Saturday, September 08, 2012

တူရကီနိုင်ငံတွင် လှေနစ်မြုပ်၊ ရွှေ့ပြောင်းအလုပ်သမား ၆၀ ခန့်  သေဆုံး

Posted by drmyochit Saturday, September 08, 2012, under | No comments


 
တူရကီနိုင်ငံ အေနာက်ပိုင်း အေဂျီယမ်(Aegean) ပင်လယ်ကမ်းခြေအနီးမှာ လှေ ၁ စီး မေန့က နစ်မြုပ်ခဲ့တဲ့အတွက် ရွှေ့ပြောင်းအလုပ်သမား အနည်းဆုံး၆၀ လောက် သေဆုံးခဲ့တယ်လို့ ကမ်းခြေ အရာရှိတွေက ပြောပါတယ်။မန်ဒဲရိုစ် (Menderes) ကမ်းခြေ ခရိုင်အုပ်ချုပ်ရေးမှူး တာဆင် ကဒ် ဘေအိုလာ (Tahsin Kurtbeyoglu) က “သေဆုံးတဲ့ အေရအတွက်က ၆၀ လောက်ရှိသွားပြီ။ အမျိုးသား ၁၁ ဦး၊  အမျိုးသမီး ၁၈ ဦး ဖြစ်ပြီးတော့ လူငယ် ယောကျာ်းလေး ၁၁ ဦး၊ မိန်းကေလး ၁၇ ဦးနဲ့ ကေလး ၃ ဦး သေဆုံးတယ်” လို့ ပြောပါတယ်။လှေဟာ ကေလးနဲ့ အမျိုးသမီး အများစု အပါအဝင် လူ ၁၀ဝ လောက် သယ်ဆောင်လာတယ်လို့လည်း ဆိုပါတယ်။ လှေပ်ါမှာ ပါလာတဲ့ သူအများစုက ပါကစ္စတန် နိုင်ငံ သားတွေ ဖြစ်သလို ဆီးရီးယားနဲ့ အီရတ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ရွှေ့ပြောင်းအလုပ်သမားတွေကို သယ်ဆောင်လာတဲ့ တူရကီ လှေမာင်းသမားနဲ့  သူရဲ့အကူတွေကိုလည်း ကယ်တင်ဖမ်းဆီးထားနိုင်တယ်လို့ ဆိုပါတယ်။ ကလေးနဲ့ မိန်းမတွေကို လှေ ရဲ့ အောက်အခန်းထဲမှာ ပိတ်ထားတဲ့အတွက် လူအသေအပျောက် မြင့်မားတာ လို့လည်း ပြောပါတယ်။

လူကုန်ကူးသူတွေက ဥရောပမှာ ခိုလှုံခွင့်ရှာဖွေဖို့ အာမခံချက်နဲ့ ခေါ်ဆောင်လာတယ်လို့ ဆိုပါတယ်။ပထ မ စုံစမ်း ချက်တွေအရ လူတွေပြည့်ညပ်နေတဲ့ လှေငယ်ဟာ  အရုဏ်ဦးမှာ နစ်မြုပ်ခဲ့ပြီးတော့ဒီလှေဟာ ဘယ်ကို သွားရောက်မယ့် ဆိုတာကိုတော့ မသိရဘူးလို့ ပြောပါတယ်။
ဂရိနဲ့ နီးတဲ့ တူရကီ အေနာက်ဘက် ကမ်းခြေ အာမစ်ဘေလီ (Ahmetbeyli) မြို့ ကနေ ထွက်ခွာလာတာလို့လည်း ဆိုပါတယ်။ခိုလှုံခွင့် ရှာဖွေသူတွေအတွက် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေထဲကို သွားရောက်ဖို့အတွက်ဂရိဟာ ဝင်ပေါက်တခု ဖြစ်ပြီး နှစ်စဉ် ထောင်နဲ့ ချီတဲ့သူတွေက တူရကီကို ဖြတ်ပြီးတော့ ဂရိကို သွားရောက်လေ့ရှိပါတယ်။


DVB (မြန်မာပိုင်း)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်