Monday, September 24, 2012

KIA မှ တပ်ဖွဲ့ဝင်များအား ကုန်သည်များ၏ ယာဉ်မောင်းများအဖြစ် ဟန်ဆောင်စေလွှတ်ထား

Posted by drmyochit Monday, September 24, 2012, under | No comments




ကေအိုင်အေ အကြမ်းဖက်အဖွဲ့ တပ်မဟာ(၃)မှ ထောက်လှမ်းရေးသင်တန်းနဲ့  ဖောက်ခွဲရေးသင်တန်း များ တက် ရောက်ပြီးသည့် လက်ရွေးစင် ၁၀ ဦးခန့်ကို ဗန်းမော်မြို့အနီးတစ်ဝိုက်သို့ အရေးကြီးသတင်းများရယူ ရန် စေလွှတ်ထားကြောင်း သိရပါတယ်။
၎င်းလက်ရွေးစင်အဖွဲ့ဟာ  မြစ်ကြီးနားမြို့ပေါ်ရှိ  အကြီးအကဲများနှင့်  အဆင်ပြေသည့်   စီးပွားရေးသမား များ၏   ယာဉ်မောင်းသူများအဖြစ်  ဟန်ဆောင်ပြီး  ဗန်းမော်-မိုးမောက်-လွယ်ဂျယ်     ကားလမ်းကြောင်း တစ်လျှောက် နဲ့ မြို့ကြီးများရှိ စစ်တပ်များ အ၀င်အထွက်တို့ကို သတင်းရယူနေကြောင်းသိရပါတယ်။

အရင်တုန်းကလည်း  ကျွန်တော်တို့ဆီမှာ  အသိပေးပြီး   လာလုပ်ခဲ့တာတွေရှိတယ်။    ကျွန်တော်တို့ လည်းကြောက် လို့ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး။ အစိုးရနဲ့ KIA အဖွဲ့ တိုက်ခိုက်မှုတွေဖြစ်လာပြီးတဲ့နောက် မှာ သူတို့အဖွဲ့က လွှတ်ထားတဲ့သူအရေအတွက်ပိုများလာတယ်။   အရင်ကတည်းက နေရာတွေ၊ အလေ့ အထတွေကို ကြိုတင်လေ့ လာထားပြီး မိုင်းတွေကြိုတပ်ထားတော့ တိုက်ပွဲတွေဖြစ်တဲ့အခါမှာ မိုင်းတွေခဏ ခဏခွဲလို့ရတာပေါ့။အားလုံးအ တွက်အကျိုးရှိမယ်ထင်လို့ အခုလိုကျွန်တော်ပြောပြခြင်းဖြစ်တယ်လို့ ယခင် လွယ်ဂျယ်တွင် စီးပွားရေးလုပ်ကိုင်ခဲ့ သည့်ကုန်သည်တစ်ဦးမှ KDN သို့ ပြောကြားပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်