Monday, September 24, 2012

ဇွန် ၈ ရက်နေ့တွင် ကျောင်းအုပ်ဆရာကြီးနှင့် ဒေသခံများအား သတ်ဖြတ်သော တရားခံအား နစကဖမ်းဆီး

Posted by drmyochit Monday, September 24, 2012, under | No comments



From : mgchantharNarajia

မောင်တောမြို့နယ် အခြေစိုက် နစက က ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွင် ကျောင်းအုပ်ဆရာကြီးနှင့် ဒေသခံ တချို့အား သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ခဲ့သော အကြမ်းဖက်သမား တရားခံ မိုဟာမတ် အာလာမ် (၄၀)နှစ်အား တနင်္ဂနွေ (၁၆)ရက်နေ့က လိုက်လံဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ နစကထံ ဖမ်းဆီးခံရသူမှာ မောင်တောမြို့ မင်္ဂလာကြီးနယ်မြေမှ မိုဟာမတ် ဇော်လိလေရ်၏သား အာလာမ်ဖြစ်ကြောင်းနှင့် အရေးအခင်းကာလတွင် ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာနှင့် ဒေသခံတချို့အား ၎င်းအပါအ၀င် ဇွန် ၈ ရက်နေ့က သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ခဲ့ကြောင်း နစကမှ ထုတ်ဖေါ် ပြောဆိုသည်။ သို့သော်လည်း ကျောင်းအုပ်ဆရာကြီးနှင့် ဒေသခံများအား သတ်ဖြတ်ရာတွင် အဓိက ပါဝင်ခဲ့သူ အကြမ်းဖက်သမား တရားခံဖြစ်သော၊ မူးယစ်မှောင်ခိုသမားများဖြစ်သော ကျန် ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရှိရသည်။ ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာအား သတ်ဖြတ်သော တရားခံမှာ အာလာမ် အပါအ၀င် တခြားဘင်္ဂလီ အကြမ်းဖက်သမားများဝိုင်းပြီး ဓါးဖြင့်ခုတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြက်သက်သေ ဒေသခံနှင့် သရီကုန်ဘောင်တွင် တာဝန်ထမ်းဆောင်နေခဲ့သော ကျောင်းဆရာမများက ပြောသည်။ တရားခံ အာလာမ်မှာ ကျောင်းအုပ်ဆရာကြီးများနှင့် ဒေသခံရခိုင်လူထုများအား သတ်ဖြတ်ပြီး မောင်တောမြို့နှင့် မျက်နှာချင်းဆိုင် တည်ရှိသော ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တာခ်နာမြို့ ကားဂိတ်အနီးရှိ ၎င်း၏ညီ နုရုလ်အာမိ နေအိမ်သို့ ၃ လခန့် တိမ်းရှောင်နေခဲ့ပြီး ယခုမောင်တောမြို့သို့ ပြန်လည်ရောက်ရှိချိန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း နစကမှ ပြောသည်။ အာလာမ် အနေဖြင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံအတွင်း ၎င်းအကြမ်းဖက်ခဲ့သော ဓါတ်ပုံနှင့် သတင်းအမှားများကို ဖြန့်ချီခဲ့ကြောင်းနှင့် ဘင်္ဂလီများအား လူမျိုးရေး၊ ဘာသာရေးအရ စည်းရုံးပြီး ရခိုင်ပြည်သို့ သွားရောက်ကာ တိုက်ပွဲဝင်ရန်လိုအပ်ကြောင်း လှုံဆော်ခဲ့ကြောင်း စုံစမ်း သိရှိရသည်။ သက်ဆိုင်ရာမှ စစ်ဆေးချက်များအရ အာလာမ်မှာ မြန်မာ-ဘင်္ဂလာနှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးများအား ဂိုဏ်းဖွဲ့ပြီး မှောင်ခိုတင်ပို့ နေသောသူဖြစ်ကြောင်း နစကမှ ဆိုသည်။ အဆိုပါ ညီအစ်ကို နှစ်ဦးမှာ ရာဘားမူးယစ်ဆေးဝါးများအား လုပ်ဆောင်နေသူဖြစ်ကြောင်း၊ ဘင်္ဂလာသို့ ထွက်ပြေးလာပြီးနောက်ပိုင်း မူးယစ်ဆေးဝါးများ ထပ်မံလုပ်ဆောင်နိုင်ရန် မောင်တောမြို့နယ်ရှိ နစကအရာရှိတဦးနှင့် အဆက်အသွယ်ပြုလုပ်ပြီး စက်တင်္ဘာ ၁၆ ရက်နေ့က လှေဖြင့်နတ်မြစ်ဖြတ်ကျော်၍ မိမိနေအိမ် မင်္ဂလာကြီးနယ်မြေသို့ ရောက်လာချိန်တွင် နစကမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက ပြောသည်။ ယခုအခါ သက်ဆိုင်ရာမှ အသေးစိပ်စစ်ဆေးချက်များကို မေးမြန်းနေကြောင်းနှင့် ဥပဒေကြောင်းအရ သေဒဏ်ချမှတ်နိုင်ကြောင်း မောင်တောမြို့နယ် ဒေသခံများက ဆိုသည်။ ဇွန် ၈ ရက်နေ့က စတင်အကြမ်းဖက်သော ကာလတွင် သတ်ဖြတ်ခံရသည့် ကျောင်းအုပ်ဆရာကြီးများမှာ ၎င်း၏တပည့်များဖြစ်သော ယင်းဖေါ်ပြပါ ဘင်္ဂလီကျောင်းဆရာများထံ အသတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယင်းအကြမ်းဖက်သမားများမှာ ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာ (မောင်တောမြို့နယ် သရီကုန်ဘောင်ရွာ)၏ နေအိမ်သို့ နေ့စဉ်ဝင်ထွက်သွားလာ စားသောက်နေကြသူများလည်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ သရီကုန်ဘောင်ကျေးရွာတွင် ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာ၊ ဦးဘဒို၊ ဦးအောင်သိန်းလှနှင့် တချို့သူများအား သတ်ဖြတ်ရာတွင် ပါဝင်ခဲ့သော တရားခံများမှာ မော်ဇူရာမာန်၊ အောင်မြင့်နှင့် ခင်မောင်ထူး တို့ပါဝင်ခဲ့ကြောင်း သိရှိရသည်။ ကျောင်းအုပ်ဆရာကြီးတွင် သမီး မလဲ့လဲ့သန်း (၈)တန်းနှင့် သားတဦးကျန်ရစ်ခဲ့ကြောင်းနှင့် ဇနီးဖြစ်သူ ဆရာမကြီးမှာလည်း အကြမ်းဖက်သမားများ၏ ဓါတ်းဒဏ်ရာဖြင့် မထနိုင်သေးကြောင်း သိရှိရသည်။ ဦးမောင်ချမ်းသာမှာ မသေခင် မိမိနေအိမ်အတွင်း ကျောင်းဆရာ၊ ဆရာမများအား သိမ်းဆည်းထားခဲ့ပြီး ၎င်းတို့လွတ်မြောက်ရန် ရှေ့ကကာကွယ်ပေးခဲ့ကြောင်းနှင့် နောက်ဆုံးတွင် တပည့်များ၏ လက်ချက်ကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အနေဖြင့် ရခိုင်ပြည်နယ်အကြမ်းဖက်မှုနှင့် ဆက်စပ်မှုရှိသည့် UNHCRနှင့် INGOမှ ၀န်ထမ်းများအား ဥပဒေပုဒ်မ အမှုများဖြင့် သြဂုတ် ၂၄ ရက်နေ့က အသီးသီး ထောင်ပြစ်ဒဏ် ၂ နှစ်မှ ၆ နှစ်အထိ မောင်တောမြို့ တရားရုံးက ချမှတ်ထားသော ခင်မောင် (ခ) အဏ္ဏ၀ါဆာဒတ်၊ ခင်မောင်ဆွေ (ခ) တာရတ်နှင့် ချိုလေးမာခါတုန်တို့ကို သမ္မတအာဏာဖြင့် သြဂုတ် ၂၈ ရက်နေ့က လွှတ်ပေးခဲ့သည်။ ယင်းရခိုင်ပြည်နယ်အတွင်း ဇွန်လ ၈ ရက်နေ့က စတင်ခဲ့သည့် အကြမ်းဖက်သမားများ သောင်းကျန်းမှုတွင် နေအိမ်စုစုပေါင်း ၃၀၀၀ ကျော်၊ သေဆုံးသူ ၁၀၀ ဦးခန့်၊ ဒဏ်ရာရရှိခဲ့သူ ၃၈ ဦး၊ ဘုန်းတော်ကြီးကျောင်း ၁၅ ကျောင်း၊ ဗလီကျောင်း ၇ ခု၊ ဒုက္ခသည်စခန်း ၃၇ နေရာရှိခဲ့ကြောင်းနှင့် ဒုက္ခသည် စုစုပေါင်း ၉၀၀၀၀ ခန့်ရှိခဲ့ကြောင်း သိရှိရသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်