Monday, August 13, 2012

မြန်မာ့လေကြောင်းက လေယာဉ်ဟောင်းများ နေရာတွင် အစားထိုးရန် လေယာဉ်သစ်များ ဝယ်ယူရန် စီစဉ်နေ

Posted by drmyochit Monday, August 13, 2012, under | No comments


From : Pyi Myanmar

ပို့ဆောင်ရေး ဝန်ကြီးဌာန၊ မြန်မာ့လေကြောင်း အနေဖြင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန်နှင့် မကြာမီ သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည့် F-28 လေယာဉ်များနေရာတွင် အစားထိုး လဲလှယ်ရန်အတွက် လေယာဉ်သစ်များကို ယခုနှစ်အတွင်း ဝယ်ယူရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့လေကြောင်းမှ တာဝန်ရှိသူ တစ်ဦးထံမှ ၁-၈-၂၀၁၂ ရက်က သိရသည်။ “မြန်မာ့လေကြောင်းမှာ လက်ရှိအသုံးပြုနေတဲ့ F-28၊ MA-601 ATR နဲ့ Beech-1900D လေယာဉ်အမျိုးအစား လေးမျိုးမှာ F-28 အမျိုးအစား လေယာဉ်သုံးစင်းထဲက တစ်စင်းက လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့မှာ သက်တမ်းကုန်မယ်။ ကျန်တဲ့ နှစ်စင်းကလည်း လာမယ့် ၂၀၁၃ သက်တမ်းကုန်မှာဖြစ်လို့ ဒီနှစ်ထဲမှာပဲ လေယာဉ်သစ်တွေ ဝယ်ယူဖို့ စီစဉ်နေပါတယ်။ ကနေဒါနိုင်ငံထုတ် Bombardier လေယာဉ် အမျိုးအစားထဲက ခရီးသည် ၉၀ ဦး တင်ဆောင်နိုင်တဲ့ CRJ-900 လေယာဉ်ကို ဝယ်ယူဖို့ ရွေးချယ်ထားပါတယ်” ဟု ယင်းက ပြောသည်။ Bombardier (CRJ-900) လေယာဉ် အမျိုးအစားသည် ကမာပေါ်တွင် အသုံးအများဆုံးဖြစ်သည့် Boeing, Airbus လေယာဉ်များပြီးလျှင် အသုံးအများဆုံးဖြစ်ပြီး လေယာဉ်များပြီးလျှင် အသုံးအများဆုံးဖြစ်ပြီး မြန်မာ့လေကြောင်း အနေဖြင့် ၂၀၁၂-၂၀၁၃ တွင် ခရီးသည် ငါးသိန်းခန့် သယ်ဆောင်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်