Saturday, September 08, 2012

ယနေ့ ကျမ်းသစ္စာကျိန်ဆိုမှုနှင့် မြန်မာ့နိုင်ငံရေးသမိုင်းအတွက် ထူးခြားမှုများ

Posted by drmyochit Saturday, September 08, 2012, under | No comments

DSC02322 copy











ရသေ့တောင်မြို့နယ်တွင် အိမ်ခြေ (၅) ဆောင်ခန့်ရှိသော ဆိတ်ကြီးနားကျေးရွာအား ဘင်္ဂလီများက စက်တင်ဘာ (၅) ရက် ညနေ (၈) နာရီခန့်တွင် မီးလာတိုက်သွားကြောင်း သတင်းရရှိသည်။
" ဆိပ်ကြီးရွာကို မီးလာတိုက်တော့ ကျနော်တို့ ဦးဂါရွာက ရွာသားတွေ လိုက်သွားတယ်။ မီးတိုက်တဲ့ လူတွေကိုတော့ ဘယ် သူလဲဆိုတာ မသိလိုက်ဘူး။ ထွက်ပြေးသွားတယ်။ ကိုဌေးဖြူ အိမ်တစ်ဆောင်တော့ မီးလောင်သွားတယ်။ " ဟု ဦးဂါ ရွာမှ ရွားတစ်ဦးက ပြောသည်။
ဆိပ်ကြီးကျေးရွာမှာ ဦးဂါကျေးရွာနှင့် ဂူတောင်ကျေးရွာကြားတွင် တည်ရှိပြီး အနောက်ပြင် ကုလားရွာနဲ့လည်း နီးစပ် ကြောင်း သိရသည်။
ဇွန်လ အရေးအခင်းအဖြစ် မီကာလာက ဆိပ်ကြီးနားကျေးရွာသားများမှာ မိမိတို့ကျေးရွာတွင် နေထိုင်ကြသော် ဂူတောင် ကျေးရွာသားများ အသတ်ခံရပြီးနောက်ပိုင်း ရွာသားများမှာ နေ့ဘက်တွင် နေထိုင်ကာ မိမိတို့ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ပြီး ညဘက်တွင် မအိပ်ဝံ့ သဖြင့် နီးစပ်ရာကျေးရွာများတွင် သွားအိပ်နေကြကြောင်း သိရသည်။
ဇူလိုင်လ (၁၉) ရက်နေ့ကလည်း အနောက်ပြင်မှ ဘင်္ဂလီများသည် ဂူတောင်ကျေးရွာ အောက်ရွာတွင်ရှိသော အိမ်ခြေ (၆) ဆောင်ခန့်အား မီးလာတိုက်ရာ ဂူတောင်ရွာသားများက အနောက်ပြင်ရွာသို့ လိုက်သွားရာ ရခိုင်တိုင်းရင်းသား (၁၀)ဦး အသတ်ခံခဲ့ရခြင်း ဖြစ်သည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်