Saturday, September 08, 2012

မန္တလေး-မြစ်ကြီးနား ရထားလမ်းတံတား ဗုံးထိမှန်၍ပျက်စီး

Posted by drmyochit Saturday, September 08, 2012, under | No comments

 
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကဒူ-မော်ဟန် ဘူတာအကြား မိုင်တိုင်အမှတ် ၆၂၁/၈/၉ ကြားရှိတံတား အမှတ် ၅၅၅ ဗုံးထိမှန်၍ ပျက်စီးသွားခဲ့ကြောင်းသိရှိရပါသည်။အဆိုပါဖြစ်ပွားမှုမှာ စက်တင်ဘာလ ၆ ရက် ညနေ ၆နာရီ ၃၅ မိနစ်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲခြင်းမရှိသေးသော ဗုံးတစ်လုံးကိုလည်းတွေ့ရှိခဲ့ကြောင်းသိရသည်။ တံတာပျက်စီးမှုကြောင့် မော်ဟန် ဘူတာတွင် ၃၇ အဆန် ရထား ၊ ရပ်နားနေပြီး စက်တင်ဘာလ၇ ရက် ညနေ ၃နာရီ အချိန် ခန့် တွင် ရထား များပြန်လည် သွားလာ နိုင်မည် ဟု မော်ဟန် ဘူတာ ရုံပိုင်ကြီး မှပြောကြားခဲ့ပါသည်။
 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်