Monday, August 13, 2012

အကြမ်းဖက်မီးရှို့မှု သံသယရှိသူ အာဏာပိုင်တွေ ဖမ်းဆီးစစ်ဆေး

Posted by drmyochit Monday, August 13, 2012, under | No comments

 မကြာသေးခင်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မီးရှို့မှုတွေနဲ့ ပတ်သက် တယ် လို့ ယူဆရသူတွေကို စစ်တပ်နဲ့ ဒေသ အာဏာပိုင်တွေက လိုက်လံ စစ်ဆေး ဖမ်းဆီးနေတယ်လို့ သိရပါတယ်။ကျောက် တော်မြို့နယ် တောင်ဘွေ ကျေးရွာသူတစ်ဦးက RFA ကို အခုလို ပြောပါတယ်။

မကြာသေးခင်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မီးရှို့မှုတွေနဲ့ ပတ်သက်တယ်လို့ ယူဆရသူတွေကို စစ်တပ်နဲ့ ဒေသ အာဏာပိုင်တွေက လိုက်လံ စစ်ဆေး ဖမ်းဆီးနေတယ်လို့ သိရပါတယ်။ကျောက်တော်မြို့နယ် တောင်ဘွေ ကျေးရွာသူတစ်ဦးက RFA ကို အခုလို ပြောပါတယ်။
"ရွာသားတွေကို ခေါ်ပြီးတော့ စစ်ပါတယ်။ ၃ ရက်လောက်တော့ ရှိပြီ။ သူကရောက်လာပြီးတော့ ဒီအတိုင်းခေါ်ပြီးတော့ စစ်တယ်။ ဘယ်နေ့ ဘယ်နေ့ဆိုပြီးတော့ မရှိပါဘူး။ စာရွက်တွေနဲ့ လာပြီးတော့ ပေးတယ်။ သူတို့က မီးရှို့တဲ့ လူ တွေဆိုပြီးတော့။ အဲတာ သူတို့က ခေါ်ပြီးတော့ စစ်တာပါ။ ဖမ်းဆီးမှုက ရှိပါတယ်"
စစ်တပ်နဲ့ အာဏာပိုင်တွေက တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံစစ်ဆေးနေပြီး ဒီကနေ့အထိ ဖမ်းဆီးခံရသူတွေထဲမှာ တောင်ဘွေကျေးရွာက (၇) ယောက်၊ ကျောက်ဖြူရွာသစ်နဲ့ ကသစ်တော ကျေးရွာက (၈) ယောက် အပါအဝင် (၁၅) ယောက်ထက် မနည်း ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မနေ့ နေ့လည်ပိုင်းကလည်း ကျောက်တော်မြို့နယ် ရွာသစ်ကေနဲ့ ကာညိုပြင် ကျေးရွာတွေမှာ စစ်တပ်နဲ့ အာဏာပိုင်တွေက ရွာခံတွေကို ခေါ်ယူ စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။
ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ (၅) ရက်နေ့ကစပြီး ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေအကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ နောက်ဆုံးရ သတင်းတွေအရ ပဋိပက္ခတွေအတွင်း အနည်းဆုံး လူ (၁၃) ယောက် သေဆုံးပြီး ဆန်စက်တစ်လုံး အပါအ၀င် နေအိမ် (၃၃၀) ကျော် မီးလောင်ဆုံးရှုံးခဲ့ရာမှာ လူဦးရေ (၃၀၀၀) လောက် ဒုက္ခရောက်ခဲ့ရတယ်လို့ သိရပါတယ်။
ဒါကြောင့် ဒေသအာဏာပိုင်တွေက သြဂုတ်လ (၈) ရက်နေ့မှာ ကျောက်တော်မြို့နယ် တစ်ခုလုံးကို ပုဒ်မ-၁၄၄ (ညမထွက်ရအမိန့်) ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ အခြေအနေ မှာတော့ ကျောက်တော်မြို့မှာ အခြေအနေတွေ ငြိမ်သက်နေပေမဲ့ နှစ်ဖက် တင်းမာမှုတွေ ရှိနေသေးတဲ့အတွက် နယ်ဘက်တွေမှာ စိတ်ချလို့ မရသေးတဲ့ အနေအထားမျိုး ရှိနေသေးတယ်လို့ ကျောက်တော်မြို့နယ် မဲဆန္ဒနယ် ပြည်နယ် လွှတ်တော်အမတ် ဦးစောငြိမ်းက ဆိုပါတယ်။
"၁၄၄ လည်းထုတ်ထားတယ်ဆိုတော့ လက်ရှိ အခြေအနေကတော့ မြို့ပေါ်မှာ တည်ငြိမ် အေးချမ်းမှုတော့ ရှိ နေပါတယ်ခင်ဗျ။ နယ်တွေဘက်တွေမှာ ကျတော့ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် တင်းမာမှုနဲ့ ပတ် သက်ပြီးတော့ ဒါမီးလောင်မှုတွေ ဖြစ်ပေါ်တယ်လေ။ လက်ရှိအခြေအနေ အရတော့ ကျွန်တော်တို့က ဒီ ၁၄၄ ထုတ်တာလည်း သိတ်မကြာသေးဘူးလေ။ ၁ ရက် ၂ ရက်ပဲ ရှိသေးတယ်။ ကျွန်တော်တို့ ဘယ်နေ့ ဘယ်အချိန်မှာ ဖြစ် လာမယ်ဆိုတဲ့ အကြောင်းကိုတော့ ကျွန်တော်တို့ မသိသေးဘူး"
ကျောက်တော်မြို့နယ် တစ်ခုလုံးကို ပုဒ်မ-၁၄၄ ထုတ်ပြန်ပြီးတဲ့ နောက် မီးရှို့ခံရတဲ့ ကျေးရွာတွေ တစ်ဝိုက်မှာ လုံခြုံ ရေးတပ်ဖွဲ့တွေ တင်းတင်းကြပ်ကြပ် ချထားတယ်လို့ သိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်