Monday, August 13, 2012

၆၂ နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနားကျင်းပ

Posted by drmyochit Monday, August 13, 2012, under | No comments


 From - ပေါ်ပြုလာဂျာနယ်
ယနေ့တွင် ကျရောက်သည့် ၆၂ နှစ်မြောက် ကရင်အာ ဇာနည်နေ့အခမ်း အနားတရပ်ကို ကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ် ရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၇ ဌာနချုပ်တွင် ကျင်းပ ခဲ့သည်။ အခမ်းအနားတွင် KNLA တပ် မဟာ ၇ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောေ ဂျာ်နီ က ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ကရင်အ မျိုးသားအ လံ နှင့် ကျဆုံး သွားသည့်အာဇာနည်များကို တက်ေ ရာက် လာ သည့် က ရင်အမျိုးသားများနှင့်အတူ အလေးပြုခဲ့ကြပြီး ကရင်အမျိုးသား အစည်း အ ရုံး  KNU  ဥက္ကဌပေးပို့ခဲ့သည် ကရင်အာဇာနည်နေ့ မိန့်ခွန်းကို ပဒိုလေးတော ကဖတ်ကြားခဲ့သည်။KNU ဥက္ကဌ ၏မိန့်ခွန်းတွင်"သမတဦးသိန်းစိန်ကိုတိုက်တွန်းလိုသည်မှာ တိုင်းရင်းသားများနှင့် စစ်မှန်သောငြိမ်းချမ်းရေးကိုတည်ဆောက်ပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီနိုင်ငံသစ်သို့ချီတက်လိုလျှင် ပွင့်လင်း မြင်သာမှုရှိသော နိုင်ငံရေးအရအဓိပါယ်ပြည့်ဝသည့် တွေ့ဆုံဆွေးနွေးမှုများကိုပြုလုပ်ရမည် ထိုသို့ မဟုတ်ပါက ပြည်တွင်းစစ်ဆက်လက် ဖြစ်ပွားနေမည်ပင်ဖြစ် သည်"ဟုပါရှိသည်။KNLA တပ်မဟာ ၇ သည် နှစ်ဘက် အကြားငြိမ်းချမ်းရေးဆိုင်ရာဆက်သွယ်မှုများကို အစိုးရနှင့်ပုံမှန်ဆက်ဆံမှုပြုနိုင်ရန်အတွက် ယခုလ ၁၈ ရက်နေ့တွင် ကရင်ပြည်နယ်မြ၀တီမြို့၌ ဆက်ဆံရေးရုံးတခုကိုဖွင့်လှစ်ရန်ရှိသည်ဟု တပ်မဟာ ၇ မှတပ်မှူးတဦးကပြောသည်။ အလားတူအခမ်းအနားများကို KNU လက်အောက်ခံ ဘိတ်ထားဝယ်၊ ဒူးပလာယာ၊ ဘားအံ၊ သထုံ၊ ညောင်လေးပင်၊ တောင်ငူ၊ဖာပွန်၊စသည့်ခရိုင် ၇ ခုနှင့်တပ်မဟာ ၇ ခု တွင်လည်းကျင်းပပြုလုပ်ခဲ့ကြသည်။KNU အဖွဲ့သည် အစိုး ရငြိမ်း ချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့်ဒုတိယအကြိမ်မြောက်ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးကြပွဲကို ဘားအံမြို့ ၌ ယခုလ၂၇-၂၈-၂၉-ရက်နေ့များတွင်ပြုလုပ်ရန်အတွက်နှစ်ဘက်တာဝန်ရှိသူများသဘောတူညီထားပြီးဖြစ်သည်ဟု KNU ခေါင်းဆောင်တဦးကပြောသည်။

ရဲရင့်မောင်


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်