Monday, August 13, 2012

စစ်ပွဲလွန်ကာလစေ့စပ်ညှိနှိုင်းမှုပြုလုပ်ရန်အတွက် သီရိလင်္ကာနိုင်ငံသို့ ကုလသမဂ္ဂမှ အဖွဲ့တစ်ဖွဲ့လာရောက်မည်ဆိုခြင်း

Posted by drmyochit Monday, August 13, 2012, under | No comments



Xinhuanet.com;Aug-8(Thu)

ကုလသမဂ္ဂမှ အဖွဲ့တစ်ဖွဲ့သည် စစ်ပွဲလွန် ကာလ စေ့စပ်ညှိနှိုင်း မှုပြုလုပ်ရန် သီရိလင်္ကာ နိုင်ငံသို့ စက်တင်ဘာလ အတွင်း လာရောက် မည်ဖြစ်ကြောင်း၊ သို့သော်  ၄င်းတို့၏ တွေ့ရှိချက်များ နှင့်ပတ်သက်၍ တုံ့ပြန်အစီ ရင်ခံမှုများ အပေါ် ထည့်သွင်း စဉ်းစားမည်မ ဟုတ်ကြောင်း  သီရိလင်္ကာ အစိုးရမှ အခိုင်အမာ ပြောကြားချက်အား  သီရိလင်္ကာ အရာရှိတစ်ဦးက သြဂုတ်လ ၉ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ သီရိလင်္ကာ အစိုးရအနေဖြင့်  စေ့စပ်ညှိ နှိုင်းမှုများ ပြုလုပ်ရေး နှင့်ပတ်သက်၍ ကုလသမဂ္ဂမှ အဖွဲ့တစ်ဖွဲ့ လာရောက် မည်ဆိုသော သတင်းထုတ် ပြန်ချက်၏ နောက်ဆက် တွဲအဖြစ် အစိုးရအဖွဲ့ ပြောရေးဆို ခွင့်ရှိသူနှင့် ပြန်ကြားရေးဝန်ကြီး Keheliya Rambukwella က အပြင်းအထန်တုံ့ပြန် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ သီရိလင်္ကာအစိုးရ ၏ဖိတ်ခေါ်မှုကြောင့် ကုလသမဂ္ဂအဖွဲ့သည် သီရိလင်္ကာသို့ လာရောက်မည် ဆိုသော်လည်း ၄င်းတို့သည် လေ့လာသူများ သာဖြစ်ပြီး အကြံပေးအဖြစ် ဆောင်ရွက် ခွင့်ရှိသူများ မဟုတ်ကြောင်း Keheliya  ကပြောကြားခဲ့ပါသည်။
 
သီရိလင်္ကာနိုင်ငံ အစိုးရအနေဖြင့် နိုင်ငံ၏ အချုပ်အခြာ အာဏာကိုထိပါးမည့် မည်သည့် ပြည်ပအဖွဲ့ အစည်းကိုမဆို နိုင်ငံအတွင်း သို့ဝင်ရောက်ရန် ခွင့်ပြုမည်မဟုတ်ကြောင်း ယခင်အစည်းအဝေးများတွင် Keheliya Rambukwella က ပြောကြားခဲ့ပါသည်။  လွန်ခဲ့သော မတ်လအတွင်း  လူ့အခွင့်အရေး ကောင်စီမှ သီရိလင်္ကာနိုင်ငံ အပေါ်ချမှတ်ခဲ့သည့် လူ့အခွင့်အရေး နှင့်ပတ်သက်သော ဆုံးဖြတ်ချက်ကို သီရိလင်္ကာအစိုးရမှ အကောင် အထည်ဖော် ရေးအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မှကျွမ်းကျင် သူများသည် နည်းပညာဆိုင်ရာ ထောက်ပံ့မှုများနှင့် အကြံများပေးရန် သီရိလင်္ကာနိုင်ငံ သို့လာရောက်မည်ဟု အစောပိုင်းကတည်းက သတင်းများ ထွက်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်