Monday, September 24, 2012

မနားမနေ အလုပ်လုပ်နေသည့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၊ တရုတ်နိုင်ငံမှ ပြန်လာပြီး သုံးရက်အတွင်း အမေရိကန်နိုင်ငံသို့ သွားမည်

Posted by drmyochit Monday, September 24, 2012, under | No comments


 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်  ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ရန်အတွက် အမေရိကန် ပြည်ထောင်စုသို့ (၂၄-၉-၂၀၁၂)ရက်နေ့မှ (၁-၁၀-၂၀၁၂)ရက်နေ့အထိ ခရီးထွက်ခွါမည် ဖြစ်ကြောင်း၊

သွားရောက်သည့် ခရီးစဉ်အတွင်း အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားမည် ဖြစ်ပြီး အမေရိကန်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာခေါင်းဆောင်များ၊ ကျော်ကြားထင်ရှား ပုဂ္ဂိုလ်များ စသည်တို့နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း၊

မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။


သမ္မတကြီး ဦးသိန်းစိန် အတွက် သြဂုတ်လအတွင်းက အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်မှုအား အသိအမှတ်ပြုခဲ့ပြီး မြန်မာနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများအပေါ် ဗီဇာပိတ်ပင်ထားခြင်းအား ပယ်ဖျက်ပေးခဲ့သည်။ ထို့အပြင် အမေရိကန်ဘဏ္ဍာရေးဝန် ကြီးဋ္ဌာနကလည်း သမ္မတဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့အား အမေရိကန်တွင် စီးပွားရေလုပ်ကိုင်ခွင့်နှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် တားမြစ်ခံရသူများစာရင်းမှ စက်တင်ဘာလ၁၉ ရက်နေ့က အရေးပေါ် ပယ်ဖျက်ပေးခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်