော့ ဘာအလုပ်မှ မလုပ်ရဲတော့ဘူး။ ရွာကလူတွေ ထင်းရှာတာတို့၊ ဟိုဘက်ရွာ ဒီဘက်ရွာ သွားတာတို့တောင် တော်တော် အန္တရယ်ဖြစ်နေပြီ´´ လို့ ဒညှင်း သီးခူး သွားရောက်စဉ် ပါဝင်သော ရွာသားတစ်ဦးမှ  ပြောသည်။ 
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းမှာရှိတဲ့ မြို့သစ်ကြီးကျေး ရွာနေ ရွာသားတစ်ဦး KIA တပ်ဖွဲ့ဝင်တွေ ထောင် ထားတဲ့ မိုင်းအား နင်းမိ၍ ပေါက်ကွဲခဲ့ကြောင်း သတင်းရရှိပါတယ်။

မြို့သစ်ကြီးကျေးရွာနေ ရွာသား(၇)ဦးတို့သည် နမ္မတီးကျေးရွာနေသူ ဒညှင်းခြံပိုင်ရှင်တစ်ဦး၏ ဒညှင်း ခြံထဲတွင် ဒညှင်းသီးခူးရန် သွားရောက်စဉ် ကျေးရွာနှင့် (၂)မိုင်အကွာတွင် အဆိုပါ ရွာသားမှ မိုင်းနင်းမိခဲ့တာ ဖြစ်တယ်လို့ သိရပါ တယ်။
အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက်နှင့် ကိုယ်ခန္ဓာ အနှံအပြားမှာ မိုင်းစထိမှန်ဒဏ်ရာများရရှိ ခဲ့ပြီး နမ္မတီး ပြည်သူဆေးရုံကိုပို့ဆောင်ကာဆေးကုသမှုခံယူလျက်ရှိတယ်လို့သိရပါတယ်။
``ဒဏ်ရာကတော့ တော်တော်များတယ်။ နေရာ အနှံ့မှာဘဲ။ ဆရာဝန်တွေကတော့ အသက် အန္တရာယ် စိုးရိမ်ရတယ်လို့ ပြောတယ်။ သူ့မှာ မိန်းမနဲ့ ကလေး(၃)ယောက်ရှိတယ်။ အငယ်ဆုံး ကလေးက အခုမှ (၃)နှစ်လောက် ဘဲရှိအုံးမယ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေ လို့ တောင်ယာမလုပ်ရဲဘူး။ လယ်ပိုင်၊ ယာပိုင်မရှိလို့ စာရင်းငှား လိုက်မယ် ဆိုရင်လည်း KIA တပ်တွေ လူသစ်စုခံရမှာ ကြောက်လို့ မလုပ်ရဲကြဘူး။ အခုလိုကြုံရာ ကျပန်းလုပ်ပြီး မိသားစုတွေကို ရှာ ကျွေး နေရတာ။ ရွာနဲ့တော်တော်နီးနီးမှာ အဲဒီလိုလာလာ ပြီးမိုင်းထောင်တော့ ရွာသားတွေအတွက် တော်တော် စိုးရိမ် ရတယ်။ တောင်ယာမလုပ်ရဲလို့ တစ်ခြားလုပ်ငန်း လုပ်ချင်တော့လည်း အခုလိုတွေဖြစ်တော့ ဘာအလုပ်မှ မလုပ်ရဲ တော့ဘူး။ ရွာကလူတွေ ထင်းရှာတာတို့၊ ဟိုဘက်ရွာ ဒီဘက်ရွာ သွားတာတို့တောင် တော်တော် အန္တရယ်ဖြစ်နေပြီ´´ လို့ ဒညှင်း သီးခူး သွားရောက်စဉ် ပါဝင်သော ရွာသားတစ်ဦးမှ ပြောသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်