Monday, September 24, 2012

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို သမ္မတ ဦးသိန်းစိန်ကြိုဆို

Posted by drmyochit Monday, September 24, 2012, under | No comments



From : သာနောင်


တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီး အစည်းအဝေးပွဲမှာ မြန်မာနိုင်ငံ တွင်းနိုင်ငံခြားရင်းနှီးမြှုပ်နှုံမှုတွေကို ကြိုဆိုကြောင်း သမ္မတ ဦးသိန်းစိန်က ဒီကနေ့ပြောကြားလိုက်ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူ နေမှုဘ၀ တိုးတက်ပြောင်းလဲရေး အတွက် အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်တွေ အဖြစ်ဆောင်ရွက်နေကြောင်း Nanning မြို့မှာ စက်တင်ဘာလ (၁၈)ရက်နေ့ကနေ (၂၁)ရက်နေ့ထိ ကျင်းပနေတဲ့ ကုန်စည်ပြပွဲအတွင်းမှာ ဦးသိန်းစိန်က ပြောဆိုခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်ဟာ စက်တင် ဘာလ နောက်ဆုံးပတ်မှာတော့ အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်မှာဖြစ်ပါတယ်။ ဒါကြောင့် ဦးသိန်းစိန်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ နှစ်နိုင်ငံဆက်ဆံရေး ဆွေမျိုးပေါက်ဖေါ်အဖြစ် ရှိနေကြောင်း အမေရိကန်ပြည်ထောင်စုကို လည်းပြ သလိုက် တာဖြစ်တယ်လို့ တရုတ်ပြည်အခြေစိုက် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်း ကပြောပါတယ်။ Nanning မြို့မှာကျင်းပနေတဲ့ ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံကထွက်တဲ့ ကျောက်စိမ်းအပြင်၊ စိုက်ပျိုးရေး ထွက်ကုန်၊ ငါး၊ စက်မှုလုပ်ငန်းအပြင် သစ်တော၊ ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်း တွေနဲ့ ပတ်သက်လို့ ပြသခဲ့ပါတယ်။ တရုတ်နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံ ကိုလာရောက် လည်ပတ် လိုပေမယ့် အခက်အခဲတွေအများကြီးရှိနေတယ်လို့ ဦးဖိုးသံချောင်းက ဆိုပါတယ်။ Nanning ကုန် စည်ပြပွဲမှာ ပြောသွားတဲ့ သမ္မတရဲ့မိန့်ခွန်းမှာ ဒီနှစ်သြဂုတ်လ အထိ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံကျော်ထိ ရှိနေပြီး မြန်မာနိုင်ငံမှာ အများဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တခုဖြစ်လာတယ်လို့ဆိုပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်