မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နယ်စပ်မြို့ ကော့စ်ဘဇားခရိုင် တက်ကနက်မြို့နယ် အတွင်းမှ မလေးရှားသို့ တရားမ၀င် ထွက်ခွာရန် ကြိုးစား ခဲ့သူ မြန်မာ-ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား၂၅ဦးကို ဘီဂျီဘီအမှတ်(၂၄) တပ်ဖွဲ့မှ ယမန်နေ့က ဖမ်းဆီးလိုက်သည်။
တက်ကနက်မြို့နယ်ရှိ ဂျာလီယာရွာပွိုင့် ရှာပူရီကျွန်းမှ စက်တင်ဘာ ၁၆ရက်နေ့ မနက်အာရုဏ် ၃နာရီ အချိန်တွင် ငါးဖမ်းဘုတ်တ စီးဖြင့်ထွက်ခွားနေစဉ် ကင်းလှည့်နေသော ဘင်္ဂလားဒေ့ခ်ျ နယ်ခြားစောင့်တပ် ဘီဂျီဘီအမှတ် (၄၂)တပ်ဖွဲ့ လျှို့ဝှက်သတင်းအရ လိုက်လံဖမ်းဆီးခြင်း ဖြစ်သည်။ ဖမ်းဆီးခံထားသူများမှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ ၁၇ဦးနှင့် မြန်မာနိုင်ငံသား ၈ဦးဖြစ်သည်ဟုဆိုသည်။ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၁၇ဦးကို တက်ကနက် ရဲဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံသားများကို ၄င်းတို့နိုင်ငံသို့ ပြန်လည်ပို့ဆောင် လိုက်ပြီးဖြစ်သည်ဟု ဘီဂျီဘီပြောဆိုချက်အရ သိရသည်။ လူကုန်ကူမှုဖြင့် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသား ၇ဦးကို တက်ကနက် ရဲဌာန၌ အမှုဖွင့်ထားသည်ဟု သိရသည်။
Time in Rangoon



0 comments:
Post a Comment