Monday, September 17, 2012

အမေရိကန် တပ်သား အယောင်ဆောင် ပြီး တိုက်ခိုက်မှု ကြောင့် ဗြိတိသျှ စစ်သား လေးဦး နှင့် မရိန်း နှစ်ဦး သေဆုံး

Posted by drmyochit Monday, September 17, 2012, under | No comments



၊အာဖန်ဂန်နိုင်ငံ၊ ဟဲမန့်ပြည်နယ် Nahr-eSaraj ခရိုင်အတွင်းရှိ စစ်ဆေးရေးဂိတ်တွင်ရဲတပ်ဖွဲ့ ၀တ်စုံ ၀တ်ဆင် ထားသည့် တာလီဘန် အကြမ်းဖက် သူတို့၏ တိုက်ခိုက် မှုကြောင့်အမှတ်(၃)ရှော့ရှိုင်းယား ဗြိတိသျှ
တပ်ဖွဲ့ဝင် နှစ် ဦး နှင့် အမေရိကန် စစ်သား လေးသေဆုံးခဲ့ကြောင်း  Fox News ရုပ်သံမှကြေညာခဲ့သည်။
 လေ့ ကျင့် မှု လည်း အပြည့် ရှိ ပုံ ရပြီး ကြိုတင် ပြင်ဆင်ထား သည့် စစ်သွေးကြွများ သည် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဗြိတိသျှတပ်ဖွဲ့၂ဦးကျဆုံးသွား
သည်မှာမှန်ကန်ကြောင်း အမှတ်(၃)ရော့ရှိုင်းယားတပ်မှဗိုလ်မှူး  Laurence Roche ကမီဒီယာသို့ ပြောကြား ခဲ့သည်။

၂၀၀၁ ခုနှစ်မှစတင်ပြီး အာဖဂန်စစ်မြေပြင်တွင် တာဝန်ထမ်းဆောင်ခဲ့သော ဗြိတိသျှ သားကျဆုံးမှုမှာ ၄၃၀ယောက် ရှိခဲ့ပြီး အာဖဂန်စစ် မြေ  ပြင်တွင် ဘလက်ဟော့ တိုက်ခိုက်ရေး ရဟတ်ယာဉ်မှုး အဖြစ် တာဝန် ထမ်းဆောင် နေသော ဗြိတိသျှတော် ဝင်မင်းသားအား  ဟယ်ရီ အား  သတ်ဖြတ်မည်ဟု ပြီးခဲ့တပါတ်က မီဒီယာသို့ တာလီဖန်အကြမ်းဖက်အဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူက တယ်လီဖုန်း ဆက်သွယ် ခြိမ်းခြောက် စကား ပြောကြားခဲ့သည်။

ဗြိတိသျှ အိမ်ရှေ့ စံ လောင်းသည်  ပြစ်ခတ် မှု နှင့် ကိုက် ၁၀၀ ခန့် အကွာ တွင် ရှိ သည် ဟု 
ISAF တပ်မှုးတစ်ဦး ဖြစ်သူ ဗိုလ်မှုး Martin Crighton က CNN ကို ပြောသည်။ တာလီဘန်  နှင့် အခြား စစ်သွေးကြွ များ ၏  နေတိုး နှင့် အမေရိကန် စစ်သား  အယောင် ဆောင် ပြီး တတိယ အကြိမ်မြောက်  တိုက်ခိုက်မှုဖြစ်သည်။

အမေရိကန်  ကြည်းတပ် ၀တ်စုံ ၀တ်ဆင် ဝတ်ဆင်ထား သည့် အကြမ်းဖက် သမား ၁၅ ဦးမှာ သုံးစုခွဲ ပြီး တိုက် ခိုက် မှု ကြောင့် အမေရိကန် မရိန်း တပ်သား နှစ်ဦး သေဆုံး ကာ ကိုး ဦး ဒဏ်ရာ ရရှိ ပြီးအကြမ်းဖက် သမား ၁၄ ဦး ကို ပြစ်သတ် နိုင်ခဲ့ ကာ တစ်ဦး ကို အရှင် ဖမ်းမိသည်။

၂၄ နာရီ အတွင်း ဒုတိယ အကြိမ်မြောက် တိုက် ခိုက် မှု တွင် ပထမအကြိမ် ဉ် နေတိုး စစ်ရဲ ယူနီဖောင်းများ ၀တ် ဆင်ထား  ကာ တပ် စခန်း တွင်း သို့  ၀င်ရောက် လာ ခဲ့ ပြီး ဒေါ်လာ သန်း ၁၈၀ ခန့်  တန် သည့်
AV-8B Harrier ဂျက် တိုက် လေယာဉ် ခြောက် စင်း ၊ စက်သုံးဆီ သို လှောင် သည့် ဂိုဒေါင် နှင့် စစ်သုံးဂျစ်ကား များ ကို ဖျက် ဆီး ခဲ့ ကြသည်။

စစ်သွေးကြွများ သည် မောင်းပြန် ရိုင်ဖယ် ၊ ပစ္စတို ၊ လက်ပစ် ဗုံး နှင့် လောင်ချာများ ကို  ကိုင်ဆောင် ထားကြ သည်။

မြို့ တော် ကဘူးလ် ၏ အရှေ့  ပိုင်း ရှိ လာဂ်မန်း ခရိုင် တွင် ပြု လုပ် သည့် တနင်္ဂနွေ နေ့  မနက် အစော ပိုင်းနေ တိုး စစ်ဆင်ရေး တစ်ခု တွင် အပြစ်မဲ့အာဖဂန် အမျိုး သမီး ရှစ် ဦး သေဆုံး ခဲ့ သည်။

တာလီဘန် အဖွဲ့  က ထိုတိုက် ခိုက် မှု များ သည် သူ တို့  ၏ လက်ချက် ဟု ပြောသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်