Monday, August 13, 2012

ဂျပန်နိုင်ငံနှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသော Dokdo ကျွန်းစုသို့ တောင်ကိုရီးယား သမ္မတ အလည်အပတ် သွားရောက်မည်ဆိုခြင်း

Posted by drmyochit Monday, August 13, 2012, under | No comments


Xinhuanet.com;Aug-10(Fri)

တောင်ကိုရီးယားနှင့် ဂျပန် နှစ်နိုင်ငံစလုံး ကပိုင်ဆိုင်ကြောင်း အငြင်းပွားနေသော Dokdo ကျွန်းစုသို့ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်သည် သြဂုတ်လ ၁ဝ ရက်နေ့တွင် အလည်အပတ် သွားရောက်ရန် စီစဉ်လျက်ရှိသဖြင့် ၄င်းအလည် အပတ်ခရီးကို ဂျပန်နိုင်ငံက ကန့်ကွက်ဆန္ဒပြမှုနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ခန့်မှန်းချက်များ ထွက်ပေါ် လျက်ရှိပါသည်။ တောင်ကိုရီးယားနိုင်ငံတွင် Dokdo ဟုခေါ်ပြီး ဂျပန်နိုင်ငံတွင်Takeshima ဟုခေါ်သည့် အငြင်းပွားနေသော ကျွန်းစုများ၏ အနောက်ဘက် ၉ဝ ကီလိုမီတာ ခန့်အကွာရှိ Ulleung ကျွန်းသို့ လီမြောင်ဘတ်က အလည်အပတ် ခရီးဆက်လက် သွားရောက်ပြီး နောက်တွင် အဆိုပါ Dokdo ကျွန်းစုသို့ အလည်အပတ် ခရီးသွားရောက်နိုင် ဖွယ်ရှိကြောင်း တောင်ကိုရီးယား သမ္မတရုံးအဖွဲ့၏ ဖော်ပြချက်အရသိရှိရပါသည်။   

လီမြောင် ဘတ်အနေဖြင့် လူအနည်းငယ် သာနေထိုင်သည့် ၄င်းကျွန်းစုသို့ သွားရောက်သော ပထမဆုံး တောင်ကိုရီးယား ခေါင်းဆောင်ဖြစ်လာရန် ရည်ရွယ်ဆောင်ရွက် သောခရီးစဉ်တစ် ခုဖြစ်ပါသည်။ ဂျပန်ကိုလိုနီ အုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေးရရှိသည့် (၆၇)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား မကျင်းပမီ ရက်အနည်းငယ် အလိုတွင် အဆိုပါအလည်အပတ် ခရီးအစီအစဉ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။ ဂျပန်နိုင်ငံက ၄င်း၏နောက်ဆုံး ထုတ်ပြန်သော ကာကွယ်ရေး စက္ကူဖြူ စာတမ်းတွင် ၄င်းကျွန်းစုများ ပိုင်ဆိုင်ကြောင်း ထပ်မံဖော်ပြခဲ့ပြီးနောက် မရှေးမနှောင်းမှာပင် လီမြောင်ဘတ် ၏ခရီးစဉ်ထွက်ပေါ် လာခဲ့ခြင်းလည်းဖြစ်ပါသည်။ ၄င်းစက္ကူဖြူ စာတမ်းအား တောင်ကိုရီးယား နိုင်ငံက အပြင်းအထန် ကန့်ကွက်ဆန္ဒ ပြခဲ့ကြပါသည်။ ၁၉၁ဝ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်နိုင်ငံ၏ ကျူးကျော်သိမ်းပိုက် မှုပြီးဆုံးချိန် နောက်ပိုင်းမှစ၍ တောင်ကိုရီးယားနိုင်ငံက ၄င်းကျွန်းစုများအား ဆယ်စုနှစ် ပေါင်းများစွာ ထိန်းချုပ်ထား ခဲ့ခြင်းဖြစ်ပါသည်။ အရှေ့ပင်လယ်အတွင်း ထီးထီး တည်ရှိနေသော ၄င်း Dokdo ကျွန်းစုသည် အာရှအိမ်နီး ချင်းနှစ် နိုင်ငံအကြား ကာလကြာရှည်စွာ သံတမန်ရေး အငြင်းပွားမှု မြစ်ဖျားခံရာ ကိစ္စရပ်ဖြစ် လျက်ရှိပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်