Saturday, September 08, 2012

ဘန်ကောက်တွင် စိတ်ကြွဆေးပြား ၃ သန်းကျော် ဖမ်းဆီး

Posted by drmyochit Saturday, September 08, 2012, under | No comments


 
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသက် ၂၂ နှစ်အရွယ် လူငယ် တစ်ဦးအား စိတ်ကြွဆေးပြားသုံးသန်း သုံးသိန်းနှင့် အတူရဲကဖမ်းဆီးလိုက်သည်ဟုအေပီသတင်းတစ်ပုဒ်တွင် ဖေါ်ပြထားသည်။ဘန်ကောက်မြို့ အနောက်ဘက် အစွန်းအဖျား နေအိမ်တလုံးအား ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေစဉ် အဆိုပါ ဆေးပြားများကို လူငယ် တစ်ဦးနှင့်အတူ စက်တင်ဘာ ၅ရက် နေ့ကဖမ်းဆီ ရမိခြင်း ဖြစ်သည်။ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံမှ ထုတ်လုပ်သော စိတ်ကြွဆေးပြားများ ၀င်ရောက် လမ်းကြောင်းနှင့်အရှေ့တောင် အာရှ၏ ဈေးကွက် တစ်ခု ဖြစ်နေသည်ဟု ဆိုသည်။ယခုနှစ်အတွင်း စိတ်ကြွဆေးပြား အမျိုးမျိုး ၄ သန်းခန့် ထိုင်းနိုင်ငံ အတွင်း တင်သွင်းလာခြင်းကို ထိုင်းရဲအဖွဲ့က တားဆီး နိုင်ခဲ့ပြီး  ယခု ဖမ်းဆီးရရှိမူသည် အရေအတွက်  အားဖြင့် ဒုတိယ အကြိမ် အများဆုံးဖြစ်သည်ဟု ပြောသည်။အဖမ်းခံရသူ Sophon Sawaengsuk က ၎င်းမှာ အဆိုပါ အိမ်အား စောင့်ရှောက်သူ ဟု ပြောဆိုသော်လည်း သူ့မှာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်း ခရိုင်မှ မူးယစ်ဂိုဏ်းအဖွဲ့ဝင်တစ်ဦးဖြစ်နိုင်သည်ဟုရဲအရာရှိကပြောသည်။

နိရဉ္စရာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်