
ရခိုင်ပြည်နယ်၊
စစ်တွေမြို့၊ မင်းဂံရပ်ကွက်တွင် စီးပွါးရေးကြပ်တည်းခြင်းကြောင့် ၂၀၁၂-၂၀၁၃
ပညာသင်နှစ် တက္က သိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူများအတွက် ပညာရေးထိခိုက်မှု
မရှိစေရန် ၀ံလက် (ဒေသဖွံ့ဖြိုးရေး ဖောင် ဒေးရှင်း)မှ အခမဲ့စာသင်ဝိုင်းဖွင့်၍
သင်ကြားနေကြောင်း သတင်းရရှိသည်။
ယခုနှစ်တွင် မင်းဂံရပ်ရပ်ကွက်ရှိ
ကျောင်းသူ၊ ကျောင်းသားများ၏ မိသားစုများသည် စီးပွားရေး ကြပ်တည်းခြင့်ကြောင်
အခမဲ့စာသင်ဝိုင်းဖွင့်၍ စာသင်ပေးနေကြောင်းကို အဆိုပါစာသင်ဝိုင်း၏
အုပ်ချုပ်ရေးနှင့် သင်ကြားပို့ချရေးကို တာဝန် ယူထားသူ ဆရာဦးအောင်ကျော်ငြိမ်းက
ပြောသည်။
"
ကျနော်တို့ အခမဲ့စာသင်ဝိုင်းကို ဖွင့်လှစ်သင်ကြားနေတာက တစ်လလောက်ရှိနေပါပြီ၊
အခမဲ့စာသင်ဝိုင်းကို ဖွင့်ရ တာကလည်း ကျောင်းသားမိဘတွေဟာ ဒီနှစ်မှာ
ဆင်းရဲကြပ်တည်းကြတယ်၊ ဒီနှစ်မှာ ခေတ်ကာလ အခြေအနေ မကောင်းတာကြောင့်
အလုပ်အကိုင်တွေလည်း အဆင်မပြေတာတွေ့ရတယ်၊ ဒါကြောင့် ၀ံလက်ဖောင်ဒေးရှင်းကို အကူအညီတောင်းပြီး
အခုလို အခမဲ့စာသင်ဝိုင်းဖွင့် သင်းကြားခဲ့ကြတာပါ " ဟု ဆရာ
ဦးအောင်ကျော်ငြိမ်းက ပြော သည်။
မင်းဂံရပ်ကွက်တွင်
လူထုများ စီးပွါးရေးအကြပ်တည်းကြောင့် ပညသင်ယူနေသာ သူများအတွက် အခက်အ ခဲဖြစ် နေသော
အနေအထားကြောင့် အရေးပေါ်အနေအထားအရ အခမဲ့စာသင်ဝိုင်း ဖွင့်လှစ်ခဲ့ရကြောင်းကို
ဝံလက်ဖောင် ဒေးရှင်း၏ ပညာရေးအခန်းကဏ္ဍအား တာဝန်ယူထားသူ ဒါရိုက်တာ
ဦးထွန်းမင်းသိန်းမှ ပြောသည်။
"
ကျနော်တို့ ဖောင်ဒေးရှင်းက ပညာရေးနှင့် ပတ်သက်ပြီး အဓိထား လုပ်ဆောင်ပါတယ်၊ စစ်တွေ
မြို့ထဲမှာတော့ ယခင် ကလည်း ဒီလိုအခမဲ့စာသင်ဝိုင်းတွေ ဖွင့်ထားတာရှိတယ်၊ မင်းဂံမှာ
မခမဲ့စာသင်ဝိုင်းကို ဒီနှစ်မှ ဖွင့်တာဖြစ်တယ်၊ အရေးအခင်းကြောင့် လူတွေစီးပါးရေး
ခက်အခဲဖြစ်ကြတယ်၊ စာသင်သားတွေအတွက်လည်း အခက်အ ခဲဖြစ် လာတဲ့အနေအထားမှာ
အရေးပေါ်အနေအထားအရ ဖွင့်လှစ်လိုက်ရတယ်၊" ဟု ဦးထွန်းမင်းသိန်းက ပြောသည်။
"
ကျနော်တို့ အဖေက အခြားကျေးရွာမှာ အလုပ်သွားလုပ်တယ်၊ အခုက ဘင်္ဂလီနဲ့ ရခိုင်ပြဿနာ
ဖြစ်နေတဲ့ အတွက်ကြောင့် အဖေက အလုပ်မသွားနိုင်၊ ကျနော်တို့ ကျောင်းလခကို မပေးနိုင်၊
လကုန်တော့ ကျူရှင်လ စာမပေးနိုင်တော့ မျက်နှာပူရတယ်၊ အခုလို အခမဲ့စာသင်ဝိုင်းမှာ
စာသင်ရတော့ လစာအတွက် ပူစရာမလိုတော့ဘူး၊ စာသင်ရတာလည်း အားလုံးအဆင်ပြေပါတယ်၊ အခုလို
အခမဲ့စာသင်ဝိုင်းဖွင့်ပေးတဲ့ ၀ံလက်ဖောင်ဒေးရှင်းကိုလည်း ကျနော်တို့
ကျေးဇူးတင်ပါတယ် " ဟု ကျောင်းသား အောင်နိုင်ထွန်းက ပြောသည်။
ဝံလက်ဖောင်ဒေးရှင်းမှ
ဖွင့်လှစ်ထားသော အခမဲ့စာသင်ဝိုင်းတွင် ကျောင်းသား၊ ကျောင်သူ ၅၁ ဦး၊ စာသင်ဆရာ၊
ဆရာမ ၅ ဦးရှိပြီး အင်္ဂလိပ်စာဘာသာနှင့် သင်္ချာဘာသာရပ်ကို အဓိကသင်းကြားကြောင်း
သိရသည်။
အခမဲ့
စာသင်ဝိုင်းတွင်သင်ကြားသော ဆရာ၊ ဆရာမများအား လုပ်အားဓါနခ တစ်ဦးလျှင်(၂၀၀၀၀)
ကျပ်စီ ၀ံလက် ဖောင်ဒေးရှင်းမှ ထောက်ပံ့ကြောင်း သတင်းရရှိသည်။
ဝံလက်ဖောင်ဒေးရှင်းမှ
မင်းဂံရပ်ကွက်တွင် ဖွင့်လှစ်ထားသော အခမဲ့စာသင်ဝိုင်းအခမ်းအနားကို သြဂုတ်လ ၁၂ နေ့က
ကျင်းပပြုလုပ်ပြီး အခမ်းအနားတွင် ကျောင်းသူ၊ ကျောင်းသားများအတွက် ဗလာစာအုပ်၊
ဘောပင်၊ A4 စာရွက်နှင့် ကျောင်းသူ၊ ကျောင်းသားများအတွက် အထောက်အကူဖြစ်စေသော
ဘာသာရပ်ဆိုင်ရာ အထူးထုတ်စာများကိုလည်း စာသင်ဝိုင်း စာကြည့်တိုက်အတွက်
လှူဒါန်းခဲ့ကြောင်း သိရသည်။

0 comments:
Post a Comment