Saturday, September 08, 2012

စက်တင်ဘာ ၁၄ ရက်နေ့မှ စတင်ကာ MPU စနစ်သုံး Chip ကတ်များ လူထုအကြား စတင် သုံးစွဲနိုင်မည်

Posted by drmyochit Saturday, September 08, 2012, under | 1 comment


Photo: စက်တင်ဘာ ၁၄ ရက်နေ့မှ စတင်ကာ MPU စနစ်သုံး Chip ကတ်များ လူထုအကြား စတင် သုံးစွဲနိုင်မည်

စက်တင်လာလ ၇ ၊ ၂၀၁၂

Myanmar Payment Union (MPU) စနစ်မှာ အသုံးပြုမယ့် Chip ကတ် တွေကို ယခုလ ၁၄ ရက်နေ့ မှ စတင်ကာ အများပြည်သူများ စတင် အသုံးပြု နိုင်တော့မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒါ့ကြောင့် Myanmar Payment Union ဌာန ဖွင့်ပွဲ အခမ်းအနား ကိုလည်း ယခုလ ၁၄ ရက်နေ့၊ နံနက် ၇ နာရီ အချိန်မှာ မြန်မာနိုင်ငံ ဗဟိုဘဏ်ဝင်း အတွင်းရှိ MPU ဌာနရုံးမှာ  ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ 

အခုလက်ရှိ မှာတော့ အဆိုပါ MPU စနစ်နဲ့ အသုံးပြု နိုင်မယ့် Chip ကတ် တွေကို သက်ဆိုင်ရာ ဘဏ်တွေ အချင်းချင်း စမ်းသပ် အသုံးပြု နေတာ ဖြစ်ပါတယ်။ အခုလို MPU စနစ်မှာ အသုံးပြုမယ့် Chip ကတ်တွေဟာ လက်ရှိလူထု အကြားမှာ အသုံးပြုနေတဲ့ ATM ကတ်တွေ ထက်ပိုမိုပြီး လုံခြုံစိတ်ချ ရတယ်လို့ သိရပါတယ်။ ဒါပေမယ့် ယခုလ အသုံးပြုမယ့် MPU စနစ်နဲ့ Chip ကတ်တွေဟာ ဘဏ်အသီးသီးက ချပေးထားတဲ့ ATM စက်တိုင်းမှာ ငွေသား ထုတ်ယူ နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် MUP စနစ်မှာ အသုံးပြုတဲ့ Chip ကဒ်ဟာ ဘဏ်အလိုက် ကဒ်တွေ ခွဲခြား အသုံးပြုဖို့ မလိုတော့ဘဲ  ကဒ်တစ်ကတ် ထဲနဲ့ ဘဏ်အသီးသီးရဲ့ ATM စက်တွေတိုင်းမှာ ငွေသား ထုတ်ယူ နိုင်တာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

MRTV-4 သတင်း

1 comments:

နောက်တောင်ကျနေပြီဗျ။

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်