Saturday, September 08, 2012

ပိဋကသုံးပုံနှုတ်ငုံဆောင်ဆရာတော်၉ပါးတို့၏အထူးတရားပွဲကျင်းပမည်

Posted by drmyochit Saturday, September 08, 2012, under | No comments

From- Popular Myanmar News Journal

ရန်ကုန် စက်တင်ဘာ ၈ ရက် ပိဋကသုံးပုံနှုတ်ငုံဆောင်ထားသည့် “တိပိဋကဓရ တိပိဋက ကောဝိဒ တိပိဋ ကဓမ္မဘဏ္ဍာဂါရိက သုတဗုဒ္ဓ”ဆရာတော် ၉ပါးတို့၏ “သုတဗုဒ္ဓ”အထူးတရားပွဲကို စက်တင်ဘာ ၁၅ ရက်မှ ၂၃ ရက်အထိ ညစဉ် ၇း၃၀ တွင်ရန်ကုန်မြို့ ၊မရမ်းကုန်းမြို့နယ်၊တံတားလေးလမ်းဝ ရှိ ဇမ္ဗူသီရိဗိမာန်တော် ၌ကျင်း ပမည်ဖြစ်သည်။ တစ်ခါမှ မဆုံဆည်းဖူးသော ဆရာတော် ၉ပါးတို့၏ အထူးတရားပွဲဖြစ်ပြီး မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် “သုတဗုဒ္ဓဘုရားတစ်ဆူ”အဖြစ်မိန့်မှာတော်မူခဲ့သည့်အပြင်ဓမ္မက္ခန္ဓာပေါင်းရှစ်သောင်းလေးထောင် တို့နှလုံး အိမ်၌ကိန်းဝယ်စံပယ်သဖြင့် ဓမ္မစေတီလည်းထိုက်တော်မှုသော ဆရာတော်များက ဟောကြားမည်ဖြစ် သည်။၁၅ ရက်နေ့တွင် ယောဆရာတော်၊၁၆ ရက်နေ့တွင်ရေစကြိုဆရာတော်၊၁၇ ရက်နေ့ တွင် မော်ကျွန်း ဆရာတော်၊၁၈ ရက်နေ့တွင်မြင်းမှုဆရာတော်၊၁၉ ရက်နေ့တွင်မြင်းခြံဆရာတော် ၊၂၁ ရက်နေ့တွင် ရမ္မာဝတီဆရာတော်၊ ၂၂ ရက်နေ့တွင်စစ်ကိုင်းဆရာတော်၊၂၃ ရက်နေ့တွင် စွန်းလွန်းဆရာတော်တို့က ရဟန်း ၊ရှင်လူ၊ဓမ္မမိတ်ဆွေများကို ဓမ္မအသိဥာဏ်ရရှိစေရန် တရားရေအေးတိုက်ကျွေးမည်ဖြစ်သည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်