Monday, September 24, 2012

အာဆီယံချန်ပီယံရှစ် ဒုတိယဆုရ မြန်မာအမျိုးသမီးအသင်းကို MFF ဥက္ကဋ္ဌဦးဇော်ဇော် ကျပ်သိန်း(၁၅၀)ချီးမြှင့်

Posted by drmyochit Monday, September 24, 2012, under | No comments



From :MNL

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ဗီယက်နမ်နိုင်ငံ ဟိုချီမင်း မြို့တွင်ကျင်းပပြီးစီးခဲ့သည့်၂၀၁၂ ခုနှစ်အာဆီယံချန်ပီယံရှစ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သော မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းအားဆုကြေး ကျပ်သိန်း(၁၅၀)ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်းသည် အိမ်ရှင်ဗီယက်နမ်
အသင်းအား သာမန်ပွဲကစားချိန်နှင့်အချိန်ပိုမိနစ်(၃၀)အထိ ဂိုးမရှိသရေဖြင့် အကောင်း ဆုံးယှဉ်ပြိုင်ကစားပြခဲ့သော်လည်း ပင်နယ်တီအဆုံးအဖြတ်တွင် အိမ်ရှင်အသင်းကို (၄-၃)ဂိုးဖြင့် အရေး နိမ့်ကာ ဒုတိယဆုဖြင့်သာကျေနပ်ခဲ့ရသည်။

" ကစားသမားတွေ မိနစ်(၁၂၀)ကျော်ကို အကောင်းဆုံးကစားပြခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ကြောင့်သာ အရေးနိမ့်သွားရတာပါ။ထိုင်းလို ထိပ်တန်းအသင်းမျိုးကို အနိုင်ကစားပြပြီး ဗိုလ်လုပွဲတက်ခဲ့တဲ့အပြင် ဗိုလ်လုပွဲမှာလည်း အိမ်ရှင်ဗီယက်နမ်ကို အကောင်းဆုံးရင်ဆိုင်နိုင်ခဲ့ပါတယ်။ တစ်သင်းလုံး ရဲ့ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုချီးကျူးပါတယ်။" ဟု ဥက္ကဋ္ဌဦးဇော်ဇော်က ပြောကြားသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အမျိုးသားနှင့်အမျိုးသမီးဘောလုံးလောက နှစ်ခုစ လုံးဖွံဖြိုး တိုးတက်အောင် ဆောင်ရွက်လျက်ရှိပြီး လာမည့်နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။



အမျိုးသမီးအသင်း ကစားသမားများ၏ မူလခံစားရရှိသည့်လစာငွေထက် ပိုမို တိုးမြှင့် ပေးသည့်အနေဖြင့် ကစားသမားတစ်ဦးလျင် တစ်လကျပ်(၃)သိန်းမှ ကျပ်(၅)သိန်းအထိ တိုးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း

ထို့အပြင် လက်ရှိမြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို ၂၀၁၃ ဆီးဂိမ်းစ်တွင် ချန်ပီယံဖြစ်ရေးအတွက် ဆက်လက်လေ့ကျင့်ပြင်ဆင်ပေးသွားမည်ဖြစ်ကာ အမျိုးသမီးအသင်း ကစားသမားများ၏ မူလခံ စားရရှိသည့်လစာငွေထက် ပိုမိုတိုးမြှင့်ပေးသည့်အနေဖြင့် ကစားသမားတစ်ဦးလျင် တစ်လကျပ်(၃)သိန်းမှ ကျပ်(၅)သိန်းအထိ တိုးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းလည်းဦးဇော်ဇော်က ထပ်မံပြောကြားခဲ့သည်။ မြန် မာ အမျိုးသမီးလက်ရွေးစင်အသင်းသည် စက်တင်ဘာ ၂၃ ရက်နေ့ညနေပိုင်းတွင်ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိမည်ဖြစ်သည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်