Monday, September 24, 2012

မူးယစ်ဆေးဝါးနှင့် ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရမိ

Posted by drmyochit Monday, September 24, 2012, under | No comments


၂၀၁၂ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၆ နာရီ ချိန်ခန့်တွင် မိုးကုတ်မြို့နယ်၊ ဘီးတောင်ရပ်ကွက်၊ အိမ်အမှတ်            (ဆ/၁၂၄)နေ အောင်မြင့်(ခ) မောင်မြင့်(ဘ) ဦးအိုက်ဖူး (၄၂) နှစ်၊ ရှမ်း/ဗုဒ္ဓ နေအိမ်၌ မူးယစ်ဆေးဝါး ရောင်းဝယ်နေကြောင်း သတင်းရရှိသဖြင့် မန္တလေးမြောက်ပိုင်း မူးယစ်အထူးအဖွဲ့နှင့် မိုးကုတ်ရဲစခန်းမှ နယ်ထိန်း တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့မှ ၀င်ရောက်ရှာဖွေရာ နေအိမ်အောက်ထပ် ၎င်းနေသည့် အိမ်ခန်းရှေ့ ထင်းပုံအောက်မှ အောက်ပါပစ္စည်းများတွေ့ ရှိသိမ်းဆည်းရမိခဲ့သည် -

(၁) ပလပ်စတစ်ပိုက်( အအေးသောက်ပိုက်)ဖြင့် ဘိ
န်းဖြူဟုယူဆရသော အမှုန့်ထည့်လျှက် ပိုက် (၅)ချောင်း၊ အလေးချိန်စုစုပေါင်း ( ၀ ဒဿမ ၀၅) ဂရမ်။
(၂) အရှည်(၁၀) လက်မ၊ အချင်း (၀ဒဿမ ၅) လက်မရှိ သံပိုက်အား ယမ်းမှုန့်များ ထည့်လျှက် အေအေဓါတ်ခဲ(၄)လုံး၊ ဆားကစ်ခလုတ် (၁)ခုတွဲလျက် တိတ်အဝါဖြင့် ပတ်၍ ပြုလုပ်ထားသော လက်လုပ်မိုင်း (၃) ခု။
(၃) မိုင်းလုပ်ရန်အတွက် ပြင်ဆင်ထားသော အရှည် (၁၃) လက်မခန့်၊ လုံးပတ် (၀ ဒဿမ ၅) လက်မရှိ သံပိုက် (၄)လုံး၊ အရှည် (၁၀) လက်မ၊ လုံးပတ် (၀ ဒဿမ ၅) လက်မရှိ သံပိုက် (၃)လုံး။
(၄) အသုံးပြုပြီး အဝါရောင် တိတ်ခွေ (၁)ခု။
(၅) (၁၀) ကျပ်သားခန့်ရှိသော ဒေသလုပ် ယမ်းမှုန့် (၁)ထုပ်။
(၆) ခံဂဟေဆော်သည့် အပြာရောင် လျှပ်စစ်ဂေါက် (၁)ခု။
(၇) မီတာတိုင်း ကိရိယာ (၁) ခု။
(၈) မိုင်းတပ်ဆပ်ရာတွင် အသုံးပြုသော အရှည် (၁၁)ပေရှိ အစိမ်းရောင် ဝါယာကြိုး (၁)ခွေ။
(၉) အရှည် (၁၉) ပေရှိ (၂)ပင်လိမ် ဝါယာကြိုး (၁)ခွေ။
(၁၀) အရှည် (၃၀)ပေရှိ ဝါယာကြိုးနက် (၁)ခွေ။

တရားခံ အောင်မြင့် (ခ) မောင်မြင့်အား စစ်ဆေးချက်အရ မိုင်းပြုလုပ်ရာတွင် သုံးသော ယမ်းများအား မိုးကုတ်မြို့၊ အောက်လယ်ဦးရပ်ကွက်မှ ဝယ်ယူကြောင်း သိရှိရသဖြင့် အောက်လယ်ဦးရပ်ကွက်၊ အိမ်အမှတ် (လ/ အ-၁၉၅) နေ ဟုန်းဗဟာဒူး (ခ)ဟိုမေး (၅၅)နှစ် ဂေါ်ရခါး/ဗုဒ္ဓ၏ ကုန်စုံဆိုင်အား ဝင်ရောက် ရှာဖွေရာ ကြွတ်ကြွတ်အိတ် အနက်ရောင်ဖြင့် ထည့်လျှက် ဒေသလုပ် ယမ်း အထုပ်မျိုးစုံ၊ စုစုပေါင်း အလေးချိန် (၉၅) ကျပ်သားခန့်အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်မှ တရားခံများအား မိုးကုတ်ရဲစခန်းမှ ဥပဒေနှင့်အညီ အမှုဖွင့်လှစ်၍ စစ်ဆေး အရေးယူလျှက်ရှိကြောင်း သတင်း ရရှိပါသည်။
 
Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်