Monday, August 13, 2012

ဆည်မြောင်းတာကျိုးပေါက်ခြင်း ကိစ္စရှင်းလင်းပွဲပြုလုပ်

Posted by drmyochit Monday, August 13, 2012, under | No comments


 From : .hot news
ပန်းတနော်မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးစည်း ဝေးခန်းမတွင် (၉.၈.၂၀၁၂) ရက်နေ့ ညနေ(၆)နာရီ အချိန်၌ မြို့နယ်အတွင်းရှိ နှဲကောအစွန် ဆည်မြောင်းတာကျိုးပေါက်ခြင်း ကိစ္စရှင်းလင်းပွဲပြုလုပ်ခဲ့ပါသည်။
အဆိုပါ ရှင်းလင်းပွဲသို့ ဧရာ ၀တီတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမန်းသက်တင် နှင့်ဦးငြိမ်းမြိုင် ခရိုင်အုပ်ချုပ်ရေး မှူး ဦးအေးသောင်း ခရိုင်ဆည် မြောင်းဦးစီးမှူး ဦးဖြိုးမြင့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြဦးနှင့်နိုင်ငံ ရေးပါတီများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊မြို့ မိမြို့ဖများ သတင်းစာဆရာအသင်း ၀င်များ တက်ရောက်ခဲ့ပါသည်။

ခရိုင်အုပ်ချုပ်ရေးမှူးမှ ပန်း တနော်မြို့နယ် ရွှေလှေကျေးရွာ အုပ်စုခန့်မှန်းမြေပုံညွှန်း GP ၆၆၂၉၆၁ နှဲကောအစွန်ဆည်မြောင်း တာပေါ်သို့ မိုးရွာသွန်းမှုများပြီး ကွင်းရေလျှံကျမှုကြောင့် ပေ(၃၀) တစ်ပေါက် ပေ(၆၀)တစ်ပေါက် ပေ(၂၀)နှစ်ပေါက်၊ပေ(၁၅၀)တစ် ပေါက် စုစုပေါင်း(၅)နေရာ ကျိုး ပေါက်ခဲ့ကြောင်း အဆိုပါကျိုး ပေါက်နေရာများအား ၀ါးတိုင် စိုက် ယင်းကာပြီး ရေစီးအရှိန် နည်းစေရန်မြို့နယ်ဆည်မြောင်း ဦးစီးဌာနနှင့်တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးမန်းသက် တင်နှင့်ဦးငြိမ်းမြိုင် ဦးဆောင်သည့် ရေလုပ်ငန်းရှင်များမှ ကျွမ်းကျင် ရေလုပ်သားများနှင့်လှူဒါန်းကူညီ မှုများဖြင့်ဆောင်ရွက်ခဲ့ကြောင်း ခန့်မှန်းကုန်ကျငွေ(၅၂၈၀၀၀၀) ကုန်ကျမည်ဖြစ်ကြောင်း၊အချိန်နှင့် တစ်ပြေးညီဆောင်ရွက်ခဲ့ရာ(၁၀. ၈.၂၀၁၂)ရက်နေ့တွင် ပေ(၁၅၀) အပေါက်အား အပြီးသတ်ပိတ်ဆို့ နိုင်မည်ဖြစ်ကြောင်း အဆိုပါကျိုး ပေါက်မှုကြောင့် ပတ်ဝန်းကျင် ကျေးရွာအုပ်စု(၇)အုပ်စု၊ကွင်းပေါင်း (၃၈)ကွင်း၊လယ်ဧက(၁၅၀၀)ခန့် ရေကြီးနစ်မြှုပ်နိုင်ကြောင်း၊မိုးစပါး အများစုမှာ ရေနက်ကွင်းစပါးများ ဖြစ်၍ ထိခိုက်သော်လည်း ပျက် စီးမှုမရှိနိုင်ကြောင်း၊သက်ငယ်စပါး ခင်းများသာ ပျက်စီးနိုင်ကြောင်း၊ စိုက်ခင်းများပျက်စီးမှုကို ကွင်းဆင်း အဖွဲ့များဖြင့်တိကျစွာ စာရင်း ကောက်ယူပြီး ရေကျသွားပါက ရေကျနောက်စိုက်နှင့်နွေစပါးစိုက် ပျိုးနိုင်ရန် မျိုးနှင့်စိုက်စရိတ်ထုတ် ချေးရေး နွေစပါးစိုက်ပျိုးနိုင်ရန် ဆောင်းသီးနှံများစိုက်ပျိုးရေးကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မိမိကိုယ်တိုင်ကွင်းဆင်း စစ်ဆေး၍ နီးစပ်ရာ အုပ်စုများ ရှိ တောင်သူများနှင့်တွေ့ဆုံပြီးဖြစ် ကြောင်းရှင်းလင်းသွားပါသည်။ တက်ရောက်လာသူများမှအကြံ ဥာဏ်များပေးကြပြီး ရှင်းလင်းပွဲ ကို ည(၇)နာရီတွင် ရုတ်သိမ်းလိုက် ပါသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်